ဘိုင်ယန်မန်နေဂျာ ဖီလစ်က သီယေဂိုရဲ့ ပရီးမီးယားလိဂ်ကို ပြောင်းလိုစိတ် ထက်သန်နေမှုကို နားလည်ပါတယ်လို့ ထုတ်ပြောလာပါတယ်။

ဘိုင်ယန်နဲ့ စာချုပ်ကုန်တော့မယ့် သီယေဂိုကို ဒီနွေမှာ ဂျာမနီကလပ်က ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။ သူ့ကို ခေါ်ယူဖို့ လီဗာပူးအသင်းက သတင်းအကြီးဆုံး ဖြစ်ပေမယ့် ကလပ်ဘက်က ချန်ပီယံလိဂ်အပြီးမှာ သီယေဂိုရဲ့ ကြံ့ခိုင်မှုနဲ့ အခြားသော အခြေအနေတွေကို စစ်ဆေးလိုတယ်။

သီယေဂိုဟာ အသက် ၂၉ နှစ်အရွယ်ဖြစ်ပြီး ကွင်းလယ် နံပါတ် ၆ နဲ့ နံပါတ် ၈ နေရာတွေကို အထူးပြု ကစားသူဖြစ်တယ်။ သူ့အတွက် ပြောင်းရွှေ့ကြေးက ယူရို သန်း ၃၀ ရှိမယ်လို့ သတင်းထွက်ထားပါတယ်။

ဖီလစ်က “ သီယေဂိုက သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး စိတ်မအေးနိုင် ဖြစ်နေမယ်ဆိုတာကို ကျနော် နားလည်ပါတယ်။ သီယေဂိုက စပိန်မှာ ဘာစီလိုနာအတွက် ကစားပေးခဲ့တယ်။ ဘွန်ဒက်လီဂါမှာ ဘိုင်ယန်အတွက် ကစားပေးခဲ့ပါတယ်။ ကစားခွင့်ရမယ်ဆိုရင် သူက ပရီးမီးယားလိဂ်မှာ ကစားလိုနေတယ်ဆိုတာကို ကျနော် နားလည်ပေးလို့ရပါတယ်။

ဒါက စိတ်ပျက်စရာ ကိစ္စလည်း ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ သီယေဂိုက ကျနေ်ာတို့ရဲ့ အသင်းကို သေချာတာတွေ လုပ်ပေးနိုင်နေတာကြောင့်ပါ။ ဒါကြောင့်လည်း မန်နေဂျာတစ်ယောက်အဖြစ် ကျနေ်ာ သူ့ကို သဘောကျနေရခြင်းပဲ ဖြစ်ပါတယ်။ လာမယ့် နှစ်အနည်းငယ်လောက်ထိ အသင်းမှာ သူ့ကို ဆက်ရှိစေလိုပါတယ်။ ဒါပေမယ့် ဒါက ဘဝပဲလေ။ အားလုံးက ဆက်သွားရမှာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

သီယေဂိုဟာ မနက်က ယှဉ်ပြိုင်တဲ့ ချယ်ဆီးနဲ့ပွဲမှာ ခြေစွမ်းပြခဲ့သူ တစ်ဦးဖြစ်တယ်။ လက်တလောထိ လီဗာပူးနဲ့ သတင်းကြီးနေတဲ့ သီယေဂိုကို မည်သည့် ကလပ်ကမှ တရားဝင် ကမ်းလှမ်းမှု မရှိထားပါဘူး။ သူ့ကို စိတ်ဝင်စားတဲ့ ကလပ်တွေကလည်း ချန်ပီယံလိဂ်အပြီးထိ စောင့်ရမယ်လို့တော့ သိထားရတာ ဖြစ်ပါတယ်။

ZAWGYI

ဘိုင္ယန္မန္ေနဂ်ာ ဖီလစ္က သီေယဂိုရဲ႕ ပရီးမီးယားလိဂ္ကို ေျပာင္းလိုစိတ္ ထက္သန္ေနမႈကို နားလည္ပါတယ္လို႔ ထုတ္ေျပာလာပါတယ္။

ဘိုင္ယန္နဲ႔ စာခ်ဳပ္ကုန္ေတာ့မယ့္ သီေယဂိုကို ဒီေႏြမွာ ဂ်ာမနီကလပ္က ေရာင္းထုတ္သြားဖို႔ ရွိေနပါတယ္။ သူ႔ကို ေခၚယူဖို႔ လီဗာပူးအသင္းက သတင္းအၾကီးဆံုး ျဖစ္ေပမယ့္ ကလပ္ဘက္က ခ်န္ပီယံလိဂ္အျပီးမွာ သီေယဂိုရဲ႕ ၾကံ႕ခိုင္မႈနဲ႔ အျခားေသာ အေျခအေနေတြကို စစ္ေဆးလိုတယ္။

သီေယဂိုဟာ အသက္ ၂၉ ႏွစ္အရြယ္ျဖစ္ျပီး ကြင္းလယ္ နံပါတ္ ၆ နဲ႔ နံပါတ္ ၈ ေနရာေတြကို အထူးျပဳ ကစားသူျဖစ္တယ္။ သူ႔အတြက္ ေျပာင္းေရႊ႔ေၾကးက ယူရို သန္း ၃၀ ရွိမယ္လို႔ သတင္းထြက္ထားပါတယ္။

ဖီလစ္က “ သီေယဂိုက သူ႔ရဲ႕ အနာဂတ္နဲ႔ ပက္သက္ျပီး စိတ္မေအးႏုိင္ ျဖစ္ေနမယ္ဆိုတာကို က်ေနာ္ နားလည္ပါတယ္။ သီေယဂိုက စပိန္မွာ ဘာစီလိုနာအတြက္ ကစားေပးခဲ့တယ္။ ဘြန္ဒက္လီဂါမွာ ဘိုင္ယန္အတြက္ ကစားေပးခဲ့ပါတယ္။ ကစားခြင့္ရမယ္ဆိုရင္ သူက ပရီးမီးယားလိဂ္မွာ ကစားလိုေနတယ္ဆိုတာကို က်ေနာ္ နားလည္ေပးလို႔ရပါတယ္။

ဒါက စိတ္ပ်က္စရာ ကိစၥလည္း ျဖစ္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ သီေယဂိုက က်ေန္ာတို႔ရဲ႕ အသင္းကို ေသခ်ာတာေတြ လုပ္ေပးႏုိင္ေနတာေၾကာင့္ပါ။ ဒါေၾကာင့္လည္း မန္ေနဂ်ာတစ္ေယာက္အျဖစ္ က်ေန္ာ သူ႔ကို သေဘာက်ေနရျခင္းပဲ ျဖစ္ပါတယ္။ လာမယ့္ ႏွစ္အနည္းငယ္ေလာက္ထိ အသင္းမွာ သူ႔ကို ဆက္ရွိေစလိုပါတယ္။ ဒါေပမယ့္ ဒါက ဘဝပဲေလ။ အားလံုးက ဆက္သြားရမွာပါ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

သီေယဂိုဟာ မနက္က ယွဥ္ျပိဳင္တဲ့ ခ်ယ္ဆီးနဲ႔ပြဲမွာ ေျခစြမ္းျပခဲ့သူ တစ္ဦးျဖစ္တယ္။ လက္တေလာထိ လီဗာပူးနဲ႔ သတင္းၾကီးေနတဲ့ သီေယဂိုကို မည္သည့္ ကလပ္ကမွ တရားဝင္ ကမ္းလွမ္းမႈ မရွိထားပါဘူး။ သူ႔ကို စိတ္ဝင္စားတဲ့ ကလပ္ေတြကလည္း ခ်န္ပီယံလိဂ္အျပီးထိ ေစာင့္ရမယ္လို႔ေတာ့ သိထားရတာ ျဖစ္ပါတယ္။