လီဗာပူးအသင်းရဲ့ ဒီနွေအတွက် အပြောင်းအရွှေ့ ကိစ္စတွေကို The Athletic က ဖော်ပြရာမှာ စိတ်ဝင်စားဖွယ် အချက်တစ်ခု ထွက်ပေါ်လာပါတယ်။

မနှစ်တုန်းက လီဗာပူးဟာ ဗန်ဒန်ဘယ်ရာကို မခေါ်ယူခင်မှာ ဘရစ္စတိုစီးတီး ဘယ်အစွန်လူ လွိုက်ကယ်လီကို ချိတ်ဆက်ခဲ့ပါတယ်။ ကစားသမားဟာ ဘယ်အစွန်အပြင် ဗဟိုခံစစ်မှူးနေရာမှာပါ ကစားနိုင်လို့ ဂိုးမက်စ်လိုပဲ လိုအပ်ရင် နှစ်နေရာ အသုံးပြုနိုင်မယ်လို့ အသင်းဘက်က ရည်ရွယ်ခဲ့တာဖြစ်တယ်။

အင်္ဂလန်သားကို ခေါ်ယူဖို့ အသင်းဘက်က ဘရစ္စတိုစီးတီးနဲ့ကော ကစားသမားရဲ့ အေးဂျင့်နဲ့ပါ ချိတ်ဆက်မှု အဆင်ပြေခဲ့တယ်။ ဒါပေမယ့် ကစားသမားရဲ့ အေးဂျင့်ဘက်က ပိုကောင်းတဲ့ အခွင့်အရေး ရမယ်ဆိုပြီး ဘုန်းမောက်ကို ပေါင် ၁၃ သန်းဖြင့် ပြောင်းဖို့ကို ဦးဆောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒီကိစ္စကို လီဗာပူးဘက်က အတော်လေး ဒေါသထွက်ခဲ့တယ်လို့ သိရတယ်။

ဒီနွေမှာ ကစားသမားသစ် ရှာနေတဲ့ လီဗာပူးဟာ လွိုက်ကယ်လီကို ပြန်လိုက်မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် The Athletic သတင်းထောက် ဂျိမ်းပီရက်စ်က ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့တယ်။ သူကပဲ လီဗာပူး အားကစားဒါရိုက်တာ မိုင်ကယ် အတ်ဝတ်ဟာ အသင်းကို တစ်ကြိမ် ငြင်းဆန်ပြီး အသင်းပြောင်းသွားတဲ့ ကစားသမားတွေကို နောက်တစ်ကြိမ် ဘယ်တော့မှ ကမ်းလှမ်းမှာ မဟုတ်ဘူးလို့ ဆိုသွားပါတယ်။

တူညီတဲ့ အပြောင်းအရွှေ့အဖြစ် ဖူလ်ဟမ် လူငယ်လေး ဆက်ဆက်နွန်ဟာ စပါးကို ပြောင်းဖို့ကိစ္စအား အတော်လေး စဉ်းစားခဲ့ရပါသေးတယ်။ သူက လီဗာပူးကို ပြောင်းလိုပြီး အကယ်လို့ စပါးကို ပြောင်းခဲ့မယ်ဆိုရင် လီဗာပူးကို ပြန်ပြောင်းဖို့ နောက်တစ်ကြိမ် အခွင့်အရေး မရတော့ဘူးဆိုတာ နားလည်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာ ပွဲထွက်ခွင့် ပိုရနိုင်မယ် ယူဆတဲ့ စပါးကို ပြောင်းခဲ့ခြင်းဖြစ်တယ်။

လီဗာပူးအသင်းကတော့ ကလပ်ရဲ့ ကမ်းလှမ်းမှုကို တစ်ကြိမ် ငြင်းဆန်လိုက်ပြီး အခြားသော အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်တဲ့ ဘယ်ကစားသမားကို မဆို နောက်တစ်ကြိမ် ကမ်းလှမ်းမှာ မဟုတ်ပါဘူး။ အဓိက အားဖြင့် ကလပ်နဲ့ သဘောတူညီမှု လမ်းကြောင်းမှန်ပေါ် ရောက်ပြီးခါမှ ငြင်းဆန်တဲ့ ကစားသမားတိုင်းအတွက် ဒီဆုံးဖြတ်ချက်အတိုင်းပဲ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ ဒီေႏြအတြက္ အေျပာင္းအေရႊ႔ ကိစၥေတြကို The Athletic က ေဖာ္ျပရာမွာ စိတ္ဝင္စားဖြယ္ အခ်က္တစ္ခု ထြက္ေပၚလာပါတယ္။

မႏွစ္တုန္းက လီဗာပူးဟာ ဗန္ဒန္ဘယ္ရာကို မေခၚယူခင္မွာ ဘရစၥတိုစီးတီး ဘယ္အစြန္လူ လိြဳက္ကယ္လီကို ခ်ိတ္ဆက္ခဲ့ပါတယ္။ ကစားသမားဟာ ဘယ္အစြန္အျပင္ ဗဟိုခံစစ္မွဴးေနရာမွာပါ ကစားႏုိင္လို႔ ဂိုးမက္စ္လိုပဲ လိုအပ္ရင္ ႏွစ္ေနရာ အသံုးျပဳႏုိင္မယ္လို႔ အသင္းဘက္က ရည္ရြယ္ခဲ့တာျဖစ္တယ္။

အဂၤလန္သားကို ေခၚယူဖို႔ အသင္းဘက္က ဘရစၥတိုစီးတီးနဲ႔ေကာ ကစားသမားရဲ႕ ေအးဂ်င့္နဲ႔ပါ ခ်ိတ္ဆက္မႈ အဆင္ေျပခဲ့တယ္။ ဒါေပမယ့္ ကစားသမားရဲ႕ ေအးဂ်င့္ဘက္က ပိုေကာင္းတဲ့ အခြင့္အေရး ရမယ္ဆိုျပီး ဘုန္းေမာက္ကို ေပါင္ ၁၃ သန္းျဖင့္ ေျပာင္းဖို႔ကို ဦးေဆာင္ ေဆာင္ရြက္ခဲ့ပါတယ္။ ဒီကိစၥကို လီဗာပူးဘက္က အေတာ္ေလး ေဒါသထြက္ခဲ့တယ္လို႔ သိရတယ္။

ဒီေႏြမွာ ကစားသမားသစ္ ရွာေနတဲ့ လီဗာပူးဟာ လိြဳက္ကယ္လီကို ျပန္လိုက္မယ္လို႔ သတင္းေတြ ထြက္ခဲ့ေပမယ့္ The Athletic သတင္းေထာက္ ဂ်ိမ္းပီရက္စ္က ျပတ္ျပတ္သားသား ျငင္းဆန္ခဲ့တယ္။ သူကပဲ လီဗာပူး အားကစားဒါရိုက္တာ မိုင္ကယ္ အတ္ဝတ္ဟာ အသင္းကို တစ္ၾကိမ္ ျငင္းဆန္ျပီး အသင္းေျပာင္းသြားတဲ့ ကစားသမားေတြကို ေနာက္တစ္ၾကိမ္ ဘယ္ေတာ့မွ ကမ္းလွမ္းမွာ မဟုတ္ဘူးလို႔ ဆိုသြားပါတယ္။

တူညီတဲ့ အေျပာင္းအေရႊ႔အျဖစ္ ဖူလ္ဟမ္ လူငယ္ေလး ဆက္ဆက္ႏြန္ဟာ စပါးကို ေျပာင္းဖို႔ကိစၥအား အေတာ္ေလး စဥ္းစားခဲ့ရပါေသးတယ္။ သူက လီဗာပူးကို ေျပာင္းလိုျပီး အကယ္လို႔ စပါးကို ေျပာင္းခဲ့မယ္ဆိုရင္ လီဗာပူးကို ျပန္ေျပာင္းဖို႔ ေနာက္တစ္ၾကိမ္ အခြင့္အေရး မရေတာ့ဘူးဆိုတာ နားလည္ခဲ့တယ္။ ဒါေပမယ့္ ေနာက္ဆံုးမွာ ပြဲထြက္ခြင့္ ပိုရႏုိင္မယ္ ယူဆတဲ့ စပါးကို ေျပာင္းခဲ့ျခင္းျဖစ္တယ္။

လီဗာပူးအသင္းကေတာ့ ကလပ္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္လိုက္ျပီး အျခားေသာ အသင္းတစ္သင္းကို ေျပာင္းေရႊ႔ဖို႔ ေရြးခ်ယ္တဲ့ ဘယ္ကစားသမားကို မဆို ေနာက္တစ္ၾကိမ္ ကမ္းလွမ္းမွာ မဟုတ္ပါဘူး။ အဓိက အားျဖင့္ ကလပ္နဲ႔ သေဘာတူညီမႈ လမ္းေၾကာင္းမွန္ေပၚ ေရာက္ျပီးခါမွ ျငင္းဆန္တဲ့ ကစားသမားတိုင္းအတြက္ ဒီဆံုးျဖတ္ခ်က္အတိုင္းပဲ လုပ္ေဆာင္မွာ ျဖစ္ပါတယ္။