ဒီကနေ့မှာ အပြောင်းအရွှေ့ ကိစ္စ ထူးခြားသတင်းတွေ အနည်းငယ် ရှိလာနေပြီး ဘမ်ဝိုက်၊ ကိုစတက်၊ ဝဲလ်ဆန်နဲ့ ဘရူးစတားတို့ရဲ့ ကိစ္စတွေ ပါဝင်လာပါတယ်။

လီဗာပူးပစ်မှတ် ဘမ်ဝိုက်ကို လက်ဦးမှုယူပြီး ခေါ်ယူနိုင်ရေးတွက် လိဒ်ဟာ ဘရိုက်တန်အသင်းထံ ကမ်းလှမ်းမှု နှစ်ကြိမ် လုပ်ခဲ့ပြီး နှစ်ကြိမ်လုံး ပယ်ချခံခဲ့ရပါတယ်။ နောက်ဆုံး ကမ်းလှမ်းမှုက ပေါင် ၂၂ သန်းထိ ရောက်ထားသလို လိဒ်အသင်း အရေးမသာမှုနဲ့ လီဗာပူး ဝင်ရောက်မလာသေးမှုတွေကြောင့် ခံစစ်မှူးသစ် ရှာနေတဲ့ ချယ်ဆီးကလည်း ဘမ်ဝိုက်ကို ခေါ်ယူရေးမှာ ဝင်ပါလိုလာပါတယ်။

ဂရိဘယ်အစွန်လူ ကိုစတက်ကို လီဗာပူးဘက်က ပေါင် ၁၀ သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းမှု လုပ်ခဲ့ပြီး အိုလံပီယာကိုစ့်က ၎င်းတို့အသင်း အဓိက ဘယ်အစွန်လူအတွက် ပေါင် ၁၆ သန်းကျော် ရလိုနေပါတယ်။ ကိုစတက်ကို ချိတ်ဆက်နေတဲ့ အသင်းက လီဗာပူးတစ်သင်းတည်း မဟုတ်ဘဲ ချီဝဲလ်ကို လက်လွတ်ရင် အစားထိုးဖို့ လိုအပ်မယ့် လက်စတာကလည်း ပါဝင်ချိတ်ဆက်နေတယ်လို့ သိရတယ်။

စိတ်ဝင်စားစရာ ဖြစ်လာတာကတော့ ဝဲလ်ဆန်ကို အငှား မဟုတ်ဘဲ အပြီးသတ် ရောင်းထုတ်နိုင်မယ့် အလားအလာ စတင်လာခြင်းဖြစ်တယ်။ အစောတုန်းက လိဒ်နဲ့ နယူးကာဆယ်တို့က အငှားခေါ်လိုနေတဲ့ ဝဲလ်ဆန်ကို ဆောက်သမ်တန်ကပါ ချိန်ရွယ်လာတယ်။ ကလပ်တွေ အပြိုင်ဖြစ်လာတဲ့နောက် ကစားသမားကို အငှားခေါ်ယူဖို့ထက် အပြီးသတ် ခေါ်ယူဖို့ လမ်းစတွေ ပေါ်ပေါက်လာပါတယ်။

ဆောက်သမ်တန်ရဲ့ စိတ်ဝင်စားမှုက အလေးအနက် ဖြစ်လာခဲ့ကာ ဒန်နီအင့်ကို လီဗာပူးထံက ခေါ်ယူစဉ်တုန်းကလို ပေါင် သန်း ၂၀ ဖြင့် ဝဲလ်ဆန်ကို ရဖို့ ၎င်းတို့ဘက်က ကြိုးစားလာတယ်လို့ သိရတယ်။

ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးထံ အငှားချထားတဲ့ ဘရူးစတားကတော့ ပြင်သစ်က Evian လေ့ကျင့်ရေးကို သွားရောက်မယ့် လီဗာပူးအသင်းနဲ့ ပူးပေါင်းမှာဖြစ်တယ်။ သြဂုတ်လ ၁၅ ရက်နေ့မှာ မဲဝုဒ်မှာ လူပြန်စုမယ့် လီဗာပူးဟာ သြဂုတ်လ တတိယအပတ် (သို့) နောက်ဆုံးအပတ်မှာတော့ ပြင်သစ်ကို သွားပြီး လေ့ကျင့်ရေးဆင်းဖို့ စီစဉ်ထားပါတယ်။

ZAWGYI

ဒီကေန႔မွာ အေျပာင္းအေရႊ႔ ကိစၥ ထူးျခားသတင္းေတြ အနည္းငယ္ ရွိလာေနျပီး ဘမ္ဝိုက္၊ ကိုစတက္၊ ဝဲလ္ဆန္နဲ႔ ဘရူးစတားတို႔ရဲ႕ ကိစၥေတြ ပါဝင္လာပါတယ္။

လီဗာပူးပစ္မွတ္ ဘမ္ဝိုက္ကို လက္ဦးမႈယူျပီး ေခၚယူႏုိင္ေရးတြက္ လိဒ္ဟာ ဘရိုက္တန္အသင္းထံ ကမ္းလွမ္းမႈ ႏွစ္ၾကိမ္ လုပ္ခ့ဲျပီး ႏွစ္ၾကိမ္လံုး ပယ္ခ်ခံခဲ့ရပါတယ္။ ေနာက္ဆံုး ကမ္းလွမ္းမႈက ေပါင္ ၂၂ သန္းထိ ေရာက္ထားသလို လိဒ္အသင္း အေရးမသာမႈနဲ႔ လီဗာပူး ဝင္ေရာက္မလာေသးမႈေတြေၾကာင့္ ခံစစ္မွဴးသစ္ ရွာေနတဲ့ ခ်ယ္ဆီးကလည္း ဘမ္ဝိုက္ကို ေခၚယူေရးမွာ ဝင္ပါလိုလာပါတယ္။

ဂရိဘယ္အစြန္လူ ကိုစတက္ကို လီဗာပူးဘက္က ေပါင္ ၁၀ သန္း ဝန္းက်င္ျဖင့္ ကမ္းလွမ္းမႈ လုပ္ခဲ့ျပီး အိုလံပီယာကိုစ့္က ၄င္းတို႔အသင္း အဓိက ဘယ္အစြန္လူအတြက္ ေပါင္ ၁၆ သန္းေက်ာ္ ရလိုေနပါတယ္။ ကိုစတက္ကို ခ်ိတ္ဆက္ေနတဲ့ အသင္းက လီဗာပူးတစ္သင္းတည္း မဟုတ္ဘဲ ခ်ီဝဲလ္ကို လက္လြတ္ရင္ အစားထိုးဖို႔ လိုအပ္မယ့္ လက္စတာကလည္း ပါဝင္ခ်ိတ္ဆက္ေနတယ္လို႔ သိရတယ္။

စိတ္ဝင္စားစရာ ျဖစ္လာတာကေတာ့ ဝဲလ္ဆန္ကို အငွား မဟုတ္ဘဲ အျပီးသတ္ ေရာင္းထုတ္ႏုိင္မယ့္ အလားအလာ စတင္လာျခင္းျဖစ္တယ္။ အေစာတုန္းက လိဒ္နဲ႔ နယူးကာဆယ္တုိ႔က အငွားေခၚလိုေနတဲ့ ဝဲလ္ဆန္ကို ေဆာက္သမ္တန္ကပါ ခ်ိန္ရြယ္လာတယ္။ ကလပ္ေတြ အျပိဳင္ျဖစ္လာတဲ့ေနာက္ ကစားသမားကို အငွားေခၚယူဖို႔ထက္ အျပီးသတ္ ေခၚယူဖို႔ လမ္းစေတြ ေပၚေပါက္လာပါတယ္။

ေဆာက္သမ္တန္ရဲ႕ စိတ္ဝင္စားမႈက အေလးအနက္ ျဖစ္လာခဲ့ကာ ဒန္နီအင့္ကို လီဗာပူးထံက ေခၚယူစဥ္တုန္းကလို ေပါင္ သန္း ၂၀ ျဖင့္ ဝဲလ္ဆန္ကို ရဖို႔ ၄င္းတို႔ဘက္က ၾကိဳးစားလာတယ္လို႔ သိရတယ္။

ခ်န္ပီယံရွစ္ကလပ္ ဆြမ္ဆီးထံ အငွားခ်ထားတဲ့ ဘရူးစတားကေတာ့ ျပင္သစ္က Evian ေလ့က်င့္ေရးကို သြားေရာက္မယ့္ လီဗာပူးအသင္းနဲ႔ ပူးေပါင္းမွာျဖစ္တယ္။ ၾသဂုတ္လ ၁၅ ရက္ေန႔မွာ မဲဝုဒ္မွာ လူျပန္စုမယ့္ လီဗာပူးဟာ ၾသဂုတ္လ တတိယအပတ္ (သို႔) ေနာက္ဆံုးအပတ္မွာေတာ့ ျပင္သစ္ကို သြားျပီး ေလ့က်င့္ေရးဆင္းဖို႔ စီစဥ္ထားပါတယ္။