လီဗာပူးအသင်းဟာ ရာသီသစ်အတွက် လေ့ကျင့်ရေး စတင်ဖို့ နီးကပ်လာချိန်မှာပဲ အသင်းရဲ့ လူငယ်တွေအတွက် အစီအစဉ် ဆွဲပေးမှုတွေ ထွက်ပေါ်လာပါပြီ။

ပထမဆုံးအားဖြင့် လူငယ်အသင်းမှာ တောက်ပခြင်းကြောင့် စီနီယာအသင်းထံ ခေါ်ယူထားတဲ့ နီးကိုးရဲ့ ခြေစွမ်းကို နှစ်သက်ပါတယ်။ ဒါကြောင့် ကစားသမားလေးကို ၅ နှစ် သက်တမ်းတိုးစာချုပ် ပေးပို့သွားတော့မှာပါ။ သူနဲ့ ကားတစ်ဂျုံးဟာ လာမယ့်ရာသီ လီဗာပူး စင်တင်ပေးလိုတဲ့ လူငယ်နှစ်ဦး ဖြစ်လာပါမယ်။

ဆီမီးကတ်စ် ရောက်လာတော့မှာဖြစ်လိ့ လီဗာပူးက လာရိုစီကို အသင်းကနေ အပြီးသတ် စာချုပ်ဖြင့် ထွက်ခွင့် ပြုတော့မှာဖြစ်တယ်။ ပထမအသင်းအတွက် ၂ ပွဲ ကစားပေးထားတဲ့ ဘယ်အစွန်လူဟာ လီဗာပူးနဲ့ စာချုပ် သက်တမ်းတိုးဖို့ ငြင်းဆန်ထားပါတယ်။

ယူ-၂၃ အသင်းခေါင်းဆောင်ဟောင်း အဒမ်လူးဝစ်ကိုတော့ လီဗာပူးက အငှားချဖို့ စီစဉ်ထားပါတယ်။ အသက် ၂၀ အရွယ် လူးဝစ်အပေါ် လီဗာပူးဘက်က အများကြီး မျှော်လင့်ခဲ့ပေမယ့် ဒဏ်ရာပြဿနာက သူ့ရဲ့ တိုးတက်မှုကို နှေးကွေးစေခဲ့တယ်။ သူဟာ ချန်ပီယံရှစ်ကလပ် Luton Town အသင်းထံ ရောက်ဖွယ် ရှိနေပါတယ်။

မနှစ်က အငှားထွက်ကစားခဲ့ရတဲ့ လူငယ် ကွင်းလယ်လူ ဝုဒ်ဘမ်းကိုတော့ အင်္ဂလန်ကလပ်တွေထံ အငှားမချဘဲ ဂျာမနီဘက်ကို ပြောင်းလဲ အငှားချဖို့ လီဗာပူးဘက်က စီစဉ်နေပါတယ်။ သူ့ကို ဘွန်ဒက်လီဂါ-၂ ကလပ်ဖြစ်တဲ့ Fortuna Dusseldorf အသင်းထံ အငှားချဖို့ ဆွေးနွေးနေပါတယ်။

ပထမအသင်း အတွေ့အကြုံ ခံစားနိုင်စေဖို့ ဆွမ်ဆီးကို အငှားချထားတဲ့ ဘရူးစတားကတော့ Evian ကို သွားမယ့် လေ့ကျင့်ရေး ခရီးစဉ်ကို လိုက်ပါရမှာဖြစ်ပြီး လေ့ကျင့်ရေး ပြီးမှပဲ သူ့ရဲ့ အနာဂတ်ကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ရာသီသစ္အတြက္ ေလ့က်င့္ေရး စတင္ဖို႔ နီးကပ္လာခ်ိန္မွာပဲ အသင္းရဲ႕ လူငယ္ေတြအတြက္ အစီအစဥ္ ဆြဲေပးမႈေတြ ထြက္ေပၚလာပါျပီ။

ပထမဆံုးအားျဖင့္ လူငယ္အသင္းမွာ ေတာက္ပျခင္းေၾကာင့္ စီနီယာအသင္းထံ ေခၚယူထားတဲ့ နီးကိုးရဲ႕ ေျခစြမ္းကို ႏွစ္သက္ပါတယ္။ ဒါေၾကာင့္ ကစားသမားေလးကို ၅ ႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ေပးပို႔သြားေတာ့မွာပါ။ သူနဲ႔ ကားတစ္ဂ်ံဳးဟာ လာမယ့္ရာသီ လီဗာပူး စင္တင္ေပးလိုတဲ့ လူငယ္ႏွစ္ဦး ျဖစ္လာပါမယ္။

ဆီမီးကတ္စ္ ေရာက္လာေတာ့မွာျဖစ္လိ႔ လီဗာပူးက လာရိုစီကို အသင္းကေန အျပီးသတ္ စာခ်ဳပ္ျဖင့္ ထြက္ခြင့္ ျပဳေတာ့မွာျဖစ္တယ္။ ပထမအသင္းအတြက္ ၂ ပြဲ ကစားေပးထားတဲ့ ဘယ္အစြန္လူဟာ လီဗာပူးနဲ႔ စာခ်ဳပ္ သက္တမ္းတိုးဖို႔ ျငင္းဆန္ထားပါတယ္။

ယူ-၂၃ အသင္းေခါင္းေဆာင္ေဟာင္း အဒမ္လူးဝစ္ကိုေတာ့ လီဗာပူးက အငွားခ်ဖို႔ စီစဥ္ထားပါတယ္။ အသက္ ၂၀ အရြယ္ လူးဝစ္အေပၚ လီဗာပူးဘက္က အမ်ားၾကီး ေမွ်ာ္လင့္ခဲ့ေပမယ့္ ဒဏ္ရာျပႆနာက သူ႔ရဲ႕ တိုးတက္မႈကို ေႏွးေကြးေစခဲ့တယ္။ သူဟာ ခ်န္ပီယံရွစ္ကလပ္ Luton Town အသင္းထံ ေရာက္ဖြယ္ ရွိေနပါတယ္။

မႏွစ္က အငွားထြက္ကစားခဲ့ရတ့ဲ လူငယ္ ကြင္းလယ္လူ ဝုဒ္ဘမ္းကိုေတာ့ အဂၤလန္ကလပ္ေတြထံ အငွားမခ်ဘဲ ဂ်ာမနီဘက္ကုိ ေျပာင္းလဲ အငွားခ်ဖို႔ လီဗာပူးဘက္က စီစဥ္ေနပါတယ္။ သူ႔ကို ဘြန္ဒက္လီဂါ-၂ ကလပ္ျဖစ္တဲ့ Fortuna Dusseldorf အသင္းထံ အငွားခ်ဖို႔ ေဆြးေႏြးေနပါတယ္။

ပထမအသင္း အေတြ႔အၾကံဳ ခံစားႏုိင္ေစဖို႔ ဆြမ္ဆီးကို အငွားခ်ထားတဲ့ ဘရူးစတားကေတာ့ Evian ကို သြားမယ့္ ေလ့က်င့္ေရး ခရီးစဥ္ကို လိုက္ပါရမွာျဖစ္ျပီး ေလ့က်င့္ေရး ျပီးမွပဲ သူ႔ရဲ႕ အနာဂတ္ကို ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။