၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ လူစာရင်း ၅ ဦးထိ လဲခွင့်ကို ပရီးမီးယားလိဂ်ကလပ်တွေ ငြင်းဆန်တာကြောင့် ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ကိုဗစ်ကပ်ဘေးအတွင်း ဘောလုံးပွဲ ပြန်စရမှာ အထူး လိုက်လျောမှုအဖြစ် လူစားလဲမှု ၅ ခုလုပ်ခွင့်ပေးပြီး ပွဲနေ့ လူစာရင်းကိုလည်း ၁၈ ဦးအစား ၂၀ ဦးထိ တိုးမြင့် ခွင့်ပြုခဲ့တာပါ။ ဒါ့အပြင် ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ရေသောက်ချိန်တွေကိုလည်း ခွင့်ပြုထားခဲ့ပါတယ်။

ရာသီသစ်မှာလည်း အဆိုပါ စည်းကမ်းကို ဆက်ထားမထားကို ကလပ်တွေ ဆုံးဖြတ်မှု ခံယူခဲ့ကြတယ်။ ပရီးမီးယားလိဂ် စည်းမျဉ်းအရ ဆုံးဖြတ်ချက်အတွက် သဘောတူညီမှုရဖို့ မဲ ၁၄ မှတ် လိုခဲ့တာဖြစ်ပေမယ့် ကလပ်အသင်း ၂၀ ထဲက ၁၁ သင်းက ငြင်းဆန်ခဲ့ခြင်းဖြစ်တယ်။ မဲစာရင်း အတည်ပြုမှုမှာတော့ ၁၀ သင်းက သဘောတူပြီး ၁၀ သင်းက သဘောမတူခဲ့ကြဘူး။

ဒီမဲပေးမှုကို ပရီးမီးယားလိဂ် တန်းတက်ကလပ်တွေဖြစ်တဲ့ လိဒ်၊ ဝက်ဘရွန်းနဲ့ ဖူလ်ဟမ်တို့ကလည်း ဝင်ရောက်မဲပေးခွင့်ရခဲ့ပြီး သုံးသင်းလုံးက သဘောမတူတဲ့ဘက်ကို မဲပေးခဲ့ကြပါတယ်။ သဘောတူတဲ့ ကလပ်တွေက အသင်းကြီးတွေဖြစ်ပြီး အသင်းငယ်တွေကတော့ ဒါဟာ လူစာရင်းပိုတောင့်တင်းတဲ့ အသင်းကြီးတွေအတွက် အားသာချက်ဖြစ်မယ်ဆိုပြီး ငြင်းဆန်ခဲ့ခြင်းဖြစ်တယ်။

လီဗာပူး အပါအဝင် ပရီးမီးယားလိဂ် ကြီး ၆ ကြီးနဲ့ လက်စတာ၊ ဝုဗ်တို့က ထောက်ခံတဲ့ ဘက်ကဖြစ်ပေမယ့် လိုအပ်တဲ့ မဲ ၁၄ မဲထိရအောင် မကြိုးစားနိုင်တာကြောင့် ပယ်ဖျက်ခံရခြင်းဖြစ်တယ်။ ဒါကြောင့် ပွဲနေ့ လူစာရင်းကို ၂၀ ဦးအစား ၁၈ ဦးကို ပြန်လျော့ချမှာဖြစ်ပြီး လူစားလဲမှု ၅ ခုအစား ၃ ခုပဲ ပြန်လုပ်ခွင့်ရှိပါမယ်။

ZAWGYI

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီမွာ လူစာရင္း ၅ ဦးထိ လဲခြင့္ကို ပရီးမီးယားလိဂ္ကလပ္ေတြ ျငင္းဆန္တာေၾကာင့္ ပယ္ဖ်က္လိုက္ျပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဟာ ကိုဗစ္ကပ္ေဘးအတြင္း ေဘာလံုးပြဲ ျပန္စရမွာ အထူး လိုက္ေလ်ာမႈအျဖစ္ လူစားလဲမႈ ၅ ခုလုပ္ခြင့္ေပးျပီး ပြဲေန႔ လူစာရင္းကိုလည္း ၁၈ ဦးအစား ၂၀ ဦးထိ တိုးျမင့္ ခြင့္ျပဳခဲ့တာပါ။ ဒါ့အျပင္ ပထမပိုင္းနဲ႔ ဒုတိယပိုင္းေတြမွာ ေရေသာက္ခ်ိန္ေတြကိုလည္း ခြင့္ျပဳထားခဲ့ပါတယ္။

ရာသီသစ္မွာလည္း အဆိုပါ စည္းကမ္းကို ဆက္ထားမထားကို ကလပ္ေတြ ဆံုးျဖတ္မႈ ခံယူခဲ့ၾကတယ္။ ပရီးမီးယားလိဂ္ စည္းမ်ဥ္းအရ ဆံုးျဖတ္ခ်က္အတြက္ သေဘာတူညီမႈရဖို႔ မဲ ၁၄ မွတ္ လိုခဲ့တာျဖစ္ေပမယ့္ ကလပ္အသင္း ၂၀ ထဲက ၁၁ သင္းက ျငင္းဆန္ခဲ့ျခင္းျဖစ္တယ္။ မဲစာရင္း အတည္ျပဳမႈမွာေတာ့ ၁၀ သင္းက သေဘာတူျပီး ၁၀ သင္းက သေဘာမတူခဲ့ၾကဘူး။

ဒီမဲေပးမႈကို ပရီးမီးယားလိဂ္ တန္းတက္ကလပ္ေတြျဖစ္တဲ့ လိဒ္၊ ဝက္ဘရြန္းနဲ႔ ဖူလ္ဟမ္တို႔ကလည္း ဝင္ေရာက္မဲေပးခြင့္ရခဲ့ျပီး သံုးသင္းလံုးက သေဘာမတူတဲ့ဘက္ကို မဲေပးခဲ့ၾကပါတယ္။ သေဘာတူတဲ့ ကလပ္ေတြက အသင္းၾကီးေတြျဖစ္ျပီး အသင္းငယ္ေတြကေတာ့ ဒါဟာ လူစာရင္းပိုေတာင့္တင္းတဲ့ အသင္းၾကီးေတြအတြက္ အားသာခ်က္ျဖစ္မယ္ဆိုျပီး ျငင္းဆန္ခဲ့ျခင္းျဖစ္တယ္။

လီဗာပူး အပါအဝင္ ပရီးမီးယားလိဂ္ ၾကီး ၆ ၾကီးနဲ႔ လက္စတာ၊ ဝုဗ္တို႔က ေထာက္ခံတဲ့ ဘက္ကျဖစ္ေပမယ့္ လိုအပ္တဲ့ မဲ ၁၄ မဲထိရေအာင္ မၾကိဳးစားႏုိင္တာေၾကာင့္ ပယ္ဖ်က္ခံရျခင္းျဖစ္တယ္။ ဒါေၾကာင့္ ပြဲေန႔ လူစာရင္းကို ၂၀ ဦးအစား ၁၈ ဦးကို ျပန္ေလ်ာ့ခ်မွာျဖစ္ျပီး လူစားလဲမႈ ၅ ခုအစား ၃ ခုပဲ ျပန္လုပ္ခြင့္ရွိပါမယ္။