ဘောလုံးရာသီ အနားရခဲ့ပြီဖြစ်လို့ လီဗာပူးအသင်းသားတွေက အားလပ်ရက်အဖြစ် ကိုယ်ပိုင် အစီအစဉ်တွေနဲ့ ရှိနေကြပြီး သြဂုတ်လ ၁၅ ရက်နေ့မှ အသင်းနဲ့ စတင် ပူးပေါင်းမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာ Nike ဂျာစီသစ် ဝင်ရောက်လာပြီး စီနီယာနှစ်ဦး ထွက်ခွာသွားတာကလွဲလို့ အပြောင်းအလဲ မရှိသေးပါဘူး။ အပြောင်းအရွှေ့ ကိစ္စတွေကလည်း တရားဝင် ကြေညာနိုင်ခြင်းတွေ မရှိသေးဘူး။ ဒီအခြေအနေမှာ ပရိသတ်တွေကတော့ အသင်းဝဘ်ဆိုဒ်ကို ဝင်မွှေတာ၊ အသင်းသားတွေရဲ့ လှုပ်ရှားမှုတွေကို လူမှုကွန်ယက်ကနေ ရှာဖွေကြည့်တာတွေပဲ လုပ်နေရတာဖြစ်တယ်။

မကြာသေးခင်ကပဲ ဆာလက်ဟာ သူ့ရဲ့ ဆံပင်စတိုင်ကို အသစ်ပြောင်းလိုက်ပြီး ဒါက ကာလရှည် ဘုတ်သိုက်ကြီးပဲ မြင်နေရတဲ့ လီဗာပူးပရိသတ်တွေအတွက် ရယ်ရယ်မောမော ပြောစရာ စတိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။ အခု နောက်ထပ်တစ်ဦးအဖြစ် ပရိသတ်တွေကြား ပွဲကျနေစေသူကတော့ အယ်လီဆန်ပါ။

ဘရာဇီး ဂိုးသမားဟာ အသက် ၂၇ နှစ်ပဲ ရှိသေးပေမယ့် မုတ်ဆိတ်တွေ၊ ပါးသိုင်းမွှေးတွေကို စတိုင်ကျကျ ထားတတ်တာကြောင့် နဂိုရှိရင်းစွဲ အသက်ထက် ပိုကြီးနေသယောင် ထင်ရပါတယ်။ သူ့ကိုယ်တော့ လီဗာပူးပရိသတ်တွေက Thor နဲ့ နှိုင်းယှဉ်မှုတွေတောင် ရှိခဲ့တာပါ။

အားလပ်ရက် မိသားစုနဲ့အတူ အပန်းဖြေရာမှာတော့ အယ်လီဆန်ဟာ အမွှေးအမျှင်တွေကို ရှင်းထားတဲ့ သူ့ရဲ့ ပုံကို အင်စတာဂရမ်မှာ တင်ရာမှာ ပရိသတ်တွေ အံ့အားသင့်ခဲ့ရတယ်။ များစွာသော ပရိသတ်တွေက အယ်လီဆန်ကို မမှတ်မိခဲ့ကြပါဘူး။ နောက်ပိုင်း မုတ်ဆိတ်တွေ ပြန်ထွက်လာမှပဲ အယ်လီဆန်ပါလားလို့ ရိပ်မိခဲ့ကြတာပါ။

ဒီရက်ပိုင်းမှာ အယ်လီဆန်ရဲ့ မျက်နှာက ပုံပြန်ဖမ်းလို့ ရလာနေပါပြီ။ ပရိသတ်တွေကတော့ အခုမှပဲ အယ်လီဆန်ကို ပြန်ရတော့တယ်လို့ စိတ်သက်သာရာရမိကြောင်း ရယ်မောနေကြတာဖြစ်ပါတယ်။

ZAWGYI

ေဘာလံုးရာသီ အနားရခဲ့ျပီျဖစ္လို႔ လီဗာပူးအသင္းသားေတြက အားလပ္ရက္အျဖစ္ ကိုယ္ပိုင္ အစီအစဥ္ေတြနဲ႔ ရွိေနၾကျပီး ၾသဂုတ္လ ၁၅ ရက္ေန႔မွ အသင္းနဲ႔ စတင္ ပူးေပါင္းမွာ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာ Nike ဂ်ာစီသစ္ ဝင္ေရာက္လာျပီး စီနီယာႏွစ္ဦး ထြက္ခြာသြားတာကလြဲလို႔ အေျပာင္းအလဲ မရွိေသးပါဘူး။ အေျပာင္းအေရႊ႔ ကိစၥေတြကလည္း တရားဝင္ ေၾကညာႏုိင္ျခင္းေတြ မရွိေသးဘူး။ ဒီအေျခအေနမွာ ပရိသတ္ေတြကေတာ့ အသင္းဝဘ္ဆိုဒ္ကို ဝင္ေမႊတာ၊ အသင္းသားေတြရဲ႕ လႈပ္ရွားမႈေတြကို လူမႈကြန္ယက္ကေန ရွာေဖြၾကည့္တာေတြပဲ လုပ္ေနရတာျဖစ္တယ္။

မၾကာေသးခင္ကပဲ ဆာလက္ဟာ သူ႔ရဲ႕ ဆံပင္စတိုင္ကို အသစ္ေျပာင္းလိုက္ျပီး ဒါက ကာလရွည္ ဘုတ္သိုက္ၾကီးပဲ ျမင္ေနရတဲ့ လီဗာပူးပရိသတ္ေတြအတြက္ ရယ္ရယ္ေမာေမာ ေျပာစရာ စတိုင္တစ္ခု ျဖစ္ခဲ့ပါတယ္။ အခု ေနာက္ထပ္တစ္ဦးအျဖစ္ ပရိသတ္ေတြၾကား ပြဲက်ေနေစသူကေတာ့ အယ္လီဆန္ပါ။

ဘရာဇီး ဂိုးသမားဟာ အသက္ ၂၇ ႏွစ္ပဲ ရွိေသးေပမယ့္ မုတ္ဆိတ္ေတြ၊ ပါးသိုင္းေမႊးေတြကို စတိုင္က်က် ထားတတ္တာေၾကာင့္ နဂိုရွိရင္းစြဲ အသက္ထက္ ပိုၾကီးေနသေယာင္ ထင္ရပါတယ္။ သူ႔ကိုယ္ေတာ့ လီဗာပူးပရိသတ္ေတြက Thor နဲ႔ ႏိႈင္းယွဥ္မႈေတြေတာင္ ရွိခဲ့တာပါ။

အားလပ္ရက္ မိသားစုနဲ႔အတူ အပန္းေျဖရာမွာေတာ့ အယ္လီဆန္ဟာ အေမႊးအမွ်င္ေတြကို ရွင္းထားတဲ့ သူ႔ရဲ႕ ပံုကို အင္စတာဂရမ္မွာ တင္ရာမွာ ပရိသတ္ေတြ အံ့အားသင့္ခဲ့ရတယ္။ မ်ားစြာေသာ ပရိသတ္ေတြက အယ္လီဆန္ကို မမွတ္မိခဲ့ၾကပါဘူး။ ေနာက္ပိုင္း မုတ္ဆိတ္ေတြ ျပန္ထြက္လာမွပဲ အယ္လီဆန္ပါလားလို႔ ရိပ္မိခဲ့ၾကတာပါ။

ဒီရက္ပိုင္းမွာ အယ္လီဆန္ရဲ႕ မ်က္ႏွာက ပံုျပန္ဖမ္းလို႔ ရလာေနပါျပီ။ ပရိသတ္ေတြကေတာ့ အခုမွပဲ အယ္လီဆန္ကို ျပန္ရေတာ့တယ္လို႔ စိတ္သက္သာရာရမိေၾကာင္း ရယ္ေမာေနၾကတာျဖစ္ပါတယ္။