လီဗာပူးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ အဓိက စပွန်ဆာ တစ်ခုအဖြစ် Nike နဲ့ လက်တွဲမှာဖြစ်ပြီး လောလောဆယ် အော်ဒါတင်မှုတွေ လက်ခံမှု စတင်ထားဆဲဖြစ်ပေမယ့် ပရိုမိုးရှင်းမှုတွေ စတင်နေပြီဖြစ်တယ်။

လီဗာပူးဘက်က တရုတ်ကိုသွားပြီး ဂျာစီမိတ်ဆက်မှုတွေ လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုဗစ်ကြောင့် အဆိုပါ အစီအစဉ်ကို ဖျက်သိမ်းထားရတယ်။ ဒါပေမယ့် Nike က သဘောတူထားတဲ့ နောက်ထပ် ပလန်တွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

လီဗာပူးနဲ့ New Balance တို့ကြား ဂျာစီ စပွန်ဆာမှာတော့ ကလပ်က တစ်နှစ်ကို ပေါင် ၄၅ သန်း ရရှိခဲ့တာပါ။ Nike ကတော့ လီဗာပူးကို အသာတင် ကြေးအဖြစ် တစ်နှစ်ကို ပေါင် သန်း ၃၀ ပေးမှာဖြစ်ပါတယ်။ အဓိက အားသာချက်ပေးထားတာက တရားဝင်ဝဘ်ဆိုဒ်တွေကဖြစ်စေ အရောင်းဌာနတွေကဖြစ်စေ ဂျာစီ ရောင်းချမှုမှ အသာတင် အမြတ်ရဲ့ ၂၀% ကို လီဗာပူးကို ပေးမှာဖြစ်ပါတယ်။

ဒီအချက်က လူသိများတဲ့ အချက်ဖြစ်ပေမယ့် Nike ဘက်က လုပ်ပေးမယ့် နောက်ထပ် အချက်ကတော့ လီဗာပူးဂျာစီကို ကမ္ဘာကျော် ဘက်စကတ်ဘောသမား LeBron James ၊ ကမ္ဘာကျော် တင်းနစ်မယ် Serena Williams နဲ့ အမေရိကန် ရပ်ပါ ပရိုဂျူဆာဖြစ်သူ Drake တို့ဟာ ဂျာစီသစ်ကို ဝတ်ပြီး ပရိုမိုးရှင်း ဆင်းပေးမှာဖြစ်တယ်။

လောလောဆယ် LeBron James ကြီးကတော့ ဂျာစီဝတ်ပြီး လမ်းသလားပြမှုတွေ စတင်နေပြီဖြစ်ကာ မကြာခင်မှာ Drake နဲ့ Serena Williams တို့ပါ ပါဝင်လာပါမယ်။ ကမ္ဘာကြီးကို လီဗာပူးအမှတ်တံဆိပ် ပိုပျံ့နှံ့လိုတဲ့ အသင်းတာဝန်ရှိသူတွေက မတူညီတဲ့ နယ်ပယ်အသီးသီးက ကျော်ကြားသူတွေကို အသုံးချခြင်းဟာ ဂျာစီရောင်းအားကော ဂလိုဘယ်အဆင့်မှာ လီဗာပူးကို မြင့်တင်ဖို့အတွက်ပါ အကျိုးဖြစ်မယ်လို့ ယုံကြည်ထားတယ်။

ZAWGYI

လီဗာပူးဟာ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီမွာ အဓိက စပြန္ဆာ တစ္ခုအျဖစ္ Nike နဲ႔ လက္တြဲမွာျဖစ္ျပီး ေလာေလာဆယ္ ေအာ္ဒါတင္မႈေတြ လက္ခံမႈ စတင္ထားဆဲျဖစ္ေပမယ့္ ပရိုမိုးရွင္းမႈေတြ စတင္ေနျပီျဖစ္တယ္။

လီဗာပူးဘက္က တရုတ္ကိုသြားျပီး ဂ်ာစီမိတ္ဆက္မႈေတြ လုပ္ဖို႔ စီစဥ္ခဲ့ေပမယ့္ ကိုဗစ္ေၾကာင့္ အဆိုပါ အစီအစဥ္ကို ဖ်က္သိမ္းထားရတယ္။ ဒါေပမယ့္ Nike က သေဘာတူထားတဲ့ ေနာက္ထပ္ ပလန္ေတြကို ဆက္လက္ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

လီဗာပူးနဲ႔ New Balance တို႔ၾကား ဂ်ာစီ စပြန္ဆာမွာေတာ့ ကလပ္က တစ္ႏွစ္ကို ေပါင္ ၄၅ သန္း ရရွိခဲ့တာပါ။ Nike ကေတာ့ လီဗာပူးကို အသာတင္ ေၾကးအျဖစ္ တစ္ႏွစ္ကို ေပါင္ သန္း ၃၀ ေပးမွာျဖစ္ပါတယ္။ အဓိက အားသာခ်က္ေပးထားတာက တရားဝင္ဝဘ္ဆိုဒ္ေတြကျဖစ္ေစ အေရာင္းဌာနေတြကျဖစ္ေစ ဂ်ာစီ ေရာင္းခ်မႈမွ အသာတင္ အျမတ္ရဲ႕ ၂၀% ကို လီဗာပူးကို ေပးမွာျဖစ္ပါတယ္။

ဒီအခ်က္က လူသိမ်ားတဲ့ အခ်က္ျဖစ္ေပမယ့္ Nike ဘက္က လုပ္ေပးမယ့္ ေနာက္ထပ္ အခ်က္ကေတာ့ လီဗာပူးဂ်ာစီကို ကမၻာေက်ာ္ ဘက္စကတ္ေဘာသမား LeBron James ၊ ကမၻာေက်ာ္ တင္းနစ္မယ္ Serena Williams နဲ႔ အေမရိကန္ ရပ္ပါ ပရိုဂ်ဴဆာျဖစ္သူ Drake တို႔ဟာ ဂ်ာစီသစ္ကို ဝတ္ျပီး ပရိုမိုးရွင္း ဆင္းေပးမွာျဖစ္တယ္။

ေလာေလာဆယ္ LeBron James ၾကီးကေတာ့ ဂ်ာစီဝတ္ျပီး လမ္းသလားျပမႈေတြ စတင္ေနျပီျဖစ္ကာ မၾကာခင္မွာ Drake နဲ႔ Serena Williams တို႔ပါ ပါဝင္လာပါမယ္။ ကမၻာၾကီးကို လီဗာပူးအမွတ္တံဆိပ္ ပိုပ်ံ႔ႏွံ႔လိုတဲ့ အသင္းတာဝန္ရွိသူေတြက မတူညီတဲ့ နယ္ပယ္အသီးသီးက ေက်ာ္ၾကားသူေတြကို အသံုးခ်ျခင္းဟာ ဂ်ာစီေရာင္းအားေကာ ဂလိုဘယ္အဆင့္မွာ လီဗာပူးကို ျမင့္တင္ဖို႔အတြက္ပါ အက်ိဳးျဖစ္မယ္လို႔ ယံုၾကည္ထားတယ္။