လီဗာပူးအသင်းဟာ နော်ဝစ်အသင်းမှ ဘယ်အစွန်လူ ဂျမယ် လူဝစ်ကို ပေါင် ၁၀ သန်း တန်ကြေးရှိ ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရတယ်လို့ The Times မှ သတင်းထောက် Paul Joyce က အတည်ပြုပါတယ်။

အရမ်းဆိုးတဲ့ အခြေအနေ မဟုတ်ဘဲ နော်ဝစ်ဘက်က ပိုကောင်းတဲ့ ကမ်းလှမ်းမှုမျိုးကို မျှော်လင့်နေခြင်းဖြစ်တယ်။ ကစားသမားကိုယ်တိုင်က လီဗာပူးကို ပြောင်းလာလိုနေတာကြောင့် ပြောင်းရွှေ့ကြေး ထပ်တိုးပေးရင် ညိနှိုင်းမှု ပြန်စနိုင်ပေမယ့် နော်ဝစ်ဘက်က နှစ်ဆထိ ဈေးတောင်နေပါတယ်။

ဘယ်အစွန်မှာ နောက်ထပ် အရန်ပစ်မှတ်တွေ ရှိပေမယ့် လီဗာပူးဘက်က လူးဝစ်ကိုပဲ နောက်တစ်ကြိမ် ထပ်မံ ကမ်းလှမ်းသွားဖို့ ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် ဝတ်ဖိုဒ့်မှ ဆာကို ခေါ်ယူဖို့ကိုလည်း စတင်ကာ ခြေရာခံပြီဖြစ်ပါတယ်။ လက်တလေမှာ လူးဝစ်နဲ့ ဆာကပဲ လီဗာပူးရဲ့ တရားဝင် ပစ်မှတ်တွေ ဖြစ်လာပါတယ်။

လီဗာပူးဘက်က လက်ရှိ လူစာရင်းဟာ လုံလောက်မှုရှိတာကြောင့် ကစားသမား ခေါ်ယူမှုကော၊ ရောင်းထုတ်မှုကိုပါ အလျင်စလို လုပ်ဖို့ မလိုဘူးလို့ ယုံကြည်တယ်။ ကလပ်လူစာရင်းက လာမယ့် လေးနှစ်အထိ ဂရုတစိုက် အင်အားဖြည့်မှုတွေ လုပ်ရင်းနဲ့ပဲ ဈေးကွက်အတွင်း အောင်မြင်မှုရှာရမယ်လို့ အသင်းတာဝန်ရှိသူတွေ ယုံကြည်တယ်။

လီဗာပူးဘက်ကတော့ ကားရီးယက်၊ ဂရုဂျစ်၊ ရှာကွီရီ၊ ဝဲလ်ဆန်၊ အိုရီဂီ တို့ကို လီဗာပူးမှာ မရှိလည်းဖြစ်တဲ့ ကစားသမားတွေအဖြစ် ဆုံးဖြတ်လိုက်တယ်။ သူတို့ကို ရောင်းထုတ်ရာမှာ လိုဗရန်အတွက် ပေါင် ၁၁ သန်းရအောင် ညိနှိုင်းနိုင်မှုလိုပဲ မှန်ကန်တဲ့ ဈေးနှုန်းရမှ ရောင်းထုတ်ဖို့ကို အားကစားဒါရိုက်တာ အတ်ဝတ်က တာဝန်ယူသွားပါမယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေနာ္ဝစ္အသင္းမွ ဘယ္အစြန္လူ ဂ်မယ္ လူဝစ္ကို ေပါင္ ၁၀ သန္း တန္ေၾကးရွိ ကမ္းလွမ္းမႈ လုပ္ခဲ့ေပမယ့္ ျငင္းဆန္ခံခဲ့ရတယ္လို႔ The Times မွ သတင္းေထာက္ Paul Joyce က အတည္ျပဳပါတယ္။

အရမ္းဆိုးတဲ့ အေျခအေန မဟုတ္ဘဲ ေနာ္ဝစ္ဘက္က ပိုေကာင္းတဲ့ ကမ္းလွမ္းမႈမ်ိဳးကို ေမွ်ာ္လင့္ေနျခင္းျဖစ္တယ္။ ကစားသမားကိုယ္တုိင္က လီဗာပူးကို ေျပာင္းလာလိုေနတာေၾကာင့္ ေျပာင္းေရႊ႔ေၾကး ထပ္တိုးေပးရင္ ညိႏိႈင္းမႈ ျပန္စႏုိင္ေပမယ့္ ေနာ္ဝစ္ဘက္က ႏွစ္ဆထိ ေစ်းေတာင္ေနပါတယ္။

ဘယ္အစြန္မွာ ေနာက္ထပ္ အရန္ပစ္မွတ္ေတြ ရွိေပမယ့္ လီဗာပူးဘက္က လူးဝစ္ကိုပဲ ေနာက္တစ္ၾကိမ္ ထပ္မံ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ထားပါတယ္။ ဒါ့အျပင္ ဝတ္ဖိုဒ့္မွ ဆာကို ေခၚယူဖို႔ကိုလည္း စတင္ကာ ေျခရာခံျပီျဖစ္ပါတယ္။ လက္တေလမွာ လူးဝစ္နဲ႔ ဆာကပဲ လီဗာပူးရဲ႕ တရားဝင္ ပစ္မွတ္ေတြ ျဖစ္လာပါတယ္။

လီဗာပူးဘက္က လက္ရွိ လူစာရင္းဟာ လံုေလာက္မႈရွိတာေၾကာင့္ ကစားသမား ေခၚယူမႈေကာ၊ ေရာင္းထုတ္မႈကိုပါ အလ်င္စလို လုပ္ဖို႔ မလိုဘူးလို႔ ယံုၾကည္တယ္။ ကလပ္လူစာရင္းက လာမယ့္ ေလးႏွစ္အထိ ဂရုတစိုက္ အင္အားျဖည့္မႈေတြ လုပ္ရင္းနဲ႔ပဲ ေစ်းကြက္အတြင္း ေအာင္ျမင္မႈရွာရမယ္လို႔ အသင္းတာဝန္ရွိသူေတြ ယံုၾကည္တယ္။

လီဗာပူးဘက္ကေတာ့ ကားရီးယက္၊ ဂရုဂ်စ္၊ ရွာကီြရီ၊ ဝဲလ္ဆန္၊ အိုရီဂီ တို႔ကို လီဗာပူးမွာ မရွိလည္းျဖစ္တဲ့ ကစားသမားေတြအျဖစ္ ဆံုးျဖတ္လုိက္တယ္။ သူတို႔ကို ေရာင္းထုတ္ရာမွာ လိုဗရန္အတြက္ ေပါင္ ၁၁ သန္းရေအာင္ ညိႏိႈင္းႏုိင္မႈလိုပဲ မွန္ကန္တဲ့ ေစ်းႏႈန္းရမွ ေရာင္းထုတ္ဖို႔ကို အားကစားဒါရိုက္တာ အတ္ဝတ္က တာဝန္ယူသြားပါမယ္။