နယူးကာဆယ် မန်နေဂျာ စတိဗ် ဘရုစ်ဟာ လီဗာပူးလူငယ် ဝဲလ်ဆန်ကို လာမယ့်ရာသီအတွက် ခေါ်ယူလိုနေကြောင်း ဒေသတွင်းသတင်းဖြစ်တဲ့ The Nothern Echo မှာ စတင် ဖော်ပြနေကြပြီဖြစ်ပါတယ်။

မနှစ်ကရာသီ ဘုန်းမောက်ကို အငှားထွက်ပြီး ကိုယ်တိုင် ၇ ဂိုးသွင်းခဲ့တဲ့ ဝေလ်းအသင်းသားကို ခေါ်ယူလိုတဲ့ ကလပ်တွေ အများအပြား ရှိနေဆဲပါ။ လီဗာပူးဘက်က ကစားသမားကို အပြီးသတ် ရောင်းထုတ်လိုပေမယ့် သင့်လျော်တဲ့ ကမ်းလှမ်းမှု မရဘူးဆိုရင် ပြောင်းရွှေ့ကြေးကို ထိန်းသိမ်းနိုင်ဖို့ အငှားချမှုကိုပဲ ပြုလုပ်မှာဖြစ်တယ်။

ဝဲလ်ဆန်ကို ဘုန်းမောက်ထံ အငှားချမှုမှာ အပြီးသတ်စာချုပ် မပါခဲ့သလို ဘုန်းမောက်အသင်း တန်းဆင်းခဲ့ရလို့ နှစ်သင်းကြား အပြောင်းအရွှေ့ လှုပ်ရှားမှုတွေလည်း ရှိမှာ မဟုတ်ပါဘူး။ ဝဲလ်ဆန်ကို အငှားချခဲ့ရင်လည်း ပရီးမီးယားလိဂ် အဆင့် ကလပ်တွေကိုပဲ အငှားချဖို့ လီဗာပူးက ဆန္ဒရှိနေတာဖြစ်တယ်။

နယူးကာဆယ်ဘက်က ဝဲလ်ဆန်ကို ခေါ်ယူလိုပေမယ့် လီဗာပူးအသင်း ရလိုတဲ့ ပေါင် ၂၅-၃၀ ကြား ပေးမယ့် ကမ်းလှမ်းမှုတော့ မဟုတ်ပါဘူး။ ၎င်းတို့ဘက်ကတော့ တစ်ရာသီ အငှားခေါ်ယူမှုမျိုးကိုပဲ ကမ်းလှမ်းလိုခြင်းဖြစ်တယ်။

အဆိုပါကိစ္စအတွက် ဆွေးနွေးမှုတွေ မတိုင်ခင်မှာတော့ ဝဲလ်ဆန်ဟာ ရာသီကြိုကို လီဗာပူးနဲ့ပဲ ပူးပေါင်းရပါမယ်။ ကလော့ပ်က စီနီယာအသင်းမှာ ဝဲလ်ဆန်အပြင် အငှားချ ကစားသမားတွေရဲ့ အနေအထားကို သုံးသပ်ပေးမှာဖြစ်ပြီး ပြီးမှပဲ နောက်ထပ် ဆုံးဖြတ်ချက်တွေ ထပ်မံ ရှိသွားပါလိမ့်မယ်။

ZAWGYI

နယူးကာဆယ္ မန္ေနဂ်ာ စတိဗ္ ဘရုစ္ဟာ လီဗာပူးလူငယ္ ဝဲလ္ဆန္ကို လာမယ့္ရာသီအတြက္ ေခၚယူလိုေနေၾကာင္း ေဒသတြင္းသတင္းျဖစ္တဲ့ The Nothern Echo မွာ စတင္ ေဖာ္ျပေနၾကျပီျဖစ္ပါတယ္။

မႏွစ္ကရာသီ ဘုန္းေမာက္ကို အငွားထြက္ျပီး ကိုယ္တုိင္ ၇ ဂိုးသြင္းခဲ့တဲ့ ေဝလ္းအသင္းသားကို ေခၚယူလိုတဲ့ ကလပ္ေတြ အမ်ားအျပား ရွိေနဆဲပါ။ လီဗာပူးဘက္က ကစားသမားကို အျပီးသတ္ ေရာင္းထုတ္လိုေပမယ့္ သင့္ေလ်ာ္တဲ့ ကမ္းလွမ္းမႈ မရဘူးဆုိရင္ ေျပာင္းေရႊ႔ေၾကးကို ထိန္းသိမ္းႏုိင္ဖို႔ အငွားခ်မႈကိုပဲ ျပဳလုပ္မွာျဖစ္တယ္။

ဝဲလ္ဆန္ကို ဘုန္းေမာက္ထံ အငွားခ်မႈမွာ အျပီးသတ္စာခ်ဳပ္ မပါခဲ့သလို ဘုန္းေမာက္အသင္း တန္းဆင္းခဲ့ရလို႔ ႏွစ္သင္းၾကား အေျပာင္းအေရႊ႔ လႈပ္ရွားမႈေတြလည္း ရွိမွာ မဟုတ္ပါဘူး။ ဝဲလ္ဆန္ကို အငွားခ်ခ့ဲရင္လည္း ပရီးမီးယားလိဂ္ အဆင့္ ကလပ္ေတြကိုပဲ အငွားခ်ဖို႔ လီဗာပူးက ဆႏၵရွိေနတာျဖစ္တယ္။

နယူးကာဆယ္ဘက္က ဝဲလ္ဆန္ကို ေခၚယူလိုေပမယ့္ လီဗာပူးအသင္း ရလိုတဲ့ ေပါင္ ၂၅-၃၀ ၾကား ေပးမယ့္ ကမ္းလွမ္းမႈေတာ့ မဟုတ္ပါဘူး။ ၄င္းတို႔ဘက္ကေတာ့ တစ္ရာသီ အငွားေခၚယူမႈမ်ိဳးကိုပဲ ကမ္းလွမ္းလိုျခင္းျဖစ္တယ္။

အဆိုပါကိစၥအတြက္ ေဆြးေႏြးမႈေတြ မတိုင္ခင္မွာေတာ့ ဝဲလ္ဆန္ဟာ ရာသီၾကိဳကို လီဗာပူးနဲ႔ပဲ ပူးေပါင္းရပါမယ္။ ကေလာ့ပ္က စီနီယာအသင္းမွာ ဝဲလ္ဆန္အျပင္ အငွားခ် ကစားသမားေတြရဲ႕ အေနအထားကို သံုးသပ္ေပးမွာျဖစ္ျပီး ျပီးမွပဲ ေနာက္ထပ္ ဆံုးျဖတ္ခ်က္ေတြ ထပ္မံ ရွိသြားပါလိမ့္မယ္။