လီဗာပူးအသင်းရဲ့ LFCTV ကနေပြီး အသင်း ချန်ပီယံဖြစ်တဲ့ အခိုက်အတန့်တွေကို documentary တစ်ခု လုပ်ထားကာ ကလပ် ဝဘ်ဆိုဒ်ကနေ စတင် ထုတ်လွှင့်နေခဲ့ပြီဖြစ်ပါတယ်။ အခုပြောပြမှာကတော့ Golden Sky: Klopp’s Champions ဆိုတဲ့ အပိုင်းထဲက ကလော့ပ်ရဲ့ ပြောဆိုချက်တွေ ဖြစ်ပါတယ်။

မူရင်း ဗီဒီယိုကတော့ လီဗာပူးတီဗီကို အခကြေး ပေးထားသူတွေပဲ ကြည့်လို့ ရမှာပါ။ ဒီတော့ ဗီဒီယို အကြောင်းအရာတွေထဲက အနည်းငယ်ကို လေ့လာကြည့်တာပေါ့။

ယာဂင်ကလော့ပ်က “ မိနစ်တွေကို ရေတွက်နေမိတယ်။ အဲ့တာက တကယ်ကို မပြောပြနိုင်အောင်ပါပဲ။ ဘောလုံးရဲ့ အကောင်းဆုံး အခိုက်အတန့်တွေထဲက တစ်ခုပေါ့ဗျာ။ ကျနော်ဘဝအတွက် ကွင်းထဲမှာ မရဖူးတဲ့ ခံစားချက် တစ်ခုကို ရလိုက်တာလို့ပဲ ပြောလိုပါတယ် ” ဆိုပြီး ရှင်းပြပါတယ်။

ကလော့ပ် ပြောပြနေတာက ချယ်ဆီးနဲ့ မန်စီးတီးပွဲကို ဟိုတယ်မှာ အသင်းသားတွေနဲ့အတူ စုကြည့်ကြတဲ့ အကြောင်းကို ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ အမှတ်တွေ သိပ်ဖြတ်ထားတဲ့ လီဗာပူးက ချန်ပီယံဖြစ်ဖို့ သေချာနေခဲ့ပြီး မန်စီးတီး ရံှူးပွဲတွေ့တာက ပိုစောစော ချန်ပီယံဖြစ်စေခဲ့တာပဲဖြစ်တယ်။

မန်နေဂျာကပဲ “ ကျနေ်ာတို့ အချင်းချင်း တစ်ဦးမျက်နှာ တစ်ဦးတွေ့နိုင်တဲ့ နေရာတွေမှာ ထိုင်နေကြတယ်။ ကစားသမားတွေကလည်း ထိုင်နေကြပြီး အချို့တွေက ပွဲကို အာရုံစိုက် ကြည့်မနေနိုင်ပါဘူး။ ကျနေ်ာတို့ အားလုံးလည်း အဲ့လိုပါပဲ။ တကယ်ကို မျှော်လင့်ချက်တွေ များခဲ့တာပေါ့။

ချန်ပီယံဖြစ်လာခဲ့ရင် ဘယ်လို ခံစားရမယ်ဆိုတာ ဘယ်သူမှ မသိခဲ့ပါဘူး။ တကယ်ကို စစ်မှန်တဲ့ ပျော်ရွှင်မှုပေါ့ဗျာ။ စက္ကန့်ပိုင်းအကြာ ကျနော် သတိပြုမိချိန်မှာ စပြီး ငိုနေမိတော့တာပဲ။ ဒီတော့ ကျနော် ဇနီးဖြစ်သူကို ဖုန်းခေါ်ခဲ့တယ်။

ပွဲမပြီးခင် ၁၀ စက္ကန့်လောက်အလိုမှာ မိသားစုကို ဖုန်းခေါ်ခဲ့တယ်။ ဒီတော့ ကျနေ်ာတို့ အတူ ကြည့်နိုင်ပြီလေဗျာ။ ‘မင်းတို့ကို ငါသိပ်ချစ်တာပဲကွာ’ လို့ ပြောခဲ့တယ်။ ဖုန်းကို စားပွဲပေါ် တင်ထားခဲ့တယ်။ ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာကို မင်းတို့ မြင်နိုင်ပြီပေါ့’ လို့ ကျနော် ပြောခဲ့တယ်။

အဲ့နောက်တော့ ကျနော် ဇနီးဖြစ်သူကို ဘာတစ်ခုမှ ဆက်မပြောနိုင်တော့ဘူး။ သူမနဲ့ ဖုန်းဆက်နေရင်းကိုပဲ ကျနော် ငိုနေမိတယ်။ ဘာလို့လည်းဆိုတာတော့ ကျနော် မသိဘူး။ လုံးဝကို မသိဘူး။ အရမ်း ဂုဏ်ယူတယ်။ ဒီလို အခြေအနေမျိုး ဘဝမှာ တစ်ခါမှ မကြုံဖူးဘူးလေဗျာ။ ကျနော် ငိုနေမိတာကို မရပ်နိုင်တော့ပါဘူး။

ဘာဖြစ်သွားလဲဆိုတာကို မသိတဲ့နောက် ကျနော် ကိုယ်အခန်းထဲ မိနစ် အနည်းငယ်လောက် ပြန်သွားခဲ့တယ်။ လူတိုင်းကို ကျနော်ရဲ့ အမူအယာကို မပြလိုဘူးလေဗျာ။ ငိုနေတာလည်း မရပ်နိုင်သေးဘူး။ အဲ့နောက် တစ်ဆင့်ခြင်း ကျနော် စဉ်းစားမိတယ်။ လီဗာပူးအသင်း မန်နေဂျာဖြစ်ရတာ အရမ်းကို ဂုဏ်ယူစရာပဲ။ ကျနော် ကံကောင်းခဲ့တယ်ဆိုတာ သိခဲ့တယ်။ ဒီလို မန်နေဂျာအဖြစ် ကိုင်တွယ်ရတာကလည်း တာဝန်တွေ ရှိတယ်လို့ ပြောလိုပါတယ်။

ကျနော် ခံစားမိတာက ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုကြီး ကျသွားတယ်လို့ ခံစားရလို့ဖြစ်ပါတယ်။ အဲ့တာကပဲ အကြောင်းပြချက် ဖြစ်ပါလိမ့်မယ်။ ကျနော် ဘဝအတွက် အရမ်း အရမ်းကို ထူးခြားပြီး အရမ်း အရမ်းလည်း ခံစားခဲ့ရတဲ့ အခိုက်အတန့်ပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ တစ်ရာသီလုံး ပြိုင်ဘက်ကင်းအောင် ယှဉ်ပြိုင်လာခဲ့ပြီးကာမှ ကိုဗစ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားလု အခြေအနေကို ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမယ့်လည်း အခက်အခဲတွေကြားထဲကနေ နှစ်ပေါင်း ၃၀ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ကိုင်မြောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ LFCTV ကေနျပီး အသင္း ခ်န္ပီယံျဖစ္တဲ့ အခိုက္အတန္႔ေတြကို documentary တစ္ခု လုပ္ထားကာ ကလပ္ ဝဘ္ဆိုဒ္ကေန စတင္ ထုတ္လႊင့္ေနခဲ့ျပီျဖစ္ပါတယ္။ အခုေျပာျပမွာကေတာ့ Golden Sky: Klopp’s Champions ဆိုတဲ့ အပိုင္းထဲက ကေလာ့ပ္ရဲ႕ ေျပာဆိုခ်က္ေတြ ျဖစ္ပါတယ္။

မူရင္း ဗီဒီယိုကေတာ့ လီဗာပူးတီဗီကို အခေၾကး ေပးထားသူေတြပဲ ၾကည့္လို႔ ရမွာပါ။ ဒီေတာ့ ဗီဒီယို အေၾကာင္းအရာေတြထဲက အနည္းငယ္ကို ေလ့လာၾကည့္တာေပါ့။

ယာဂင္ကေလာ့ပ္က “ မိနစ္ေတြကို ေရတြက္ေနမိတယ္။ အဲ့တာက တကယ္ကို မေျပာျပႏုိင္ေအာင္ပါပဲ။ ေဘာလံုးရဲ႕ အေကာင္းဆံုး အခိုက္အတန္႔ေတြထဲက တစ္ခုေပါ့ဗ်ာ။ က်ေနာ္ဘဝအတြက္ ကြင္းထဲမွာ မရဖူးတဲ့ ခံစားခ်က္ တစ္ခုကို ရလိုက္တာလို႔ပဲ ေျပာလိုပါတယ္ ” ဆိုျပီး ရွင္းျပပါတယ္။

ကေလာ့ပ္ ေျပာျပေနတာက ခ်ယ္ဆီးနဲ႔ မန္စီးတီးပြဲကို ဟိုတယ္မွာ အသင္းသားေတြနဲ႔အတူ စုၾကည့္ၾကတဲ့ အေၾကာင္းကို ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ အမွတ္ေတြ သိပ္ျဖတ္ထားတဲ့ လီဗာပူးက ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာေနခဲ့ျပီး မန္စီးတီး ရံွဴးပြဲေတြ႔တာက ပိုေစာေစာ ခ်န္ပီယံျဖစ္ေစခဲ့တာပဲျဖစ္တယ္။

မန္ေနဂ်ာကပဲ “ က်ေန္ာတို႔ အခ်င္းခ်င္း တစ္ဦးမ်က္ႏွာ တစ္ဦးေတြ႔ႏုိင္တဲ့ ေနရာေတြမွာ ထိုင္ေနၾကတယ္။ ကစားသမားေတြကလည္း ထိုင္ေနၾကျပီး အခ်ိဳ႔ေတြက ပြဲကို အာရံုစိုက္ ၾကည့္မေနႏုိင္ပါဘူး။ က်ေန္ာတို႔ အားလံုးလည္း အဲ့လိုပါပဲ။ တကယ္ကို ေမွ်ာ္လင့္ခ်က္ေတြ မ်ားခဲ့တာေပါ့။

ခ်န္ပီယံျဖစ္လာခဲ့ရင္ ဘယ္လို ခံစားရမယ္ဆိုတာ ဘယ္သူမွ မသိခဲ့ပါဘူး။ တကယ္ကို စစ္မွန္တဲ့ ေပ်ာ္ရႊင္မႈေပါ့ဗ်ာ။ စကၠန္႔ပိုင္းအၾကာ က်ေနာ္ သတိျပဳမိခ်ိန္မွာ စျပီး ငိုေနမိေတာ့တာပဲ။ ဒီေတာ့ က်ေနာ္ ဇနီးျဖစ္သူကို ဖုန္းေခၚခဲ့တယ္။

ပြဲမျပီးခင္ ၁၀ စကၠန္႔ေလာက္အလိုမွာ မိသားစုကို ဖုန္းေခၚခဲ့တယ္။ ဒီေတာ့ က်ေန္ာတုိ႔ အတူ ၾကည့္ႏုိင္ျပီေလဗ်ာ။ ‘မင္းတို႔ကို ငါသိပ္ခ်စ္တာပဲကြာ’ လို႔ ေျပာခဲ့တယ္။ ဖုန္းကို စားပြဲေပၚ တင္ထားခဲ့တယ္။ ဒီမွာ ဘာေတြျဖစ္ေနလဲဆိုတာကို မင္းတို႔ ျမင္ႏုိင္ျပီေပါ့’ လို႔ က်ေနာ္ ေျပာခဲ့တယ္။

အဲ့ေနာက္ေတာ့ က်ေနာ္ ဇနီးျဖစ္သူကို ဘာတစ္ခုမွ ဆက္မေျပာႏုိင္ေတာ့ဘူး။ သူမနဲ႔ ဖုန္းဆက္ေနရင္းကိုပဲ က်ေနာ္ ငိုေနမိတယ္။ ဘာလို႔လည္းဆိုတာေတာ့ က်ေနာ္ မသိဘူး။ လုံးဝကို မသိဘူး။ အရမ္း ဂုဏ္ယူတယ္။ ဒီလို အေျခအေနမ်ိဳး ဘဝမွာ တစ္ခါမွ မၾကံဳဖူးဘူးေလဗ်ာ။ က်ေနာ္ ငိုေနမိတာကို မရပ္ႏုိင္ေတာ့ပါဘူး။

ဘာျဖစ္သြားလဲဆိုတာကို မသိတဲ့ေနာက္ က်ေနာ္ ကိုယ္အခန္းထဲ မိနစ္ အနည္းငယ္ေလာက္ ျပန္သြားခဲ့တယ္။ လူတိုင္းကို က်ေနာ္ရဲ႕ အမူအယာကို မျပလိုဘူးေလဗ်ာ။ ငိုေနတာလည္း မရပ္ႏုိင္ေသးဘူး။ အဲ့ေနာက္ တစ္ဆင့္ျခင္း က်ေနာ္ စဥ္းစားမိတယ္။ လီဗာပူးအသင္း မန္ေနဂ်ာျဖစ္ရတာ အရမ္းကို ဂုဏ္ယူစရာပဲ။ က်ေနာ္ ကံေကာင္းခဲ့တယ္ဆိုတာ သိခဲ့တယ္။ ဒီလို မန္ေနဂ်ာအျဖစ္ ကိုင္တြယ္ရတာကလည္း တာဝန္ေတြ ရွိတယ္လို႔ ေျပာလိုပါတယ္။

က်ေနာ္ ခံစားမိတာက ပုခံုးေပၚက ဝန္ထုပ္ဝန္ပိုၾကီး က်သြားတယ္လို႔ ခံစားရလို႔ျဖစ္ပါတယ္။ အဲ့တာကပဲ အေၾကာင္းျပခ်က္ ျဖစ္ပါလိမ့္မယ္။ က်ေနာ္ ဘဝအတြက္ အရမ္း အရမ္းကို ထူးျခားျပီး အရမ္း အရမ္းလည္း ခံစားခဲ့ရတဲ့ အခုိက္အတန္႔ပါပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးဟာ တစ္ရာသီလံုး ျပိဳင္ဘက္ကင္းေအာင္ ယွဥ္ျပိဳင္လာခ့ဲျပီးကာမွ ကိုဗစ္ေၾကာင့္ ေဘာလံုးပြဲေတြ ရပ္နားလု အေျခအေနကို ရင္ဆုိင္ခဲ့ရတာပါ။ ဒါေပမယ့္လည္း အခက္အခဲေတြၾကားထဲကေန ႏွစ္ေပါင္း ၃၀ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို ကိုင္ေျမာက္ႏုိင္ခဲ့တာပဲ ျဖစ္ပါတယ္။