ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုအတွက် ဆန်ကာတင် ၄ ဦးစာရင်း ထွက်ပေါ်လာပြီဖြစ်ပြီး မန်နေဂျာယာဂင်ကလော့ပ် ပါဝင်လာကြောင်း လီဗာပူး ဝဘ်ဆိုဒ်က အတည်ပြုလိုက်ပါတယ်။

မန်နေဂျာကလော့ပ်ဟာ လီဗာပူးရဲ့ နှစ် ၃၀ အမှတ်ပေးချန်ပီယံအိပ်မက်ကို ရမှတ် ၉၉ မှတ် ရယူမှုဖြင့် အဆုံးသတ်ပေးနိုင်ခဲ့သူဖြစ်တယ်။ ကလော့ပ် လက်အောက်မှာ လီဗာပူးဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပွဲအနည်းဆုံးအဖြစ် ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး တရားဝင် ချန်ပီယံဖြစ်ချိန်မှာ ပွဲစဉ် ၇ ပွဲထိ ဆက်လက် ယှဉ်ပြိုင်ဖို့ ကျန်ရှိနေပါသေးတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ လီဗာပူးဟာ ၃၈ ပွဲကစား ၂၁ ပွဲထိ အနိုင်ရခဲ့တာဖြစ်ကာ အဖွင့် ၂၇ ပွဲအတွင်း ရမှတ် ၂ မှတ်ပဲ လျော့နည်းခဲ့ပါတယ်။ ဒါ့အပြင် ရာသီသိမ်းချိန်မှာတော့ ဒုတိယနေရာက အသင်းကို ၁၈ မှတ်ထိ ဖြတ်ထားနိုင်ခဲ့တယ်။

ပရော်ဖက်ရှင်နယ် လိဂ် မန်နေဂျာများ အစည်းအရုံးကပေးတဲ့ တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိခဲ့တဲ့ ယာဂင်ကလော့ပ်ဟာ ဒီရာသီအတွင်း တစ်လတာ အကောင်းဆုံးဆုကိုလည်း ၅ ကြိမ်တိုင် အနိုင်ရခဲ့ပါတယ်။

မန်နေ၈ျာကလော့ပ်ဟာ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးဆုရဲ့ ဆန်ကာတင် စာရင်းမှာတော့ ချယ်ဆီးမှ လမ်းပတ်၊ လက်စတာမှ ရော်ဂျာ၊ ရှက်ဖီးမှ ဝိုက်ဒါတို့နဲ့အပြိုင် ပါဝင်ခဲ့ခြင်း ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး မန္ေနဂ်ာဆုအတြက္ ဆန္ကာတင္ ၄ ဦးစာရင္း ထြက္ေပၚလာျပီျဖစ္ျပီး မန္ေနဂ်ာယာဂင္ကေလာ့ပ္ ပါဝင္လာေၾကာင္း လီဗာပူး ဝဘ္ဆိုဒ္က အတည္ျပဳလိုက္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ လီဗာပူးရဲ႕ ႏွစ္ ၃၀ အမွတ္ေပးခ်န္ပီယံအိပ္မက္ကို ရမွတ္ ၉၉ မွတ္ ရယူမႈျဖင့္ အဆံုးသတ္ေပးႏုိင္ခဲ့သူျဖစ္တယ္။ ကေလာ့ပ္ လက္ေအာက္မွာ လီဗာပူးဟာ ပရီးမီးယားလိဂ္ သမိုင္းတစ္ေလွ်ာက္ ပြဲအနည္းဆံုးအျဖစ္ ခ်န္ပီယံျဖစ္ခဲ့တာျဖစ္ျပီး တရားဝင္ ခ်န္ပီယံျဖစ္ခ်ိန္မွာ ပြဲစဥ္ ၇ ပြဲထိ ဆက္လက္ ယွဥ္ျပိဳင္ဖို႔ က်န္ရွိေနပါေသးတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ လီဗာပူးဟာ ၃၈ ပြဲကစား ၂၁ ပြဲထိ အႏုိင္ရခဲ့တာျဖစ္ကာ အဖြင့္ ၂၇ ပြဲအတြင္း ရမွတ္ ၂ မွတ္ပဲ ေလ်ာ့နည္းခဲ့ပါတယ္။ ဒါ့အျပင္ ရာသီသိမ္းခ်ိန္မွာေတာ့ ဒုတိယေနရာက အသင္းကို ၁၈ မွတ္ထိ ျဖတ္ထားႏုိင္ခဲ့တယ္။

ပေရာ္ဖက္ရွင္နယ္ လိဂ္ မန္ေနဂ်ာမ်ား အစည္းအရံုးကေပးတဲ့ တစ္ႏွစ္တာအေကာင္းဆံုးဆုကို ရရွိခဲ့တဲ့ ယာဂင္ကေလာ့ပ္ဟာ ဒီရာသီအတြင္း တစ္လတာ အေကာင္းဆံုးဆုကိုလည္း ၅ ၾကိမ္တိုင္ အႏုိင္ရခဲ့ပါတယ္။

မန္ေန၈်ာကေလာ့ပ္ဟာ ပရီးမီးယားလိဂ္တစ္ႏွစ္တာ အေကာင္းဆံုးဆုရဲ႕ ဆန္ကာတင္ စာရင္းမွာေတာ့ ခ်ယ္ဆီးမွ လမ္းပတ္၊ လက္စတာမွ ေရာ္ဂ်ာ၊ ရွက္ဖီးမွ ဝိုက္ဒါတို႔နဲ႔အျပိဳင္ ပါဝင္ခဲ့ျခင္း ျဖစ္ပါတယ္။