UNICODE – Netflix ယူတဲ့သူတွေဆိုရင် ဒီအပတ်ထဲမှာ ပရီးမီးယားလိဂ် ကစားသမား အနယ်ကာရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ documentary ထွက်လာခဲ့တာကို မြင်ရပါလိမ့်မယ်။

အဆိုပါ documentary က အနယ်ကာရဲ့ ပြစ်သစ်နဲ့ ကလပ်အသင်းတွေကြား အပြောင်းအရွှေ့ ဖြစ်ရပ်တွေ ကျော်ကြားတဲ့ ကမ္ဘာဖလား ပြိုင်ပွဲမှာ ပါဝင်ရမှု ဇာတ်ထုတ်တွေကို ဖြေပြထားတဲ့ ရုပ်ရှင်ကောင်းလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ရှင်မှာတော့ ၂၀၀၁ ခုနှစ်က သူ လီဗာပူးအသင်းကို ပြောင်းလာခဲ့တဲ့ အကြောင်းကိုလည်း ထည့်တွင်း ရိုက်ကူးထားပါတယ်။

အနယ်ကာဟာ ပီအက်ဂျီကနေ လီဗာပူးအသင်းကို ထိုစဉ် ပြင်သစ်မန်နေဂျာ ဟူးလီယာရဲ့ အငှားခေါ်ယူမှုဖြင့် တစ်ရာသီ လာကစားခဲ့တာပါ။ လီဗာပူးပရိသတ်တွေရဲ့ ချစ်ခင်ခြင်းမှာ အနယ်ကာဟာ အန်ဖီးကစားသမားဘဝကို ပျော်ရွှင်ခဲ့ပေမယ့် ဟူးလီယာဘက်က မီးစိမ်းမပြမှုနဲ့အတူ အသင်းက သူ့ကို အပြီးသတ် မခေါ်ယူခဲ့ပါဘူး။

အနယ်ကာက လီဗာပူးက သူ့ကို ကမ်းလှမ်းမှု မလုပ်ခဲ့ဘူးလို့ ပြောသလို ဟူးလီယာကလည်း အနယ်ကာရဲ့ အကိုဖြစ်သူက အပြောင်းအရွှေ့ကို ကစားခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်အတွက် သေချာတဲ့ အဖြေတစ်ခုကိုတော့ documentary မှာ မပါဝင်ခဲ့ပါဘူး။

လီဗာပူးနဲ့ အပြောင်းအရွှေ့အပေါ် အနယ်ကာက ပြောရာမှာ “ ကျနော် စောင့်နေခဲ့ပေမယ့် ဘာတစ်ခုမှ ဖြစ်မလာခဲ့ပါဘူးဗျာ။ လီဗာပူးပရိသတ်တွေကတော့ ကျနော် မနေချင်ဘူးလို့ ထင်နေခဲ့ကြပါတယ်။ သူတို့ ဒီကိစ္စကို သိဖို့လိုပါတယ်။ ကျနော် လီဗာပူမှာ အရမ်းကို ဆက်နေချင်ခဲ့ပါတယ်။

ဒီကိစ္စကပဲ ဒီ documentary မှာ ကျနော် ပြောလိုတဲ့ ဝမ်းနည်းစရာ ကိစ္စပဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ လီဗာပူးအသင်းက ကျနော် အကောင်းဆုံးအရာတွေ လုပ်နိုင်မယ်လို့ တကယ်ကို ယုံကြည်ခဲ့တဲ့ ကလပ်ဖြစ်နေလို့ပါပဲ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI – Netflix ယူတဲ့သူေတြဆိုရင္ ဒီအပတ္ထဲမွာ ပရီးမီးယားလိဂ္ ကစားသမား အနယ္ကာရဲ႕ ဘဝဇာတ္ေၾကာင္းကို ရိုက္ကူးထားတဲ့ documentary ထြက္လာခဲ့တာကို ျမင္ရပါလိမ့္မယ္။

အဆိုပါ documentary က အနယ္ကာရဲ႕ ျပစ္သစ္နဲ႔ ကလပ္အသင္းေတြၾကား အေျပာင္းအေရႊ႔ ျဖစ္ရပ္ေတြ ေက်ာ္ၾကားတဲ့ ကမၻာဖလား ျပိဳင္ပြဲမွာ ပါဝင္ရမႈ ဇာတ္ထုတ္ေတြကို ေျဖျပထားတဲ့ ရုပ္ရွင္ေကာင္းလည္း ျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ ရုပ္ရွင္မွာေတာ့ ၂၀၀၁ ခုႏွစ္က သူ လီဗာပူးအသင္းကို ေျပာင္းလာခဲ့တဲ့ အေၾကာင္းကိုလည္း ထည့္တြင္း ရိုက္ကူးထားပါတယ္။

အနယ္ကာဟာ ပီအက္ဂ်ီကေန လီဗာပူးအသင္းကို ထိုစဥ္ ျပင္သစ္မန္ေနဂ်ာ ဟူးလီယာရဲ႕ အငွားေခၚယူမႈျဖင့္ တစ္ရာသီ လာကစားခဲ့တာပါ။ လီဗာပူးပရိသတ္ေတြရဲ႕ ခ်စ္ခင္ျခင္းမွာ အနယ္ကာဟာ အန္ဖီးကစားသမားဘဝကို ေပ်ာ္ရႊင္ခဲ့ေပမယ့္ ဟူးလီယာဘက္က မီးစိမ္းမျပမႈနဲ႔အတူ အသင္းက သူ႔ကို အျပီးသတ္ မေခၚယူခဲ့ပါဘူး။

အနယ္ကာက လီဗာပူးက သူ႔ကို ကမ္းလွမ္းမႈ မလုပ္ခဲ့ဘူးလို႔ ေျပာသလို ဟူးလီယာကလည္း အနယ္ကာရဲ႕ အကိုျဖစ္သူက အေျပာင္းအေရႊ႔ကို ကစားခဲ့တယ္လို႔ ဆိုပါတယ္။ ဒီျဖစ္ရပ္အတြက္ ေသခ်ာတဲ့ အေျဖတစ္ခုကိုေတာ့ documentary မွာ မပါဝင္ခဲ့ပါဘူး။

လီဗာပူးနဲ႔ အေျပာင္းအေရႊ႔အေပၚ အနယ္ကာက ေျပာရာမွာ “ က်ေနာ္ ေစာင့္ေနခဲ့ေပမယ့္ ဘာတစ္ခုမွ ျဖစ္မလာခဲ့ပါဘူးဗ်ာ။ လီဗာပူးပရိသတ္ေတြကေတာ့ က်ေနာ္ မေနခ်င္ဘူးလို႔ ထင္ေနခဲ့ၾကပါတယ္။ သူတို႔ ဒီကိစၥကို သိဖို႔လိုပါတယ္။ က်ေနာ္ လီဗာပူမွာ အရမ္းကို ဆက္ေနခ်င္ခဲ့ပါတယ္။

ဒီကိစၥကပဲ ဒီ documentary မွာ က်ေနာ္ ေျပာလိုတဲ့ ဝမ္းနည္းစရာ ကိစၥပဲျဖစ္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ လီဗာပူးအသင္းက က်ေနာ္ အေကာင္းဆံုးအရာေတြ လုပ္ႏုိင္မယ္လို႔ တကယ္ကို ယံုၾကည္ခဲ့တဲ့ ကလပ္ျဖစ္ေနလို႔ပါပဲ ” လို႔ ေျပာဆိုသြားတာ ျဖစ္ပါတယ္။