လီဗာပူးအသင်းရဲ့ ရာသီသစ်အတွက် အစီအစဉ်တွေ တပိုင်းတစ်စချင်း သတင်းသစ်တွေ ထွက်လာနေပြီး နောက်ဆုံး သိလာရတဲ့ သတင်းအရတော့ ဗဟိုခံစစ်မှူးနေရာနဲ့ သက်ဆိုင်နေပါတယ်။

လီဗာပူးအသင်းဟာ ခံစစ်မှူး လိုဗရန်ကို ဇင်းနစ်ထံ ပေါင်း ၁၁ သန်းဖြင့် ရောင်းထုတ်ထားပြီး သူ့နေရာကို အစားထိုးမှု လုပ်သွားရမှာပါ။ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေနဲ့ ကာရာဘောင်းလို ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ရမယ့် အသင်းတစ်သင်းဟာ အဓိက ခံစစ်မှူး အနည်းဆုံး လေးဦးလောက် လိုအပ်မယ့် အနေအထားဖြစ်တယ်။

မာေးဆဆိုဒ်အခြေစိုက် Echo သတင်းဌာနမှ လီဗာပူးဆိုင်ရာ သတင်းထောက်ဖြစ်သူ Paul Gorst ကတော့ အသင်းဟာ နွေဈေးကွက်ကနေ စတုတ္ထဦးစားပေး ခံစစ်မှူးနေရာအတွက် လူသစ်တစ်ဦး ရှာဖွေ ခေါ်ယူသွားမယ်လို့ သတင်းပေးလာခဲ့တယ်။ အဆိုပါ နေရာအတွက် လူငယ်အသင်းမှ ခံစစ်သမား တစ်ဦးဦးကို နေရာပေးဖို့ လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဗန်ဒိုက်၊ မာတစ်၊ ဂိုမက်စ်တို့အပြင် ဈေးကွက်ကနေ ခေါ်ယူမယ့် ကစားသမားကို စတုတ္ထခံစစ်သမားအဖြစ် ထားမှာဖြစ်ပြီး လူငယ် ခံစစ်သမားတွေကိုတော့ အချိန်မရွှေး သုံးလို့ရမယ့် ဖလားပွဲတွေနဲ့ အမှတ်ပေးပွဲတွေမှာ သုံးဖို့ ကလပ်ဘက်က ရည်ရွယ်နေဟန်ရှိတယ်။

မနှစ်က ဘောလုံးရာသီ တစ်ခုလုံးမှာ လီဗာပူးက လိဒ်ယူနိုက်တက်မှ ဘမ်ဝိုက်ကို ကင်းထောက် စောင့်ကြည့်ခဲ့သေးပေမယ့် ဗဟိုခံစစ်မှူးနေရာအတွက် အစားထိုးဖို့ရာ ဝိုက်တစ်ဦးတည်းက လီဗာပူးပစ်မှတ် မဟုတ်ပါဘူးလို့ Paul Gorst က ဆိုသွားပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ ရာသီသစ္အတြက္ အစီအစဥ္ေတြ တပိုင္းတစ္စခ်င္း သတင္းသစ္ေတြ ထြက္လာေနျပီး ေနာက္ဆံုး သိလာရတဲ့ သတင္းအရေတာ့ ဗဟိုခံစစ္မွဴးေနရာနဲ႔ သက္ဆိုင္ေနပါတယ္။

လီဗာပူးအသင္းဟာ ခံစစ္မွဴး လိုဗရန္ကို ဇင္းနစ္ထံ ေပါင္း ၁၁ သန္းျဖင့္ ေရာင္းထုတ္ထားျပီး သူ႔ေနရာကို အစားထိုးမႈ လုပ္သြားရမွာပါ။ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ အက္ဖ္ေအနဲ႔ ကာရာေဘာင္းလို ျပိဳင္ပြဲေတြကို ယွဥ္ျပိဳင္ရမယ့္ အသင္းတစ္သင္းဟာ အဓိက ခံစစ္မွဴး အနည္းဆံုး ေလးဦးေလာက္ လိုအပ္မယ့္ အေနအထားျဖစ္တယ္။

မာေးဆဆိုဒ္အေျခစိုက္ Echo သတင္းဌာနမွ လီဗာပူးဆိုင္ရာ သတင္းေထာက္ျဖစ္သူ Paul Gorst ကေတာ့ အသင္းဟာ ေႏြေစ်းကြက္ကေန စတုတၳဦးစားေပး ခံစစ္မွဴးေနရာအတြက္ လူသစ္တစ္ဦး ရွာေဖြ ေခၚယူသြားမယ္လို႔ သတင္းေပးလာခဲ့တယ္။ အဆိုပါ ေနရာအတြက္ လူငယ္အသင္းမွ ခံစစ္သမား တစ္ဦးဦးကို ေနရာေပးဖို႔ လုပ္ေဆာင္သြားမွာ မဟုတ္ဘူးလို႔လည္း သူက ဆိုပါတယ္။

ဗန္ဒိုက္၊ မာတစ္၊ ဂိုမက္စ္တို႔အျပင္ ေစ်းကြက္ကေန ေခၚယူမယ့္ ကစားသမားကို စတုတၳခံစစ္သမားအျဖစ္ ထားမွာျဖစ္ျပီး လူငယ္ ခံစစ္သမားေတြကိုေတာ့ အခ်ိန္မေရႊး သံုးလို႔ရမယ့္ ဖလားပြဲေတြနဲ႔ အမွတ္ေပးပြဲေတြမွာ သံုးဖို႔ ကလပ္ဘက္က ရည္ရြယ္ေနဟန္ရွိတယ္။

မႏွစ္က ေဘာလံုးရာသီ တစ္ခုလံုးမွာ လီဗာပူးက လိဒ္ယူႏုိက္တက္မွ ဘမ္ဝိုက္ကို ကင္းေထာက္ ေစာင့္ၾကည့္ခဲ့ေသးေပမယ့္ ဗဟိုခံစစ္မွဴးေနရာအတြက္ အစားထိုးဖို႔ရာ ဝိုက္တစ္ဦးတည္းက လီဗာပူးပစ္မွတ္ မဟုတ္ပါဘူးလို႔ Paul Gorst က ဆိုသြားပါတယ္။