လီဗာပူးအသင်းဟာ သြဂုတ်လ ၁၅ ရက်နေ့မှာ ရာသီကြို အစီအစဉ်တွေ ပြန်လည် စတင်မှာဖြစ်ပြီး ဂရုဂျစ်နဲ့ ဝဲလ်ဆန်လို ကစားသမားတွေကလည်း အသင်းထံ ပြန်လာရမှာဖြစ်တယ်။

မေးခွန်းတစ်ခုဖြစ်လာတာက ဂရုဂျစ်နဲ့ ဝဲလ်ဆန်တို့ဟာ စီနီယာအသင်းသားတွေကို ဝင်တိုးဖို့ အရည်အချင်း ပြည့်မှီမလားဖြစ်တယ်။ ဂရုဂျစ်က မနှစ်တုန်းက ဟာသာဘာလင်မှာ ၃၁ ပွဲကစားပြီး ကိုယ်တိုင် ၄ ဂိုးသွင်း ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ခဲ့သလို ဝဲလ်ဆန်ကလည်း ဘုန်းမောက်အတွက် ကိုယ်တိုင် ၇ ဂိုး သွင်းယူခဲ့ပါတယ်။

လီဗာပူးအသင်းဟာ သူတို့ နှစ်ဦးကို ရောင်းထုတ်မှုကနေ ပေါင် သန်း ၄၀ လောက်ရဖို့ မျှော်လင့်ထားခဲ့ပေမယ့် ကိုဗစ်ကပ်ဘေးကြောင့် အသင်းငယ်တွေ ကစားသမား ခေါ်ယူမှု နည်းပါးဖို့ ရှိနေတယ်။ The Times သတင်းမှာ သတင်းထောက် Paul Joyce ဖော်ပြတာကတော့ လီဗာပူးဟာ သူတို့နှစ်ဦးကို မှန်ကန်တဲ့ဈေးနဲ့ မရောင်းထုတ်နိုင်ရင် အငှားထပ်ချမယ်လို့ သိရပါတယ်။

လီဗာပူးအသင်းက အသက် ၂၅ နှစ်အောက်မှာပဲ ရှိသေးတဲ့ သူတို့ နှစ်ဦးအတွက် ဈေးချ ကမ်းလှမ်းမှုတွေကို လက်ခံမှာ မဟုတ်ဘူး။ အဲ့အစား ထပ်မံ အငှားချပြီး သူတို့ရဲ့ ပြောင်းရွှေ့ကြေးကို ထိန်းသိမ်းဖို့ပဲ အာရုံစိုက်မယ်လို့ ဆိုတယ်။

ဂရုဂျစ်က ဂျာမနီကို ပြန်သွားဖွယ်ရှိပြီး ဝဲလ်ဆန်ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေထံ အငှားချပေးမှာဖြစ်တယ်။ မနှစ်ကလည်း သူတို့ နှစ်ဦးကို အငှားချရာက ပေါင် ၅.၅ သန်းလောက် ရခဲ့ကာ ကစားသမားတွေရဲ့ တစ်နှစ်လုပ်ခကို အကာအကွယ် ဖြစ်စေခဲ့သေးတာ ဖြစ်ပါတယ်။

ဂရုဂျစ်၊ ဝဲလ်ဆန်နဲ့ နေးဖိလစ်တို့ဟာ အခြားသော လီဗာပူး လူငယ်တွေလို မဟုတ်ဘဲ အသက် ၂၃ နှစ်တွေကို ကျော်လွန်နေတာကြောင့် အရောင်းနဲ့ အငှား တစ်ခုခုကို လုပ်ဖို့ကို ကလပ်ဘက်က ဆုံးဖြတ်ဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ၾသဂုတ္လ ၁၅ ရက္ေန႔မွာ ရာသီၾကိဳ အစီအစဥ္ေတြ ျပန္လည္ စတင္မွာျဖစ္ျပီး ဂရုဂ်စ္နဲ႔ ဝဲလ္ဆန္လို ကစားသမားေတြကလည္း အသင္းထံ ျပန္လာရမွာျဖစ္တယ္။

ေမးခြန္းတစ္ခုျဖစ္လာတာက ဂရုဂ်စ္နဲ႔ ဝဲလ္ဆန္တို႔ဟာ စီနီယာအသင္းသားေတြကို ဝင္တိုးဖို႔ အရည္အခ်င္း ျပည့္မွီမလားျဖစ္တယ္။ ဂရုဂ်စ္က မႏွစ္တုန္းက ဟာသာဘာလင္မွာ ၃၁ ပြဲကစားျပီး ကိုယ္တိုင္ ၄ ဂိုးသြင္း ဂိုးေထာက္ပံ့မႈ ၂ ၾကိမ္ လုပ္ခဲ့သလို ဝဲလ္ဆန္ကလည္း ဘုန္းေမာက္အတြက္ ကိုယ္တိုင္ ၇ ဂိုး သြင္းယူခဲ့ပါတယ္။

လီဗာပူးအသင္းဟာ သူတို႔ ႏွစ္ဦးကို ေရာင္းထုတ္မႈကေန ေပါင္ သန္း ၄၀ ေလာက္ရဖို႔ ေမွ်ာ္လင့္ထားခဲ့ေပမယ့္ ကိုဗစ္ကပ္ေဘးေၾကာင့္ အသင္းငယ္ေတြ ကစားသမား ေခၚယူမႈ နည္းပါးဖို႔ ရွိေနတယ္။ The Times သတင္းမွာ သတင္းေထာက္ Paul Joyce ေဖာ္ျပတာကေတာ့ လီဗာပူးဟာ သူတို႔ႏွစ္ဦးကို မွန္ကန္တဲ့ေစ်းနဲ႔ မေရာင္းထုတ္ႏုိင္ရင္ အငွားထပ္ခ်မယ္လို႔ သိရပါတယ္။

လီဗာပူးအသင္းက အသက္ ၂၅ ႏွစ္ေအာက္မွာပဲ ရွိေသးတဲ့ သူတို႔ ႏွစ္ဦးအတြက္ ေစ်းခ် ကမ္းလွမ္းမႈေတြကို လက္ခံမွာ မဟုတ္ဘူး။ အဲ့အစား ထပ္မံ အငွားခ်ျပီး သူတုိ႔ရဲ႕ ေျပာင္းေရႊ႔ေၾကးကို ထိန္းသိမ္းဖို႔ပဲ အာရံုစိုက္မယ္လို႔ ဆိုတယ္။

ဂရုဂ်စ္က ဂ်ာမနီကို ျပန္သြားဖြယ္ရွိျပီး ဝဲလ္ဆန္ကိုေတာ့ ပရီးမီးယားလိဂ္ ကလပ္ေတြထံ အငွားခ်ေပးမွာျဖစ္တယ္။ မႏွစ္ကလည္း သူတို႔ ႏွစ္ဦးကို အငွားခ်ရာက ေပါင္ ၅.၅ သန္းေလာက္ ရခဲ့ကာ ကစားသမားေတြရဲ႕ တစ္ႏွစ္လုပ္ခကို အကာအကြယ္ ျဖစ္ေစခဲ့ေသးတာ ျဖစ္ပါတယ္။

ဂရုဂ်စ္၊ ဝဲလ္ဆန္နဲ႔ ေနးဖိလစ္တို႔ဟာ အျခားေသာ လီဗာပူး လူငယ္ေတြလို မဟုတ္ဘဲ အသက္ ၂၃ ႏွစ္ေတြကို ေက်ာ္လြန္ေနတာေၾကာင့္ အေရာင္းနဲ႔ အငွား တစ္ခုခုကို လုပ္ဖို႔ကို ကလပ္ဘက္က ဆံုးျဖတ္ဖို႔ ရည္ရြယ္ေနတာျဖစ္ပါတယ္။