လီဗာပူးအသင်း စီနီယာအကြီးအကဲတစ်ဦးက The Athletic ကို သတင်းပေးမှုအရ ရာသီသစ်မှာ လီဗာပူးအသင်းရဲ့ လက်မောင်း စပွန်ဆာက Western Union မဟုတ်တော့ပါဘူး။

ဒီနွေမှာ လီဗာပူးနဲ့ Western Union တို့ လမ်းခွဲလိုက်ပြီဖြစ်ပြီး နောက်ထပ် စပွန်ဆာအသစ်ကို လီဗာပူးဘက်က ခပ်မြန်မြန်လေး ရှာဖွေမှာလည်း မဟုတ်ပါဘူး။ ဒီကိစ္စကိုတော့ ကလပ်ရဲ့ အကြီးတန်း တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မိုက် ဂေါ်ဒွန်ဟာ လီဗာပူးက ဘရွန်လိုင်းမှာရှိတဲ့ သူ့ရဲ့ နေအိမ်ကနေပဲ ညိနှိုင်းနေတယ်လို့ သိရတယ်။

လီဗာပူးအသင်းနဲ့ Western Union တို့ဟာ ၂၀၁၇ ခုနှစ်မှာ စတင်လက်တွဲခဲ့ကာ တစ်နှစ်ကို ပေါင် ၅ သန်း တန်ကြေးရှိတဲ့ စာချုပ်ဖြင့် ၅ နှစ် ချုပ်ဆိုခဲ့တာဖြစ်တယ်။ ဒါပေမယ့် The Athletic သတင်းထောက် ဂျိမ်းပီရက်စ်က အမှန်တကယ် စာချုပ်ဟာ ၃ နှစ်သက်တမ်းပဲ ရှိတယ်လို့ အတည်ပြုခဲ့တယ်။

ဂျိမ်းပီရက်စ်ကို လီဗာပူးအကြီးတန်း တာဝန်ရှိသူ တစ်ဦးက သတင်းပေးရာမှာ “ ပရီးမီးယားလိဂ် ချန်ပီယံတွေက ဈေးကွက်ထဲမှာ ပါတနာ အသစ်တွေနဲ့ ဆွေးနွေးဖို့ အားကောင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီကိစ္စကို လောမှာ မဟုတ်ပါဘူး။ လာမယ့်ရာသီမှာ လက်မောင်း စပွန်ဆာ မရှိဘဲ စတင်သွားတာလည်း ဖြစ်နိုင်ပါတယ် ” လို့ အတည်ပြုခဲ့တယ်။

ကိုဗစ်ကပ်ဘေးကြောင့် လီဗာပူး တာဝန်ရှိသူတွေက စပွန်ဆာအသစ်ကို ရှာဖွေမှုမှာ ထင်သလောက် မမြန်တာကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒီကနေ့မှာပဲ အသင်းရဲ့ တရားဝင် စတိုးမှာ ဂျာစီမျိုးစုံကို စတင်ဝယ်ယူဖို့ ဖွင့်လှစ်ထားပြီဖြစ်တယ်။ လောလောဆယ်မှာတော့ လက်မောင်း စပွန်ဆာတွေ ပါဝင်နေခြင်း မရှိဘဲ စပွန်ဆာအသစ်ရဖို့ကို မိုက် ဂေါ်ဒွန်က တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္း စီနီယာအၾကီးအကဲတစ္ဦးက The Athletic ကို သတင္းေပးမႈအရ ရာသီသစ္မွာ လီဗာပူးအသင္းရဲ႕ လက္ေမာင္း စပြန္ဆာက Western Union မဟုတ္ေတာ့ပါဘူး။

ဒီေႏြမွာ လီဗာပူးနဲ႔ Western Union တို႔ လမ္းခြဲလိုက္ျပီျဖစ္ျပီး ေနာက္ထပ္ စပြန္ဆာအသစ္ကို လီဗာပူးဘက္က ခပ္ျမန္ျမန္ေလး ရွာေဖြမွာလည္း မဟုတ္ပါဘူး။ ဒီကိစၥကိုေတာ့ ကလပ္ရဲ႕ အၾကီးတန္း တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ မိုက္ ေဂၚဒြန္ဟာ လီဗာပူးက ဘရြန္လိုင္းမွာရွိတဲ့ သူ႔ရဲ႕ ေနအိမ္ကေနပဲ ညိနိႈင္းေနတယ္လုိ႔ သိရတယ္။

လီဗာပူးအသင္းနဲ႔ Western Union တို႔ဟာ ၂၀၁၇ ခုႏွစ္မွာ စတင္လက္တြဲခဲ့ကာ တစ္ႏွစ္ကို ေပါင္ ၅ သန္း တန္ေၾကးရွိတဲ့ စာခ်ဳပ္ျဖင့္ ၅ ႏွစ္ ခ်ဳပ္ဆိုခဲ့တာျဖစ္တယ္။ ဒါေပမယ့္ The Athletic သတင္းေထာက္ ဂ်ိမ္းပီရက္စ္က အမွန္တကယ္ စာခ်ဳပ္ဟာ ၃ ႏွစ္သက္တမ္းပဲ ရွိတယ္လို႔ အတည္ျပဳခဲ့တယ္။

ဂ်ိမ္းပီရက္စ္ကို လီဗာပူးအၾကီးတန္း တာဝန္ရွိသူ တစ္ဦးက သတင္းေပးရာမွာ “ ပရီးမီးယားလိဂ္ ခ်န္ပီယံေတြက ေစ်းကြက္ထဲမွာ ပါတနာ အသစ္ေတြနဲ႔ ေဆြးေႏြးဖို႔ အားေကာင္းတဲ့ အေနအထားမွာ ရွိေနပါတယ္။ ဒီကိစၥကို ေလာမွာ မဟုတ္ပါဘူး။ လာမယ့္ရာသီမွာ လက္ေမာင္း စပြန္ဆာ မရွိဘဲ စတင္သြားတာလည္း ျဖစ္ႏုိင္ပါတယ္ ” လို႔ အတည္ျပဳခဲ့တယ္။

ကိုဗစ္ကပ္ေဘးေၾကာင့္ လီဗာပူး တာဝန္ရွိသူေတြက စပြန္ဆာအသစ္ကို ရွာေဖြမႈမွာ ထင္သေလာက္ မျမန္တာကို ရင္ဆုိင္ရႏုိင္ပါတယ္။ ဒီကေန႔မွာပဲ အသင္းရဲ႕ တရားဝင္ စတိုးမွာ ဂ်ာစီမ်ိဳးစံုကို စတင္ဝယ္ယူဖို႔ ဖြင့္လွစ္ထားျပီျဖစ္တယ္။ ေလာေလာဆယ္မွာေတာ့ လက္ေမာင္း စပြန္ဆာေတြ ပါဝင္ေနျခင္း မရွိဘဲ စပြန္ဆာအသစ္ရဖို႔ကို မုိက္ ေဂၚဒြန္က တာဝန္ယူေပးသြားမွာ ျဖစ္ပါတယ္။