လီဗာပူးအသင်းက အိုလံပီယာကိုစ့် ဘယ်အစွန်လူ ကိုစတက်ကို ခေါ်ယူဖို့ ညိနှိုင်းမှုဟာ အပြီးသတ် အဆင့်ကို ရောက်ခဲ့ပြီလို့ ဂုဏ်သိက္ခာရှိ လီဗာပူးသတင်းထောက်တွေက အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

လီဗာပူးဟာ နော်ဝစ်အသင်းမှ ဘယ်အစွန်လူ ဂျမယ် လူးဝစ်ကိုပဲ ဦးစားပေး ပစ်မှတ်အဖြစ် ကမ်းလှမ်းခဲ့တာပါ။ ကလပ်က ပေါင် ၈ သန်းနဲ့ ထပ်တိုး ပေါင် ၂ သန်း ပါဝင်တဲ့ ကမ်းလှမ်းမှု ပေးခဲ့တယ်။ နော်ဝစ်က ပေါင် သန်း ၂၀ ထိ တောင်းဆိုမှု လုပ်ခဲ့တယ်။ ပထမအကြိမ် ကမ်းလှမ်းမှု ငြင်းဆန်ခံရအပြီးမှာ လီဗာပူးဘက်က ထပ်မံ ကမ်းလှမ်းခဲ့သေးပေမယ့် ပြောင်းရွှေ့ကြေး ညိမရတာကြောင့် အချိန်ကုန် မခံတော့ပဲ ကိုစတက်ဘက်ကို ဦးလှည့်ခဲ့ပါတယ်။

ကိုစတက်က ဘယ်အစွန်အတွက် လီဗာပူး ရည်ရွယ်ထားတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် သူ့ကိုလည်း ပေါင် ၁၀ သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ပါတယ်။ စကားပြောမှုတွေ ထပ်လုပ်အပြီးမှာ ပေါင် ၁၁.၇၅ သန်းဖြင့် ညိနှိုင်းမှု အောင်မြင်ခဲ့ပြီး အခုဆိုရင် အပြီးသတ် ကိစ္စတွေကို ဆက်လက် စကားပြောနေပြီဖြစ်ပါတယ်။

ကလပ်ဘက်က ဘယ်အစွန်မှာ ရော်ဘတ်ဆန် တစ်ဦးတည်း ရှိနေတဲ့ အနေအထားကို အားဖြည့်ပေးဖို့ လုပ်ဆောင်ပေးလိုခဲ့တယ်။ ဒါပေမယ့် စကော့သားကို ကျော်လွန်ပြီး ပွဲထွက်ခွင့်ရဖို့ မသေချာတဲ့ အဆိုပါ နေရာအတွက် ပေါင် သန်း ၂၀ သုံးဖို့တော့ မရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ ဘယ်အစွန်နေရာအတွက် ဝယ်ယူဖို့ စောင့်ကြည့်စာရင်းက ၄ ဦးရှိပြီး လူးဝစ်က အငယ်ဆုံးနဲ့ အလားအလာ အရှိဆုံး ကစားသမားဖြစ်ပါတယ်။ သူ့အသက်အရွယ်ဟာ အရန်ခုံမှာ ထိုင်ပြီး လေ့လာမှုတွေ သင်ယူဖို့ ကောင်းမွန်တယ်လို့ ကလပ်ဘက်က ယုံကြည်ခဲ့ပေမယ့် နော်ဝစ်က ဈေးကိုင်လွန်းတာကြောင့် ဒုတိယဦးစားပေးဖြစ်သူ ကိုစတက်ကို ခပ်မြန်မြန် ညိနှိုင်းခဲ့တာပါ။

ဂရိ ကစားသမားဟာ လာမယ့်အပတ် အစောပိုင်းမှာတင် ဆေးစစ်မှုခံယူဖို့ လီဗာပူးကို ရောက်လာဖို့လည်း စီစဉ်ထားခဲ့ပြီဖြစ်တယ်။ ကိုစတက်ဟာ သြဂုတ်လ ၁၅ ရက်နေ့ မဲဝုဒ်မှာ လုပ်မယ့် လေ့ကျင့်ရေးမှာတင် စတင်ပူးပေါင်းဖွယ် ရှိပါတယ်။

ZAWGYI

လီဗာပူးအသင္းက အိုလံပီယာကိုစ့္ ဘယ္အစြန္လူ ကိုစတက္ကို ေခၚယူဖို႔ ညိႏိႈင္းမႈဟာ အျပီးသတ္ အဆင့္ကို ေရာက္ခဲ့ျပီလို႔ ဂုဏ္သိကၡာရွိ လီဗာပူးသတင္းေထာက္ေတြက အတည္ျပဳလုိက္ျပီျဖစ္ပါတယ္။

လီဗာပူးဟာ ေနာ္ဝစ္အသင္းမွ ဘယ္အစြန္လူ ဂ်မယ္ လူးဝစ္ကိုပဲ ဦးစားေပး ပစ္မွတ္အျဖစ္ ကမ္းလွမ္းခဲ့တာပါ။ ကလပ္က ေပါင္ ၈ သန္းနဲ႔ ထပ္တိုး ေပါင္ ၂ သန္း ပါဝင္တဲ့ ကမ္းလွမ္းမႈ ေပးခဲ့တယ္။ ေနာ္ဝစ္က ေပါင္ သန္း ၂၀ ထိ ေတာင္းဆိုမႈ လုပ္ခဲ့တယ္။ ပထမအၾကိမ္ ကမ္းလွမ္းမႈ ျငင္းဆန္ခံရအျပီးမွာ လီဗာပူးဘက္က ထပ္မံ ကမ္းလွမ္းခဲ့ေသးေပမယ့္ ေျပာင္းေရႊ႔ေၾကး ညိမရတာေၾကာင့္ အခ်ိန္ကုန္ မခံေတာ့ပဲ ကိုစတက္ဘက္ကို ဦးလွည့္ခဲ့ပါတယ္။

ကိုစတက္က ဘယ္အစြန္အတြက္ လီဗာပူး ရည္ရြယ္ထားတဲ့ ကစားသမား တစ္ဦးျဖစ္ျပီး အသက္ ၂၄ ႏွစ္အရြယ္ သူ႔ကိုလည္း ေပါင္ ၁၀ သန္း ဝန္းက်င္နဲ႔ ကမ္းလွမ္းခဲ့ပါတယ္။ စကားေျပာမႈေတြ ထပ္လုပ္အျပီးမွာ ေပါင္ ၁၁.၇၅ သန္းျဖင့္ ညိႏိႈင္းမႈ ေအာင္ျမင္ခဲ့ျပီး အခုဆိုရင္ အျပီးသတ္ ကိစၥေတြကို ဆက္လက္ စကားေျပာေနျပီျဖစ္ပါတယ္။

ကလပ္ဘက္က ဘယ္အစြန္မွာ ေရာ္ဘတ္ဆန္ တစ္ဦးတည္း ရွိေနတဲ့ အေနအထားကို အားျဖည့္ေပးဖို႔ လုပ္ေဆာင္ေပးလိုခဲ့တယ္။ ဒါေပမယ့္ စေကာ့သားကို ေက်ာ္လြန္ျပီး ပြဲထြက္ခြင့္ရဖို႔ မေသခ်ာတဲ့ အဆိုပါ ေနရာအတြက္ ေပါင္ သန္း ၂၀ သံုးဖို႔ေတာ့ မရည္ရြယ္ခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးရဲ႕ ဘယ္အစြန္ေနရာအတြက္ ဝယ္ယူဖို႔ ေစာင့္ၾကည့္စာရင္းက ၄ ဦးရွိျပီး လူးဝစ္က အငယ္ဆံုးနဲ႔ အလားအလာ အရွိဆံုး ကစားသမားျဖစ္ပါတယ္။ သူ႔အသက္အရြယ္ဟာ အရန္ခံုမွာ ထိုင္ျပီး ေလ့လာမႈေတြ သင္ယူဖို႔ ေကာင္းမြန္တယ္လို႔ ကလပ္ဘက္က ယံုၾကည္ခဲ့ေပမယ့္ ေနာ္ဝစ္က ေစ်းကိုင္လြန္းတာေၾကာင့္ ဒုတိယဦးစားေပးျဖစ္သူ ကိုစတက္ကို ခပ္ျမန္ျမန္ ညိႏိႈင္းခဲ့တာပါ။

ဂရိ ကစားသမားဟာ လာမယ့္အပတ္ အေစာပိုင္းမွာတင္ ေဆးစစ္မႈခံယူဖို႔ လီဗာပူးကို ေရာက္လာဖို႔လည္း စီစဥ္ထားခဲ့ျပီျဖစ္တယ္။ ကိုစတက္ဟာ ၾသဂုတ္လ ၁၅ ရက္ေန႔ မဲဝုဒ္မွာ လုပ္မယ့္ ေလ့က်င့္ေရးမွာတင္ စတင္ပူးေပါင္းဖြယ္ ရွိပါတယ္။