ယာဂင်ကလော့ပ် လက်အောက်မှာ ကစားရတာက ဘယ်လို ဂုဏ်ယူစရာလဲဆိုတဲ့အပေါ် လီဗာပူးကွင်းလယ်လူ ကားတစ်ဂျုံးက ထုတ်ဖော် ပြောဆိုလာပါတယ်။

ကားတစ်ဂျုံးက ” ကလော့ပ်နဲ့ ပက်သက်ပြီး ကျနော်မှာ ပြောစရာ စကားတစ်ခွန်းပဲရှိတယ်။ အဲ့တာက ပြီးပြည့်စုံတယ် ဆိုတာပဲ။ သူက ခံစစ်သမား၊ ကွင်းလယ်လူ၊ တိုက်စစ်သမား၊ ဂိုးသမား အစရှိတဲ့ ဘယ်ကစားသမားအတွက်မဆို ပြီးပြည့်စုံစေတဲ့ မန်နေဂျာမျိုးဖြစ်တယ်။

ယာဂင်ကလော့ပ်ဆိုတာ အဲ့လို ပုဂ္ဂိုလ်ပဲ၊ သူက အသင်းသားတိုင်းအတွက် ရှေ့ဆောင်လမ်းပြပေးသူဖြစ်တယ်။ အသင်းဖော်တွေကို ဦးဆောင်ဦးရွက်ပြုတဲ့ သူဖြစ်ဖို့ဆိုတာက အသင်းခေါင်းဆောင်ဖြစ်မှ၊ လက်ထောက်ခေါင်းဆောင်ဖြစ်မှ မဟုတ်ဘူး။ လူငယ် လူကြီးရယ်လို့ မဟုတ်ဘူး။ ယာဂင်ဟာ လူတိုင်းရဲ့ လေးစားမှုကို မြင့်မြင့်မားမား ရထားတဲ့ သူမျိုးဖြစ်တယ်။

ဒီလူကြီးက မင်းက ကောင်းကောင်းလုပ်ရင် ပထမဆုံး ချီးကျူးမယ့် လူစားမျိုး။ ဒါပေမယ့် မင်းက မကောင်းဘူးဆိုရင် ပထမဆုံး မင်းကို ဝေဖန်မယ့် သူလည်းဖြစ်တယ်။ သူက ကျနော်ကို အကောင်းဆုံး လမ်းညွှန်မှုတွေ လုပ်ပေးထားတယ်။ ကျနော် ပါဝင်ဖို့ ပြီးပြည့်စုံတဲ့ အချိန်လို့ ယူဆချိန်တွေမှာ ကျနော်ကို ပါဝင်ခွင့် ပြုသူဖြစ်တယ်။

ကျနော် အကောင်းဆုံး မကစားနိုင်မယ့် ခက်ခဲတဲ့ အချိန်မျိုးမှာ သူက ကျနော်ကို ထည့်သွင်းတာတွေ ဘယ်တော့မှ မလုပါဘူး။ သူက ဘယ်ပွဲက ပြည့်စုံသလဲဆိုတာကို ကောင်းကောင်းသိတယ်။ ဒါကြောင့်လည်း မန်နေဂျာက ပြည့်စုံတဲ့သူလို့ ကျနော် ပြောရတာပါ။

အဲ့တာအပြင် သူက လူကောင်းတစ်ဦးဖြစ်ပြီး သူ့ရဲ့ အမူအကျင့်က ထိပ်တန်းမှာ ရှိတယ်။ သူနဲ့ အလုပ်တွဲလုပ်ရတာကို ကျနော် နှစ်သက်မိပါတယ်။ မန်နေဂျာကလော့ပ်နဲ့ နှစ်တွေအများကြီး အလုပ်တွဲလုပ်ရပါစေလို့ ကျနော် မျှော်လင့်မိတာပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ယာဂင္ကေလာ့ပ္ လက္ေအာက္မွာ ကစားရတာက ဘယ္လို ဂုဏ္ယူစရာလဲဆိုတဲ့အေပၚ လီဗာပူးကြင္းလယ္လူ ကားတစ္ဂ်ံဳးက ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။

ကားတစ္ဂ်ံဳးက ” ကေလာ့ပ္နဲ႔ ပက္သက္ျပီး က်ေနာ္မွာ ေျပာစရာ စကားတစ္ခြန္းပဲရွိတယ္။ အဲ့တာက ျပီးျပည့္စံုတယ္ ဆိုတာပဲ။ သူက ခံစစ္သမား၊ ကြင္းလယ္လူ၊ တိုက္စစ္သမား၊ ဂိုးသမား အစရွိတဲ့ ဘယ္ကစားသမားအတြက္မဆို ျပီးျပည့္စံုေစတဲ့ မန္ေနဂ်ာမ်ိဳးျဖစ္တယ္။

ယာဂင္ကေလာ့ပ္ဆိုတာ အဲ့လို ပုဂၢိဳလ္ပဲ၊ သူက အသင္းသားတိုင္းအတြက္ ေရွ႔ေဆာင္လမ္းျပေပးသူျဖစ္တယ္။ အသင္းေဖာ္ေတြကို ဦးေဆာင္ဦးရြက္ျပဳတဲ့ သူျဖစ္ဖုိ႔ဆိုတာက အသင္းေခါင္းေဆာင္ျဖစ္မွ၊ လက္ေထာက္ေခါင္းေဆာင္ျဖစ္မွ မဟုတ္ဘူး။ လူငယ္ လူၾကီးရယ္လို႔ မဟုတ္ဘူး။ ယာဂင္ဟာ လူတိုင္းရဲ႕ ေလးစားမႈကို ျမင့္ျမင့္မားမား ရထားတဲ့ သူမ်ိဳးျဖစ္တယ္။

ဒီလူၾကီးက မင္းက ေကာင္းေကာင္းလုပ္ရင္ ပထမဆံုး ခ်ီးက်ဴးမယ့္ လူစားမ်ိဳး။ ဒါေပမယ့္ မင္းက မေကာင္းဘူးဆိုရင္ ပထမဆံုး မင္းကို ေဝဖန္မယ့္ သူလည္းျဖစ္တယ္။ သူက က်ေနာ္ကို အေကာင္းဆံုး လမ္းညႊန္မႈေတြ လုပ္ေပးထားတယ္။ က်ေနာ္ ပါဝင္ဖို႔ ျပီးျပည့္စံုတဲ့ အခ်ိန္လို႔ ယူဆခ်ိန္ေတြမွာ က်ေနာ္ကို ပါဝင္ခြင့္ ျပဳသူျဖစ္တယ္။

က်ေနာ္ အေကာင္းဆံုး မကစားႏုိင္မယ့္ ခက္ခဲတဲ့ အခ်ိန္မ်ိဳးမွာ သူက က်ေနာ္ကို ထည့္သြင္းတာေတြ ဘယ္ေတာ့မွ မလုပါဘူး။ သူက ဘယ္ပြဲက ျပည့္စံုသလဲဆိုတာကို ေကာင္းေကာင္းသိတယ္။ ဒါေၾကာင့္လည္း မန္ေနဂ်ာက ျပည့္စံုတဲ့သူလို႔ က်ေနာ္ ေျပာရတာပါ။

အဲ့တာအျပင္ သူက လူေကာင္းတစ္ဦးျဖစ္ျပီး သူ႔ရဲ႕ အမူအက်င့္က ထိပ္တန္းမွာ ရွိတယ္။ သူနဲ႔ အလုပ္တြဲလုပ္ရတာကို က်ေနာ္ ႏွစ္သက္မိပါတယ္။ မန္ေနဂ်ာကေလာ့ပ္နဲ႔ ႏွစ္ေတြအမ်ားၾကီး အလုပ္တြဲလုပ္ရပါေစလို႔ က်ေနာ္ ေမွ်ာ္လင့္မိတာပါပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။