မနေ့တုန်းက နော်ဝစ် ဘယ်အစွန်လူ ဂျမယ် လူးဝစ်ကို ပေါင် ၁၀ သန်း ရောက်နိုင်မယ့် ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းမှု ငြင်းဆန်ခံရအပြီးမှာ လီဗာပူးဟာ ဂရိဘယ်အစွန်လူဘက်ကို ဦးလှည့်ခဲ့ပါတယ်။

လူးဝစ်နဲ့ ကိုစတက်တို့ဟာ ဒီနွေမှာ ဘယ်အစွန်လူနေရာအတွက် လီဗာပူး အဓိက အင်အားဖြည့်လိုသူ နှစ်ဦးဖြစ်တယ်။ ကိုစတက်ဟာ အသက် ၂၄ နှစ်အရွယ်ဖြစ်ပြီး ဒီရာသီ အိုလံပီယာကိုစ့်အသင်းရဲ့ အဓိက ဘယ်အစွန်လူဖြစ်ကာ ပြိုင်ပွဲစုံ ၄၆ ပွဲအတွင်း ဂိုးထောက်ပံ့မှု ၇ ကြိမ် လုပ်ထားနိုင်သူ ဖြစ်ပါတယ်။

လီဗာပူးက အိုလံပီယာကိုစ့် တာဝန်ရှိသူတွေကို ကိုစတက်အတွက် ပထမဆုံးအကြိမ် ကမ်းလှမ်းမှုအဖြစ် ပေါင် ၁၀ သန်းကို ကမ်းလှမ်းခဲ့တယ်။ ဒါပေမယ့် အိုလံပီယာကိုစ့်ဘက်က ငြင်းဆန်ခဲ့ပြီး ပေါင် ၁၆.၂၇ သန်း အလိုရှိတယ်လို့ အကြောင်းပြန်ပါတယ်။ လက်ရှိမှာ ဂရိကလပ် တာဝန်ရှိသူတွေက ဗြိတိန်မှာ ရှိနေတယ်လို့လည်း သိရတယ်။

လူးဝစ်ကော ကိုစတက်ကိုပါ လီဗာပူးက ရော်ဘတ်ဆန် နေရာမှာ အရန်အဖြစ် ထားဖို့ပဲ ရည်ရွယ်ထားတာပါ။ မနှစ်ကရာသီ ပြိုင်ပွဲစုံ ၄ ပွဲပဲ လွတ်ထားတဲ့ စကော့သားနေရာ လူစာရင်းဟာ ကလပ်ရဲ့ အားအနည်းဆုံးနေရာလို့ လီဗာပူးဘက်က ယူဆတယ်။ ဒါပေမယ့် အရန်လူတစ်ဦးအတွက် မြင့်မားတဲ့ အသုံးစရိတ် ထုတ်ဖို့တော့ မရှိပါဘူး။

လာမယ့် ရက်ပိုင်းတွေမှာ လီဗာပူးက သူတို့ နှစ်ဦးထဲက တစ်ဦးကို ဦးစားပေးအဖြစ် ထပ်မံ ကမ်းလှမ်းသွားမှာဖြစ်ပြီး ကလပ်တွေ တောင်းဆိုတဲ့ အနေအထားအရ လီဗာပူးဟာ ဂျမယ် လူးဝစ်ကိုပဲ ဒုတိယအကြိမ် ကမ်းလှမ်းမှု လုပ်မယ်လို့ ယူဆရပါတယ်။

ZAWGYI

မေန႔တုန္းက ေနာ္ဝစ္ ဘယ္အစြန္လူ ဂ်မယ္ လူးဝစ္ကို ေပါင္ ၁၀ သန္း ေရာက္ႏုိင္မယ့္ ေျပာင္းေရႊ႔ေၾကးျဖင့္ ကမ္းလွမ္းမႈ ျငင္းဆန္ခံရအျပီးမွာ လီဗာပူးဟာ ဂရိဘယ္အစြန္လူဘက္ကို ဦးလွည့္ခဲ့ပါတယ္။

လူးဝစ္နဲ႔ ကိုစတက္တို႔ဟာ ဒီေႏြမွာ ဘယ္အစြန္လူေနရာအတြက္ လီဗာပူး အဓိက အင္အားျဖည့္လိုသူ ႏွစ္ဦးျဖစ္တယ္။ ကိုစတက္ဟာ အသက္ ၂၄ ႏွစ္အရြယ္ျဖစ္ျပီး ဒီရာသီ အိုလံပီယာကိုစ့္အသင္းရဲ႕ အဓိက ဘယ္အစြန္လူျဖစ္ကာ ျပိဳင္ပြဲစံု ၄၆ ပြဲအတြင္း ဂိုးေထာက္ပံ့မႈ ၇ ၾကိမ္ လုပ္ထားႏုိင္သူ ျဖစ္ပါတယ္။

လီဗာပူးက အိုလံပီယာကိုစ့္ တာဝန္ရွိသူေတြကို ကိုစတက္အတြက္ ပထမဆံုးအၾကိမ္ ကမ္းလွမ္းမႈအျဖစ္ ေပါင္ ၁၀ သန္းကို ကမ္းလွမ္းခဲ့တယ္။ ဒါေပမယ့္ အိုလံပီယာကိုစ့္ဘက္က ျငင္းဆန္ခဲ့ျပီး ေပါင္ ၁၆.၂၇ သန္း အလိုရွိတယ္လို႔ အေၾကာင္းျပန္ပါတယ္။ လက္ရွိမွာ ဂရိကလပ္ တာဝန္ရွိသူေတြက ျဗိတိန္မွာ ရွိေနတယ္လို႔လည္း သိရတယ္။

လူးဝစ္ေကာ ကိုစတက္ကိုပါ လီဗာပူးက ေရာ္ဘတ္ဆန္ ေနရာမွာ အရန္အျဖစ္ ထားဖို႔ပဲ ရည္ရြယ္ထားတာပါ။ မႏွစ္ကရာသီ ျပိဳင္ပြဲစံု ၄ ပြဲပဲ လြတ္ထားတဲ့ စေကာ့သားေနရာ လူစာရင္းဟာ ကလပ္ရဲ႕ အားအနည္းဆံုးေနရာလို႔ လီဗာပူးဘက္က ယူဆတယ္။ ဒါေပမယ့္ အရန္လူတစ္ဦးအတြက္ ျမင့္မားတဲ့ အသံုးစရိတ္ ထုတ္ဖို႔ေတာ့ မရွိပါဘူး။

လာမယ့္ ရက္ပိုင္းေတြမွာ လီဗာပူးက သူတို႔ ႏွစ္ဦးထဲက တစ္ဦးကို ဦးစားေပးအျဖစ္ ထပ္မံ ကမ္းလွမ္းသြားမွာျဖစ္ျပီး ကလပ္ေတြ ေတာင္းဆိုတဲ့ အေနအထားအရ လီဗာပူးဟာ ဂ်မယ္ လူးဝစ္ကိုပဲ ဒုတိယအၾကိမ္ ကမ္းလွမ္းမႈ လုပ္မယ္လို႔ ယူဆရပါတယ္။