လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်းမှာ တောင်ပံနေရာတွေကို အရန်အဖြစ် အင်အားဖြည့်ဖို့ တန်းဆင်းသွားတဲ့ ဝတ်ဖိုဒ့်အသင်းမှ ဆာကို စတင် ခြေရာခံပြီဖြစ်ကြောင်း The Times က ဖော်ပြပါတယ်။

လီဗာပူးအသင်းဟာ အစောပိုင်းတည်းက ဝတ်ဖိုဒ့် တိုက်စစ်သမား ဆာရဲ့ ကိုယ်စားလှယ်ကို ကမ်းလှမ်းမှုလုပ်ထားတဲ့ ကလပ် သုံးသင်းထဲက တစ်သင်းဖြစ်တယ်။ အခြားနှစ်သင်းဖြစ်တဲ့ ဝုဗ်၊ ပဲလေစ့်တို့နဲ့အပြိုင် ကစားသမားကို ဘယ်လို အနေအထားနဲ့ ခေါ်ယူနိုင်မလဲ မေးမြန်းမှုကို ကမ်းလှမ်းထားတာဖြစ်ပြီး အခုချိန်မှာ ကမ်းလှမ်းမှု စဝင်ဖို့ လုပ်ငန်းစဉ်တွေ စတင် လုပ်ဆောင်လာခြင်း ဖြစ်ပါတယ်။

ဆီနီဂေါ တောင်ပံသမားဟာ မာနေးနဲ့ ဆက်ဆံရေးကောင်း ရှိတာကြောင့် သူ့ကို ခေါ်ယူဖို့ လီဗာပူးဘက်က ဆွဲဆောင်နိုင်မယ် မျှော်လင့်နေတာပါ။ ဝတ်ဖိုဒ့် ကိုယ်တိုင်ကလည်း တောင်ပံသမားကို ထိပ်တန်းအသင်းတွေ စိတ်ဝင်စားနေမှုကနေ တားဆီးဖို့ ခက်ခဲမယ်လို့ ယူဆရတယ်။

The Times က ဖော်ပြမှုမှာတော့ အသက် ၂၂ နှစ်အရွယ် တိုက်စစ်သမားကို ပရီးမီးယားလိဂ်ကို ခေါ်ယူစဉ် သုံးခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ဝန်းကျင် ရမယ်ဆိုရင် ဝတ်ဖိုဒ့်က လက်လွတ်ခံမယ်လို ဖြစ်တယ်။

မနှစ်ကရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၂၈ ပွဲ ကစားပြီး ဆာဟာ ကိုယ်တိုင် ၅ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၆ ကြိမ် လုပ်ပြနိုင်ခဲ့တယ်။ သူအကောင်းဆုံး ခြေစွမ်းပြခဲ့တာက ဖေဖော်ဝါရီလအတွင်း လီဗာပူးကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲပဲဖြစ်တယ်။ ဆာဟာ ပုံမှန်အားဖြင့် ညာတောင်ပံမှာ ကစားပြီး ဘယ်တောင်ပံနေရာမှာလည်း ကစားနိုင်စွမ်း ရှိသူ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ တိုက္စစ္ပိုင္းမွာ ေတာင္ပံေနရာေတြကို အရန္အျဖစ္ အင္အားျဖည့္ဖို႔ တန္းဆင္းသြားတဲ့ ဝတ္ဖိုဒ့္အသင္းမွ ဆာကို စတင္ ေျခရာခံျပီျဖစ္ေၾကာင္း The Times က ေဖာ္ျပပါတယ္။

လီဗာပူးအသင္းဟာ အေစာပိုင္းတည္းက ဝတ္ဖိုဒ့္ တိုက္စစ္သမား ဆာရဲ႕ ကိုယ္စားလွယ္ကို ကမ္းလွမ္းမႈလုပ္ထားတဲ့ ကလပ္ သံုးသင္းထဲက တစ္သင္းျဖစ္တယ္။ အျခားႏွစ္သင္းျဖစ္တဲ့ ဝုဗ္၊ ပဲေလစ့္တို႔နဲ႔အျပိဳင္ ကစားသမားကို ဘယ္လို အေနအထားနဲ႔ ေခၚယူႏုိင္မလဲ ေမးျမန္းမႈကို ကမ္းလွမ္းထားတာျဖစ္ျပီး အခုခ်ိန္မွာ ကမ္းလွမ္းမႈ စဝင္ဖို႔ လုပ္ငန္းစဥ္ေတြ စတင္ လုပ္ေဆာင္လာျခင္း ျဖစ္ပါတယ္။

ဆီနီေဂါ ေတာင္ပံသမားဟာ မာေနးနဲ႔ ဆက္ဆံေရးေကာင္း ရွိတာေၾကာင့္ သူ႔ကို ေခၚယူဖို႔ လီဗာပူးဘက္က ဆြဲေဆာင္ႏုိင္မယ္ ေမွ်ာ္လင့္ေနတာပါ။ ဝတ္ဖိုဒ့္ ကိုယ္တိုင္ကလည္း ေတာင္ပံသမားကို ထိပ္တန္းအသင္းေတြ စိတ္ဝင္စားေနမႈကေန တားဆီးဖို႔ ခက္ခဲမယ္လို႔ ယူဆရတယ္။

The Times က ေဖာ္ျပမႈမွာေတာ့ အသက္ ၂၂ ႏွစ္အရြယ္ တိုက္စစ္သမားကို ပရီးမီးယားလိဂ္ကို ေခၚယူစဥ္ သံုးခဲ့ရတဲ့ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၃၀ ဝန္းက်င္ ရမယ္ဆိုရင္ ဝတ္ဖိုဒ့္က လက္လြတ္ခံမယ္လို ျဖစ္တယ္။

မႏွစ္ကရာသီမွာ ပရီးမီးယားလိဂ္ပြဲ ၂၈ ပြဲ ကစားျပီး ဆာဟာ ကိုယ္တိုင္ ၅ ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ ၆ ၾကိမ္ လုပ္ျပႏုိင္ခဲ့တယ္။ သူအေကာင္းဆံုး ေျခစြမ္းျပခဲ့တာက ေဖေဖာ္ဝါရီလအတြင္း လီဗာပူးကို ၃-၀ နဲ႔ အႏုိင္ရတဲ့ပြဲပဲျဖစ္တယ္။ ဆာဟာ ပံုမွန္အားျဖင့္ ညာေတာင္ပံမွာ ကစားျပီး ဘယ္ေတာင္ပံေနရာမွာလည္း ကစားႏုိင္စြမ္း ရွိသူ ျဖစ္ပါတယ္။