ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီတုန်းကတော့ ကိုရိုနာကပ်ဘေး ဝင်ရောက်လာချိန်မှာ လိဂ်တာဝန်ရှိသူတွေက ဘယ်လို လုပ်ရမလဲဆိုတာအတွက် တိကျတဲ့ စည်းမျဉ်းတွေ မလုပ်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် လာမယ့်ရာသီမှာ တူညီတဲ့ အဖြစ်မျိုး အဖြစ်ခံမှာ မဟုတ်ဘဲ တိကျတဲ့ ကြိုတင် သဘောတူညီမှု ရယူသွားမှာဖြစ်တယ်။ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ စတင်ယှဉ်ပြိုင်လာပြီး ရာသီဝက်စာ ပွဲကစားပြီးချိန်မှာ ကိုဗစ် ဒုတိယလှိုင်းဝင်ရင် ဘယ်လို လုပ်မလဲဆိုတာအတွက် ဆုံးဖြတ်ချက်ကို နောက်အပတ်မှာ လုပ်မှာဖြစ်တယ်။

လာမယ့်ရာသီအတွင်း ကွင်းထဲကို ပရိသတ်တွေ ဝင်ခွင့်ပေးဖို့ ကိစ္စက မရေရာမှုတွေ ရှိနေဆဲဖြစ်တယ်။ အထူးသဖြင့် ကိုဗစ် ဒုတိယလှိုင်း ဝင်ရောက်လာမှာကို ပရီးမီးယားလိဂ် ကလပ်တွေ စိုးရိမ်နေပါတယ်။ ဒါကြောင့် သေချာတဲ့ အစီအစဉ်အတွက် လိဂ် ရှယ်ယာရှင်တွေ စည်းဝေးမှု လုပ်ကြမှာဖြစ်တယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ ပွဲရဲ့ ၅၀% ကို ပြီးမြောက်အောင် ကစားပြီးခဲ့ရင် ဘောလုံးရာသီကို points per game နဲ့ ဆုံးဖြတ်ဖို့ကို အတည်ပြုချက် ယူဖို့ မဲခွဲပါမယ်။ ပရီးမီးယားလိဂ်ကလပ် ၂၀ ထဲမှာ ၁၄ သင်းက ဒီကိစ္စကို သဘောတူညီမှရမှာ ဖြစ်ပါတယ်။

လိဂ်ကို အပြီးသတ်တဲ့ နည်းတူ ချန်ပီယံလိဂ်ဝင်ခွင့်၊ တန်းဆင်းကိစ္စတွေကိုလည်း points per game နဲ့ပဲ ဆုံးဖြတ်မှာဖြစ်တယ်။ အကယ်လို့ ၅၀% မပြည့်ရင်တော့ ဘောလုံးရာသီကို ဖျက်သိမ်းပြီး လိဂ်အနိုင်သူနဲ့ တန်းဆင်းအသင်းတွေ ရှိမှာ မဟုတ်ပါဘူး။

ပရီးမီးယားလိဂ်က ယူအီးအက်ဖ်အေနဲ့ တိုင်ပင်မှုနဲ့အတူ ဘယ်အသင်းတွေကို ဥရောပဝင်ခွင့် ပေးမလဲဆိုတာကိုပါ ဆုံးဖြတ်ပေးရမှာဖြစ်တယ်။ ဒီကိစ္စကို လာမယ့်အပတ်မှာ ဆွေးနွေးမှာဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နေ့မတိုင်ခင် ရလဒ်ထွက်ဖို့ မျှော်လင့်နေပါတယ်။

ZAWGYI

ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ေဘာလံုးရာသီတုန္းကေတာ့ ကိုရိုနာကပ္ေဘး ဝင္ေရာက္လာခ်ိန္မွာ လိဂ္တာဝန္ရွိသူေတြက ဘယ္လို လုပ္ရမလဲဆိုတာအတြက္ တိက်တဲ့ စည္းမ်ဥ္းေတြ မလုပ္ႏုိင္ခဲ့ပါဘူး။

ဒါေပမယ့္ လာမယ့္ရာသီမွာ တူညီတဲ့ အျဖစ္မ်ိဳး အျဖစ္ခံမွာ မဟုတ္ဘဲ တိက်တဲ့ ၾကိဳတင္ သေဘာတူညီမႈ ရယူသြားမွာျဖစ္တယ္။ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ စတင္ယွဥ္ျပိဳင္လာျပီး ရာသီဝက္စာ ပြဲကစားျပီးခ်ိန္မွာ ကိုဗစ္ ဒုတိယလိႈင္းဝင္ရင္ ဘယ္လို လုပ္မလဲဆိုတာအတြက္ ဆံုးျဖတ္ခ်က္ကို ေနာက္အပတ္မွာ လုပ္မွာျဖစ္တယ္။

လာမယ့္ရာသီအတြင္း ကြင္းထဲကို ပရိသတ္ေတြ ဝင္ခြင့္ေပးဖို႔ ကိစၥက မေရရာမႈေတြ ရွိေနဆဲျဖစ္တယ္။ အထူးသျဖင့္ ကိုဗစ္ ဒုတိယလိႈင္း ဝင္ေရာက္လာမွာကို ပရီးမီးယားလိဂ္ ကလပ္ေတြ စိုးရိမ္ေနပါတယ္။ ဒါေၾကာင့္ ေသခ်ာတဲ့ အစီအစဥ္အတြက္ လိဂ္ ရွယ္ယာရွင္ေတြ စည္းေဝးမႈ လုပ္ၾကမွာျဖစ္တယ္။

ပရီးမီးယားလိဂ္ပြဲစဥ္ ၃၈ ပြဲရဲ႕ ၅၀% ကို ျပီးေျမာက္ေအာင္ ကစားျပီးခဲ့ရင္ ေဘာလံုးရာသီကို points per game နဲ႔ ဆံုးျဖတ္ဖို႔ကို အတည္ျပဳခ်က္ ယူဖို႔ မဲခြဲပါမယ္။ ပရီးမီးယားလိဂ္ကလပ္ ၂၀ ထဲမွာ ၁၄ သင္းက ဒီကိစၥကို သေဘာတူညီမွရမွာ ျဖစ္ပါတယ္။

လိဂ္ကို အျပီးသတ္တဲ့ နည္းတူ ခ်န္ပီယံလိဂ္ဝင္ခြင့္၊ တန္းဆင္းကိစၥေတြကိုလည္း points per game နဲ႔ပဲ ဆံုးျဖတ္မွာျဖစ္တယ္။ အကယ္လို႔ ၅၀% မျပည့္ရင္ေတာ့ ေဘာလံုးရာသီကို ဖ်က္သိမ္းျပီး လိဂ္အႏုိင္သူနဲ႔ တန္းဆင္းအသင္းေတြ ရွိမွာ မဟုတ္ပါဘူး။

ပရီးမီးယားလိဂ္က ယူအီးအက္ဖ္ေအနဲ႔ တိုင္ပင္မႈနဲ႔အတူ ဘယ္အသင္းေတြကို ဥေရာပဝင္ခြင့္ ေပးမလဲဆိုတာကိုပါ ဆံုးျဖတ္ေပးရမွာျဖစ္တယ္။ ဒီကိစၥကို လာမယ့္အပတ္မွာ ေဆြးေႏြးမွာျဖစ္ျပီး စက္တင္ဘာလ ၃ ရက္ေန႔မတိုင္ခင္ ရလဒ္ထြက္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။