၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင် ၇ ဦး စာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်၊ တိုက်စစ်သမား မာနေးနဲ့ ညာအစွန်လူ ထရန့်တို့က အခြားသော ကစားသမားတွေနဲ့အပြိုင် ပါဝင်လာခဲ့တယ်။ ဗြိတိန်အားကစားကလောင်ရှင်တွေပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရ ဟန်ဒါဆန်က ဒီဆုကို အနိုင်ရဖို့ ရေပန်းအစားဆုံးလည်း ဖြစ်နေပါတယ်။

ဟန်ဒါဆန်ဟာ မန်စီးတီးကို ရမှတ် ၁၈ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးအတွက် အဓိက ထောက်တိုင်ဖြစ်ခဲ့သလို ကိုဗစ်ကာလအတွင်း ပရီးမီးယားလိဂ်က ကစားသမားတွေကို ကိုယ်စားပြုပြီး ကျန်မားရေးဝန်ထမ်းတွေကို ဝန်းရံပေးမှုအတွက် အဓိက လုံ့ဆော်ခဲ့သူဖြစ်တယ်။ သူ့ရဲ့ ဦးဆောင် ညိနှိုင်းမှုအောက်မှာ ပရီးမီးယားလိဂ် ကလပ် ၂၀ ရဲ့ အသင်းခေါင်းဆောင်တွေဟာ တာဝန်ယူစိတ်တွေ ထားဖို့ သဘောတူညီခဲ့ကြတာဖြစ်တယ်။

ကိုဗစ်ကာလဟာ ပရီးမီးယားလိဂ်အတွက် သမိုင်းဝင်တဲ့ စိန်ခေါ်မှုဖြစ်ခဲ့ပြီး ဗရမ်းပတာ ပြိုကွဲနေတဲ့ အင်္ဂလန်လိဂ်လို့ ဝေဖန်ခံခဲ့ရပေမယ့် ကစားသမားတွေဘက်မှာတော့ ကျန်းမာရေးဝန်ထမ်းတွေကို ကူညီမှုတွေပေးဖို့မှာ တူညီတဲ့ ဦးတည်ချက်ရှိစေဖို့ ဟန်ဒါဆန်က ဦးဆောင် စည်းရုံးနိုင်ခဲ့တာဖြစ်တယ်။

ဒီစာရင်းထဲမှာ ပါဝင်လာတဲ့ မာနေးကလည်း ကိုယ်တိုင် သွင်းဂိုး ၁၈ ဂိုး သွင်းယူခဲ့သလို ဂိုးထောက်ပံ့မှု ၇ ကြိမ်ထိ လုပ်ပေးခဲ့သူဖြစ်တယ်။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သက်မှတ်ခံရတဲ့ မာနေးဟာ သူ့ရဲ့ ကွင်းတွင်း စွမ်းဆောင်ရည်ကြောင့် ဒီစာရင်းထဲမှာ ပါဝင်လာခဲ့သူဖြစ်တယ်။

ထရန့်ကတော့ တစ်နှစ်တာအကောင်းဆုံး ကစားသမားစာရင်းမှာကော၊ တစ်နှစ်တာ အကောင်းဆုံး လူငယ်စာရင်းမှာပါ ပါဝင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်တယ်။ မနှစ်ကရာသီ ဂိုးထောက်ပံ့မှုမှာ ဂရင်းနစ်စံချိန် တင်ခဲ့သလို ဒီရာသီမှာလည်း သူ့စံချိန် သူပြန်ချိုးပြီး ဂိုးထောက်ပံ့မှု ၁၃ ကြိမ်ထိ လုပ်နိုင်ခဲ့ကာ ဒီနှစ်အတွင်း ဒီဘရိုင်းနောက် ဂိုးထောက်ပံံမှု ဒုတိယအများဆုံး ကစားသမားဖြစ်ပါတယယ်။

ဒီစာရင်းမှာတော့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် ဗာဒီ၊ နစ်ပုပ်၊ ဂိုးထောက်ပံ့မှု အများဆုံးဖြစ်တဲ့ ဒီဘရိုင်း၊ ဆောက်သမ်တန်မှ ဒန်နီအင့်တို့လည်း ပါဝင်ခဲ့ပါတယ်။

ZAWGYI

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုးကစားသမားဆုအတြက္ ဆန္ကာတင္ ၇ ဦး စာရင္း ထြက္ေပၚလာခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္၊ တိုက္စစ္သမား မာေနးနဲ႔ ညာအစြန္လူ ထရန္႔တို႔က အျခားေသာ ကစားသမားေတြနဲ႔အျပိဳင္ ပါဝင္လာခဲ့တယ္။ ျဗိတိန္အားကစားကေလာင္ရွင္ေတြေပးတဲ့ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုရ ဟန္ဒါဆန္က ဒီဆုကို အႏုိင္ရဖို႔ ေရပန္းအစားဆံုးလည္း ျဖစ္ေနပါတယ္။

ဟန္ဒါဆန္ဟာ မန္စီးတီးကို ရမွတ္ ၁၈ မွတ္ျဖတ္ျပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ လီဗာပူးအတြက္ အဓိက ေထာက္တိုင္ျဖစ္ခဲ့သလို ကိုဗစ္ကာလအတြင္း ပရီးမီးယားလိဂ္က ကစားသမားေတြကို ကိုယ္စားျပဳျပီး က်န္မားေရးဝန္ထမ္းေတြကို ဝန္းရံေပးမႈအတြက္ အဓိက လံု႔ေဆာ္ခဲ့သူျဖစ္တယ္။ သူ႔ရဲ႕ ဦးေဆာင္ ညိႏိႈင္းမႈေအာက္မွာ ပရီးမီးယားလိဂ္ ကလပ္ ၂၀ ရဲ႕ အသင္းေခါင္းေဆာင္ေတြဟာ တာဝန္ယူစိတ္ေတြ ထားဖို႔ သေဘာတူညီခဲ့ၾကတာျဖစ္တယ္။

ကိုဗစ္ကာလဟာ ပရီးမီးယားလိဂ္အတြက္ သမိုင္းဝင္တဲ့ စိန္ေခၚမႈျဖစ္ခဲ့ျပီး ဗရမ္းပတာ ျပိဳကြဲေနတဲ့ အဂၤလန္လိဂ္လို႔ ေဝဖန္ခံခဲ့ရေပမယ့္ ကစားသမားေတြဘက္မွာေတာ့ က်န္းမာေရးဝန္ထမ္းေတြကို ကူညီမႈေတြေပးဖို႔မွာ တူညီတဲ့ ဦးတည္ခ်က္ရွိေစဖို႔ ဟန္ဒါဆန္က ဦးေဆာင္ စည္းရံုးႏုိင္ခဲ့တာျဖစ္တယ္။

ဒီစာရင္းထဲမွာ ပါဝင္လာတဲ့ မာေနးကလည္း ကိုယ္တိုင္ သြင္းဂိုး ၁၈ ဂိုး သြင္းယူခဲ့သလို ဂိုးေထာက္ပံ့မႈ ၇ ၾကိမ္ထိ လုပ္ေပးခဲ့သူျဖစ္တယ္။ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးအျဖစ္ သက္မွတ္ခံရတဲ့ မာေနးဟာ သူ႔ရဲ႕ ကြင္းတြင္း စြမ္းေဆာင္ရည္ေၾကာင့္ ဒီစာရင္းထဲမွာ ပါဝင္လာခဲ့သူျဖစ္တယ္။

ထရန္႔ကေတာ့ တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားစာရင္းမွာေကာ၊ တစ္ႏွစ္တာ အေကာင္းဆံုး လူငယ္စာရင္းမွာပါ ပါဝင္ခဲ့တဲ့ တစ္ဦးတည္းေသာ ကစားသမားျဖစ္တယ္။ မႏွစ္ကရာသီ ဂိုးေထာက္ပံ့မႈမွာ ဂရင္းနစ္စံခ်ိန္ တင္ခဲ့သလို ဒီရာသီမွာလည္း သူ႔စံခ်ိန္ သူျပန္ခ်ိဳးျပီး ဂိုးေထာက္ပံ့မႈ ၁၃ ၾကိမ္ထိ လုပ္ႏုိင္ခဲ့ကာ ဒီႏွစ္အတြင္း ဒီဘရိုင္းေနာက္ ဂိုးေထာက္ပံံမႈ ဒုတိယအမ်ားဆံုး ကစားသမားျဖစ္ပါတယယ္။

ဒီစာရင္းမွာေတာ့ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုရွင္ ဗာဒီ၊ နစ္ပုပ္၊ ဂိုးေထာက္ပံ့မႈ အမ်ားဆံုးျဖစ္တဲ့ ဒီဘရိုင္း၊ ေဆာက္သမ္တန္မွ ဒန္နီအင့္တို႔လည္း ပါဝင္ခဲ့ပါတယ္။