ပရီးမီးယားလိဂ် တန်းတက်ကလပ် လိဒ်ယူနိုက်တက်အသင်းဟာ ဘရိုက်တန် ခံစစ်မှူး ဘမ်ဝိုက်အတွက် ပထမအကြိမ် ကမ်းလှမ်းမှု ပေါင် ၁၈.၅ သန်းကို ငြင်းဆန်ခဲ့သလို ထပ်တိုး ကမ်းလှမ်းတဲ့ ပေါင် ၂၂ သန်းကိုလည်း တရားဝင် ငြင်းဆန်လိုက်ပြီဖြစ်ပါတယ်။

လိဒ်ဟာ ဘမ်ဝိုက်ကို ခေါ်ယူရေးမှာ လီဗာပူးကို အသာရဖို့ ခပ်မြန်မြန် ကြိုးစားလာတာဖြစ်ပေမယ့် ကမ်းလှမ်းမှု ၂ ကြိမ်လုံး ငြင်းဆန်ခံရတာဖြစ်တယ်။ မနှစ်ကရာသီ ဘရိုက်တန်ကနေ လိဒ်ကို အငှားထွက်ကစားပြီး တောက်ပခဲ့တဲ့ အင်္ဂလန်လူငယ်လေးကို လိဒ်နဲ့ လီဗာပူးတို့က အလေးအနက် စိတ်ဝင်စားနေပါတယ်။

အင်္ဂလန်ရဲ့ အနာဂတ် ကွင်းလယ်လူလို့ နာမည်ရနေတဲ့ ဘမ်ဝိုက်ဟာ ဘရိုက်တန်ရဲ့ ဘဏ္ဍာရေးအတွက် အဓိက ကျလာခဲ့သူပါ။ ချန်ပီယံရှစ်မှာ ထူးချွန်ခဲ့တဲ့ ဘမ်ဝိုက်ကို ဘရိုက်တန်ဘက်က သူတို့ စီနီယာအသင်းမှာ ထည့်သုံးဖို့ စတင် ရည်ရွယ်လာပေမယ့် ဒါဟာ ငွေပုံပေါ် ထိုင်ထားမိနေတယ်ဆိုတာကိုလည်း သူတို့ နားလည်တယ်။

ဗဟိုခံစစ်မှူးသစ် ရှာဖွေနေတဲ့ လီဗာပူးဟာ ဘမ်ဝိုက်ကို တစ်ရာသီလုံး စောင့်ကြည့်မှု လုပ်ထားတာဖြစ်တယ်။ ဘရိုက်တန်ဘက်ကတော့ လီဗာပူးဟာ လိဒ်နဲ့ ယှဉ်ပြိုင်ဖို့ ဈေးကွက်ထဲ သေချာပေါက် ဝင်လာမယ်လို့ ယုံကြည်ထားတယ်။ ဒါကြောင့်လည်း လိဒ်ရဲ့ ပေါင် ၂၂ သန်းတန် ကမ်းလှမ်းမှုကိုပါ မာမာထန်ထန် ပယ်ချခဲ့တာဖြစ်တယ်။

အသက် ၂၂ နှစ်အရွယ် ဘမ်ဝိုက်ကို လီဗာပူးဘက်ကပါ ဝင်ရောက် ကမ်းလှမ်းလာမယ်ဆိုရင် ပေါင်း သန်း ၃၀ လောက်ထိ မြင့်တက်အောင် လုပ်နိုင်မယ်လို့ ဘရိုက်တန်ဘက်က ယုံကြည်နေတယ်။ လက်ရှိမှာ ဥရောပဈေးကွက် စဖွင့်နေပြီဖြစ်ပြီး အောက်တိုဘာလ ၅ ရက်ကနေ အောက်တိုဘာ ၁၆ ရက်ကြားမှာတော့ ပရီးမီးယားလိဂ်နဲ့ အောက်တန်း ကလပ်တွေကြား အပြောင်းအရွှေ့ပဲ လုပ်ခွင့်ရမယ့် ကာလဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ တန္းတက္ကလပ္ လိဒ္ယူႏုိက္တက္အသင္းဟာ ဘရိုက္တန္ ခံစစ္မွဴး ဘမ္ဝိုက္အတြက္ ပထမအၾကိမ္ ကမ္းလွမ္းမႈ ေပါင္ ၁၈.၅ သန္းကို ျငင္းဆန္ခဲ့သလို ထပ္တိုး ကမ္းလွမ္းတဲ့ ေပါင္ ၂၂ သန္းကိုလည္း တရားဝင္ ျငင္းဆန္လိုက္ျပီျဖစ္ပါတယ္။

လိဒ္ဟာ ဘမ္ဝိုက္ကို ေခၚယူေရးမွာ လီဗာပူးကို အသာရဖို႔ ခပ္ျမန္ျမန္ ၾကိဳးစားလာတာျဖစ္ေပမယ့္ ကမ္းလွမ္းမႈ ၂ ၾကိမ္လံုး ျငင္းဆန္ခံရတာျဖစ္တယ္။ မႏွစ္ကရာသီ ဘရိုက္တန္ကေန လိဒ္ကို အငွားထြက္ကစားျပီး ေတာက္ပခဲ့တဲ့ အဂၤလန္လူငယ္ေလးကို လိဒ္နဲ႔ လီဗာပူးတို႔က အေလးအနက္ စိတ္ဝင္စားေနပါတယ္။

အဂၤလန္ရဲ႕ အနာဂတ္ ကြင္းလယ္လူလို႔ နာမည္ရေနတဲ့ ဘမ္ဝိုက္ဟာ ဘရိုက္တန္ရဲ႕ ဘ႑ာေရးအတြက္ အဓိက က်လာခဲ့သူပါ။ ခ်န္ပီယံရွစ္မွာ ထူးခၽြန္ခဲ့တဲ့ ဘမ္ဝိုက္ကို ဘရိုက္တန္ဘက္က သူတို႔ စီနီယာအသင္းမွာ ထည့္သံုးဖို႔ စတင္ ရည္ရြယ္လာေပမယ့္ ဒါဟာ ေငြပံုေပၚ ထိုင္ထားမိေနတယ္ဆိုတာကိုလည္း သူတို႔ နားလည္တယ္။

ဗဟိုခံစစ္မွဴးသစ္ ရွာေဖြေနတဲ့ လီဗာပူးဟာ ဘမ္ဝိုက္ကို တစ္ရာသီလံုး ေစာင့္ၾကည့္မႈ လုပ္ထားတာျဖစ္တယ္။ ဘရိုက္တန္ဘက္ကေတာ့ လီဗာပူးဟာ လိဒ္နဲ႔ ယွဥ္ျပိဳင္ဖို႔ ေစ်းကြက္ထဲ ေသခ်ာေပါက္ ဝင္လာမယ္လို႔ ယံုၾကည္ထားတယ္။ ဒါေၾကာင့္လည္း လိဒ္ရဲ႕ ေပါင္ ၂၂ သန္းတန္ ကမ္းလွမ္းမႈကိုပါ မာမာထန္ထန္ ပယ္ခ်ခဲ့တာျဖစ္တယ္။

အသက္ ၂၂ ႏွစ္အရြယ္ ဘမ္ဝိုက္ကို လီဗာပူးဘက္ကပါ ဝင္ေရာက္ ကမ္းလွမ္းလာမယ္ဆိုရင္ ေပါင္း သန္း ၃၀ ေလာက္ထိ ျမင့္တက္ေအာင္ လုပ္ႏုိင္မယ္လို႔ ဘရိုက္တန္ဘက္က ယံုၾကည္ေနတယ္။ လက္ရွိမွာ ဥေရာပေစ်းကြက္ စဖြင့္ေနျပီျဖစ္ျပီး ေအာက္တိုဘာလ ၅ ရက္ကေန ေအာက္တိုဘာ ၁၆ ရက္ၾကားမွာေတာ့ ပရီးမီးယားလိဂ္နဲ႔ ေအာက္တန္း ကလပ္ေတြၾကား အေျပာင္းအေရႊ႔ပဲ လုပ္ခြင့္ရမယ့္ ကာလျဖစ္ပါတယ္။