အသက် ၁၈ နှစ်အရွယ် ခံစစ်သမားလေး ကီဂျာနာ ဟိုဗာက လီဗာပူးပရိသတ်တွေ အများကြီး မျှော်လင့်ထားတဲ့ ခံစစ်သမားပါ။ နယ်သာလန်သားကို ဗန်ဒိုက်လက်သစ် ဖြစ်လာဖို့ ပရိသတ်တွေဘက်က မျှော်လင့်ပေမယ့် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အသင်းဘက်က စောင့်ကြည့်နေတာဖြစ်တယ်။

လူငယ်နည်းပြတွေက ညာအစွန်အတွက်ကော ဗဟိုခံစစ်မှာပါ အသုံးပြုနေတယ်။ မန်နေဂျာကလော့ပ် ကိုယ်တိုင်ကတော့ ကီဂျာနာကို ညာအစွန်နေရာတွေမှာ အသုံးများပါတယ်။ ဒါ့အပြင် ဒီတစ်ကြိမ်မှာတော့ ကစားသမားကိုယ်တိုင်က လက်ရှိမှာ သူဟာ ညာအစွန်နေရာမှာ ကစားတာပဲ အဆင်ပြေမယ်လို့ ထုတ်ပြောလာခဲ့တယ်။

ရုပ်ပိုင်းဆိုင်ရာ အဆင်သင့်မဖြစ်သေးတာက ညာအစွန်နေရာကိုပဲ အဓိက ကစားဖို့ ရွေးချယ်စရာဖြစ်ပြီး ထရန့်ရဲ့ တိုက်စစ်လိုက်ပုံတွေကို လေ့လာနေတယ်လို့ သူက ပြောပါတယ်။

ကီဂျာနာ-ဟိုဗာက ” ဒီအခြေအနေမှာတော့ ကိုယ်ဘာသာ ညာအစွန်လူတစ်ဦးအဖြစ်ပဲ မြင်လို့ရပါတယ်။ ကျနော်က ဗဟိုခံစစ်သမားအဖြစ်လည်း ကစားနိုင်ပေမယ့် ညာအစွန်လူပဲ ဖြစ်ပါတယ်။ တစ်ရာသီလုံး ဗဟိုခံစစ်မှူးအဖြစ် ကစားဖို့ကတော့ ကျနော်ရဲ့ ရုပ်ပိုင်းဆိုင်ရာက လုံလောက်အောင် အဆင်သင့် မဖြစ်သေးပါဘူး။

အသက် ၂၅ နှစ်လောက်ဆိုရင်တော့ ကျနော်ရဲ့ ရုပ်ပိုင်းဆိုင်ရာက ဗဟိုခံစစ်သမားအဖြစ် အဆင့်သင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်က တိုက်စစ်ကို လိုက်ပါရတာကို ပိုမို နှစ်သက်ပါတယ်။ ထရန့်လိုပဲ ကစားပွဲအပေါ်မှာ အမြင်ကောင်းတွေ ကျနော်မှာ ရှိတယ်။ ကျနော်ကလည်း အသင်းဖော်တွေကို ကစားကွက် ဖော်ပေးတာ၊ ဂိုးထောက်ပံ့တာတွေ လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

အသက္ ၁၈ ႏွစ္အရြယ္ ခံစစ္သမားေလး ကီဂ်ာနာ ဟိုဗာက လီဗာပူးပရိသတ္ေတြ အမ်ားၾကီး ေမွ်ာ္လင့္ထားတဲ့ ခံစစ္သမားပါ။ နယ္သာလန္သားကို ဗန္ဒိုက္လက္သစ္ ျဖစ္လာဖို႔ ပရိသတ္ေတြဘက္က ေမွ်ာ္လင့္ေပမယ့္ သူ႔ရဲ႕ ရုပ္ပိုင္းဆိုင္ရာ တိုးတက္မႈကို အသင္းဘက္က ေစာင့္ၾကည့္ေနတာျဖစ္တယ္။

လူငယ္နည္းျပေတြက ညာအစြန္အတြက္ေကာ ဗဟိုခံစစ္မွာပါ အသံုးျပဳေနတယ္။ မန္ေနဂ်ာကေလာ့ပ္ ကိုယ္တိုင္ကေတာ့ ကီဂ်ာနာကို ညာအစြန္ေနရာေတြမွာ အသံုးမ်ားပါတယ္။ ဒါ့အျပင္ ဒီတစ္ၾကိမ္မွာေတာ့ ကစားသမားကိုယ္တုိင္က လက္ရွိမွာ သူဟာ ညာအစြန္ေနရာမွာ ကစားတာပဲ အဆင္ေျပမယ္လို႔ ထုတ္ေျပာလာခဲ့တယ္။

ရုပ္ပိုင္းဆိုင္ရာ အဆင္သင့္မျဖစ္ေသးတာက ညာအစြန္ေနရာကိုပဲ အဓိက ကစားဖို႔ ေရြးခ်ယ္စရာျဖစ္ျပီး ထရန္႔ရဲ႕ တိုက္စစ္လိုက္ပံုေတြကို ေလ့လာေနတယ္လုိ႔ သူက ေျပာပါတယ္။

ကီဂ်ာနာ-ဟိုဗာက ” ဒီအေျခအေနမွာေတာ့ ကိုယ္ဘာသာ ညာအစြန္လူတစ္ဦးအျဖစ္ပဲ ျမင္လို႔ရပါတယ္။ က်ေနာ္က ဗဟိုခံစစ္သမားအျဖစ္လည္း ကစားႏုိင္ေပမယ့္ ညာအစြန္လူပဲ ျဖစ္ပါတယ္။ တစ္ရာသီလံုး ဗဟိုခံစစ္မွဴးအျဖစ္ ကစားဖို႔ကေတာ့ က်ေနာ္ရဲ႕ ရုပ္ပိုင္းဆုိင္ရာက လံုေလာက္ေအာင္ အဆင္သင့္ မျဖစ္ေသးပါဘူး။

အသက္ ၂၅ ႏွစ္ေလာက္ဆုိရင္ေတာ့ က်ေနာ္ရဲ႕ ရုပ္ပိုင္းဆိုင္ရာက ဗဟိုခံစစ္သမားအျဖစ္ အဆင့္သင့္ ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ က်ေနာ္က တိုက္စစ္ကို လုိက္ပါရတာကို ပိုမို ႏွစ္သက္ပါတယ္။ ထရန္႔လိုပဲ ကစားပြဲအေပၚမွာ အျမင္ေကာင္းေတြ က်ေနာ္မွာ ရွိတယ္။ က်ေနာ္ကလည္း အသင္းေဖာ္ေတြကို ကစားကြက္ ေဖာ္ေပးတာ၊ ဂိုးေထာက္ပံ့တာေတြ လုပ္ေပးႏုိင္မယ္လို႔ ထင္ပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။