လီဗာပူးအသင်းရဲ့ ဒီနွေအတွက် ကစားသမား ခေါ်ယူမှုဟာ အသင်းရဲ့ ကစားသမား ရှင်းထုတ်မှုအပေါ် အခြေခံသွားမယ်လို့ The Times က Paul Joyce က ဖော်ပြသွားပါတယ်။

လီဗာပူးက ဒီနွေမှ အသင်းက ကစားသမား ရောင်းထုတ်မှုကနေ ရတဲ့ ငွေကြေးတွေဖြင့် ကစားသမားသစ်တွေ ပြန်ခေါ်ယူရာမှာ အသုံးချနိုင်သလို၊ ကစားသမား ရောင်းထုတ်မှုကြောင့် လှစ်လှပ်သွားတဲ့ နေရာတွေအတွက် အစားထိုး ခေါ်ယူမှုတွေ ပြန်လုပ်တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

လက်ရှိ လီဗာပူးအသင်းမှာ ကားရီးယက်စ်၊ ဝဲလ်ဆန်၊ ဂရုဂျစ်၊ ရှာကွီရီ တို့လို ကစားသမားတွေကို ရှင်းထုတ်ဖို့ လိုအပ်နေသေးတာပါ။ လယ်လာနာ၊ ကလိုင်း၊ လိုဗရန်တို့ကို ရောင်းထုတ်ထားတဲ့ လီဗာပူးက ဗဟိုခံစစ်မှူးနေရာအတွက် လူသစ်ရှာနေသလို လိုဗရန်ကို ရောင်းရငွေကနေ ကိုစတက် ဆီမီးကတ်စ်ကိုလည်း ခေါ်ယူဖို့ သဘောတူညီထားပြီဖြစ်တယ်။

လီဗာပူးအသင်းဘက်က ဘယ်အစွန်အတွက် လူးဝစ်၊ ဆီမီးကတ်စ်၊ ရီဂွယ်လိုတို့ကို စောင့်ကြည့်ခဲ့တာဖြစ်တယ်။ အဲ့ထဲမှာမှ ဆီမီးကတ်စ်ကို ၃ နှစ်လောက် လေ့လာစောင့်ကြည့်ထားခဲ့တယ်လို့ သိရတယ်။ ပြောင်းရွှေ့ကြေး ပေါင် ၁၁.၇၅ သန်းဖြင့် သဘောတူညီမှုရခဲ့တဲ့ ဆီမီးကတ်စ်ဟာ အင်္ဂလန်ကို သီးသန့်ဂျက်လေယာဉ်ဖြင့် လာရောက်ပြီး ဆေးစစ်ခံယူပါမယ်။

လီဗာပူးဘက်က ဒီနှစ်မှာ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲကြီးတွေ လုပ်မှုနဲ့အတူ ကလပ်ရဲ့ အခြေအနေ တည်ငြိမ်ဖို့ကိုပဲ ပိုမို အာရုံစိုက်မှာဖြစ်တယ်။ ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်ရုပ်သံလိုင်းမှာ လူကြည့်အများဆုံး ပရီးမီးယားလိဂ်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း၊ ဗြိတိန်ပြင်ပကနေ လီဗာပူးဝဘ်ဆိုဒ်ကို ဝင်ကြည့်မှု အများဆုံး နိုင်ငံက အမေရိကန် ဖြစ်ခဲ့ခြင်းတွေလို အပြောင်းအလဲတွေကိုလည်း ကလပ်က ပိုင်ဆိုင်ထားတယ်။

လီဗာပူးရဲ့ ထိပ်တန်း ဦးစားပေးက ကလပ်ရဲ့ လက်ရှိ လူစာရင်းကို အမာခံအဖြစ် ဆက်လက် ပိုင်ဆိုင်ဖို့ဖြစ်ပြီး Nike နဲ့ စာချုပ် အောင်မြင်ဖို့၊ အမေရိကန်ဈေးကွက် တိုးတက်လာမှုကို ဆက်ထိန်းဖို့ဖြစ်တယ်။ ပြီးရင်တော့ ပိုကောင်းတဲ့ စုဖွဲ့မှုတွေကို ပြုလုပ်ကာ နိုင်ငံရပ်ခြား ဈေးကွက်တွေကို ချဲ့ထွင်းဖို့ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ ဒီေႏြအတြက္ ကစားသမား ေခၚယူမႈဟာ အသင္းရဲ႕ ကစားသမား ရွင္းထုတ္မႈအေပၚ အေျခခံသြားမယ္လို႔ The Times က Paul Joyce က ေဖာ္ျပသြားပါတယ္။

လီဗာပူးက ဒီေႏြမွ အသင္းက ကစားသမား ေရာင္းထုတ္မႈကေန ရတဲ့ ေငြေၾကးေတြျဖင့္ ကစားသမားသစ္ေတြ ျပန္ေခၚယူရာမွာ အသံုးခ်ႏုိင္သလို၊ ကစားသမား ေရာင္းထုတ္မႈေၾကာင့္ လွစ္လွပ္သြားတဲ့ ေနရာေတြအတြက္ အစားထိုး ေခၚယူမႈေတြ ျပန္လုပ္တာမ်ိဳးလည္း ျဖစ္သြားႏုိင္ပါတယ္။

လက္ရွိ လီဗာပူးအသင္းမွာ ကားရီးယက္စ္၊ ဝဲလ္ဆန္၊ ဂရုဂ်စ္၊ ရွာကီြရီ တို႔လို ကစားသမားေတြကို ရွင္းထုတ္ဖို႔ လိုအပ္ေနေသးတာပါ။ လယ္လာနာ၊ ကလိုင္း၊ လိုဗရန္တို႔ကို ေရာင္းထုတ္ထားတဲ့ လီဗာပူးက ဗဟိုခံစစ္မွဴးေနရာအတြက္ လူသစ္ရွာေနသလို လိုဗရန္ကို ေရာင္းရေငြကေန ကိုစတက္ ဆီမီးကတ္စ္ကိုလည္း ေခၚယူဖို႔ သေဘာတူညီထားျပီျဖစ္တယ္။

လီဗာပူးအသင္းဘက္က ဘယ္အစြန္အတြက္ လူးဝစ္၊ ဆီမီးကတ္စ္၊ ရီဂြယ္လိုတို႔ကို ေစာင့္ၾကည့္ခဲ့တာျဖစ္တယ္။ အဲ့ထဲမွာမွ ဆီမီးကတ္စ္ကို ၃ ႏွစ္ေလာက္ ေလ့လာေစာင့္ၾကည့္ထားခဲ့တယ္လို႔ သိရတယ္။ ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၁.၇၅ သန္းျဖင့္ သေဘာတူညီမႈရခဲ့တဲ့ ဆီမီးကတ္စ္ဟာ အဂၤလန္ကို သီးသန္႔ဂ်က္ေလယာဥ္ျဖင့္ လာေရာက္ျပီး ေဆးစစ္ခံယူပါမယ္။

လီဗာပူးဘက္က ဒီႏွစ္မွာ အုပ္ခ်ဳပ္ေရးပိုင္း အေျပာင္းအလဲၾကီးေတြ လုပ္မႈနဲ႔အတူ ကလပ္ရဲ႕ အေျခအေန တည္ျငိမ္ဖို႔ကိုပဲ ပိုမို အာရံုစိုက္မွာျဖစ္တယ္။ ၂၀၁၉ ခုႏွစ္အတြင္း အေမရိကန္ရုပ္သံလိုင္းမွာ လူၾကည့္အမ်ားဆံုး ပရီးမီးယားလိဂ္အသင္းအျဖစ္ ရပ္တည္ႏုိင္ခဲ့ျခင္း၊ ျဗိတိန္ျပင္ပကေန လီဗာပူးဝဘ္ဆိုဒ္ကို ဝင္ၾကည့္မႈ အမ်ားဆံုး ႏုိင္ငံက အေမရိကန္ ျဖစ္ခဲ့ျခင္းေတြလို အေျပာင္းအလဲေတြကိုလည္း ကလပ္က ပိုင္ဆုိင္ထားတယ္။

လီဗာပူးရဲ႕ ထိပ္တန္း ဦးစားေပးက ကလပ္ရဲ႕ လက္ရွိ လူစာရင္းကို အမာခံအျဖစ္ ဆက္လက္ ပိုင္ဆုိင္ဖို႔ျဖစ္ျပီး Nike နဲ႔ စာခ်ဳပ္ ေအာင္ျမင္ဖို႔၊ အေမရိကန္ေစ်းကြက္ တိုးတက္လာမႈကို ဆက္ထိန္းဖို႔ျဖစ္တယ္။ ျပီးရင္ေတာ့ ပိုေကာင္းတဲ့ စုဖြဲ႔မႈေတြကို ျပဳလုပ္ကာ ႏုိင္ငံရပ္ျခား ေစ်းကြက္ေတြကို ခ်ဲ႔ထြင္းဖို႔ ျဖစ္ပါတယ္။