မကြာသေးခင်ကပဲ လီဗာပူးကနေ အပြီးသတ် ထွက်ခွာသွားတဲ့ လိုဗရန်ဟာ ရုရှားကလပ် ဇင်းနစ်အသင်းနဲ့ တိုက်ရိုက် သွားရောက် ပူးပေါင်းထားခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းက ရာသီ အဆုံးသတ်ထားပြီ ဖြစ်ပေမယ့် ဇင်းနစ်ကတော့ ရာသီ မသိမ်းသေးဘဲ ဒီမနက်မှာတော့ Russian Super Cup ဗိုလ်လုပွဲအဖြစ် လိုကိုမိုးတစ် မော်စကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အဆိုပါပွဲမှာ ဇင်းနစ်က ၂-၁ ဖြင့် အနိုင်ရပြီး ဆုဖလား ချန်ပီယံဖြစ်ခဲ့တာပါ။

လိုဗရန်ဟာ မိနစ် ၉၀ အပြည့် ပါဝင်ကစားခဲ့ပြီး ရုရှားကလပ်အတွက် ပထမဆုံးပွဲမှာတင် ပထမဆုံး ဆုဖလား စတင် သိမ်းပိုက်သွားခဲ့တာဖြစ်တယ်။ လီဗာပူးနဲ့ လောလောလတ်လတ်ပဲ အောင်ပွဲခံထားတဲ့ လိုဗရန်က ရုရှားမှာပါ ဆုဖလားအတွက် အောင်ပွဲခံခဲ့တာကိုလည်း တွေ့ရပါတယ်။

ဇင်းနစ်ပရိသတ်တွေဟာ ရုရှားမှာတော့ အသင်းကို အားပေးမှုကောင်းခြင်းတွေကြောင့် နာမည်ကြီးတဲ့ အသင်းတစ်သင်းဖြစ်တယ်။ သူတို့ဟာ လီဗာပူးကနေ ပြောင်းလာတဲ့ လိုဗရန်ကိုလည်း နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။

လိုဗရန်ကိုယ်တိုင်က ပထမဆုံးပွဲ ပထမဆုံးဖလား ဆိုပြီး အင်စတာဂရမ်မှာ ပိုစ့်တင်ခဲ့သလို သူ့ရဲ့ အောင်မြင်မှုကို လီဗာပူး ကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်၊ ဗန်ဒိုက်၊ ဖာမင်နို၊ ထရန့်၊ မာနေးတို့က ဂုဏ်ပြုကြောင်းတွေ သွားရောက် လုပ်ခဲ့ကြပါတယ်။

ZAWGYI

မၾကာေသးခင္ကပဲ လီဗာပူးကေန အျပီးသတ္ ထြက္ခြာသြားတဲ့ လိုဗရန္ဟာ ရုရွားကလပ္ ဇင္းနစ္အသင္းနဲ႔ တိုက္ရိုက္ သြားေရာက္ ပူးေပါင္းထားခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းက ရာသီ အဆံုးသတ္ထားျပီ ျဖစ္ေပမယ့္ ဇင္းနစ္ကေတာ့ ရာသီ မသိမ္းေသးဘဲ ဒီမနက္မွာေတာ့ Russian Super Cup ဗိုလ္လုပြဲအျဖစ္ လိုကိုမိုးတစ္ ေမာ္စကိုအသင္းနဲ႔ ယွဥ္ျပိဳင္ကစားခဲ့ပါတယ္။ အဆိုပါပြဲမွာ ဇင္းနစ္က ၂-၁ ျဖင့္ အႏုိင္ရျပီး ဆုဖလား ခ်န္ပီယံျဖစ္ခဲ့တာပါ။

လိုဗရန္ဟာ မိနစ္ ၉၀ အျပည့္ ပါဝင္ကစားခဲ့ျပီး ရုရွားကလပ္အတြက္ ပထမဆံုးပြဲမွာတင္ ပထမဆံုး ဆုဖလား စတင္ သိမ္းပိုက္သြားခဲ့တာျဖစ္တယ္။ လီဗာပူးနဲ႔ ေလာေလာလတ္လတ္ပဲ ေအာင္ပြဲခံထားတဲ့ လိုဗရန္က ရုရွားမွာပါ ဆုဖလားအတြက္ ေအာင္ပြဲခံခဲ့တာကိုလည္း ေတြ႔ရပါတယ္။

ဇင္းနစ္ပရိသတ္ေတြဟာ ရုရွားမွာေတာ့ အသင္းကို အားေပးမႈေကာင္းျခင္းေတြေၾကာင့္ နာမည္ၾကီးတဲ့ အသင္းတစ္သင္းျဖစ္တယ္။ သူတို႔ဟာ လီဗာပူးကေန ေျပာင္းလာတဲ့ လိုဗရန္ကိုလည္း ေႏြးေႏြးေထြးေထြး ၾကိဳဆိုခဲ့ၾကပါတယ္။

လိုဗရန္ကိုယ္တိုင္က ပထမဆံုးပြဲ ပထမဆံုးဖလား ဆိုျပီး အင္စတာဂရမ္မွာ ပိုစ့္တင္ခဲ့သလို သူ႔ရဲ႕ ေအာင္ျမင္မႈကို လီဗာပူး ကစားသမားေတြျဖစ္တဲ့ ဟန္ဒါဆန္၊ ဗန္ဒိုက္၊ ဖာမင္ႏို၊ ထရန္႔၊ မာေနးတို႔က ဂုဏ္ျပဳေၾကာင္းေတြ သြားေရာက္ လုပ္ခဲ့ၾကပါတယ္။