လီဗာပူးဂန္တဝင်ကြီး ဂျွန်ဘမ်းစ်က လီဗာပူးနဲ့ ပက်သက်ပြီး သူအကြိုက်ဆုံး ပွဲကို ရွေးချယ်ရာမှာ ၂၀၀၅ က အင်စတမ်ဘူလ်း ဗိုလ်လုပွဲကို ကျော်ပြီး ၂၀၁၉ ဘာစီလိုနာကို အနိုင်ယူတဲ့ပွဲကို ရွေးချယ်လိုက်ပါတယ်။

ချန်ပီယံလိဂ်သမိုင်းမှာ အကောင်းဆုံးသော ဂန္တဝင်ပွဲအဖြစ် အခုချိန်ထိ မှတ်တမ်းဝင်တဲ့ ၂၀၀၅ အင်စတမ်ဘူလ်းပွဲကို ကျော်ပြီး ရွေးချယ်ရခြင်းမှာ ဂျွန်ဘမ်းစ်အတွက်လည်း အကြောင်းပြချက် ရှိပါတယ်။ သူကတော့ ပြိုင်ဘက်က ဘယ်သူတွေလဲဆိုတာထက် ကိုယ်က အကောင်းဆုံး စွမ်းဆောင်ပြမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုကို ပြသခဲ့တဲ့ ၂၀၁၉ အသင်းကို ပိုနှစ်သက်တယ်လို့ ပြောပါတယ်။

ဂျွန်ဘန်းစ်က ” ရိုးမားမှာ လီဗာပူး ချန်ပီယံလိဂ်ဖလား အနိုင်ရတဲ့ အတိတ်က နေ့ရက်ကို ပြန်သွားလို့ ရတယ်ကွာ။ နောက်ပြီး အင်စတမ်ဘူးလ်ပေါ့။ ဘယ်တော့မှ မေ့လို့မရနိုင်မယ့် ညလို့ အားလုံးတွေးမိကြတဲ့ ပွဲပေါ့။

ဒါပေမယ့် ဘာစီလိုနာကို ၄-၀ နဲ့ နိုင်ခဲ့တဲ့ပွဲက သိပ်ကောင်းတဲ့ပွဲ။ ချန်ပီယံလိဂ်ကို အနိုင်ရတာ မဟုတ်ဘဲ ဆီမီးဖိုင်နယ်အဆင့်ကို အနိုင်ရခြင်းဖြစ်ပေမယ့် ငါ့အတွက်ကတော့ အတိတ်က ဘယ် ဗိုလ်လုပွဲထက်မဆို ပိုကောင်းတယ်။ အထူးသဖြင့် အင်စတမ်းဘူလ်းည အပါအဝင်ပေါ့။

ဘာစီလိုနာကို ၄-၀ နဲ့ အနိုင်ယူတုန်းက ဖာမင်နိုနဲ့ ဆာလက်တို့ မပါဘူးလေ။ ဘာစီလိုနာဘက်မှာက မက်ဆီ အပါအဝင် ကစားသမားတွေ အားလုံး ပါဝင်လာခဲ့တယ်။ ဒါကြောင့်ပဲ အဲ့ပွဲက ငါ့ရဲ့ အကြိုက်ဆုံးပွဲတစ်ပွဲ ဖြစ်နေခဲ့တာပဲ။ အဲ့ပွဲကပဲ လီဗာပူးကို ယာဂင်လော့ပ် ဘာတွေ လုပ်ပေးထားလဲဆိုတာ မြင်သာခဲ့တာပဲလေ။

စိတ်ပိုင်းဖြတ်ထားတဲ့ အသင်းတစ်သင်းကို ငါတို့အားလုံး မြင်ခဲ့ရတယ်။ ကိုယ် ဘယ်လိုပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နေသလဲဆိုတာကို ဂရုမစိုက်ဘဲ အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ ကစားဖို့ပဲ တောင်းဆိုတဲ့ အသင်းကို မြင်ခဲ့ရတယ်။ ဒါကို ကလော့ပ် ဖန်တီးပြခဲ့တာပဲလေကွာ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ်သမိုင်းမှာ အကောင်းဆုံး comeback ဗိုလ်လုပွဲဖြစ်တဲ့ အေစီမီလန် ၃-၃ ပွဲကို ကစားခဲ့တဲ့ အသင်းဖြစ်တယ်။ ဒါ့အပြင် ချန်ပီယံလိဂ်သမိုင်းမှာ အကောင်းဆုံး comeback ရံှူးထွက်ပွဲအဖြစ် ပထမအကျော့ ၃-၀ အရေးနိမ့်ထားတဲ့ ဘာကာကို ၄-၀ နဲ့ အနိုင်ယူပြတဲ့ပွဲကိုလည်း ကစားခဲ့တယ်။

ဒီပွဲတွေဟာ လာမယ့် ဆယ်စုနှစ်တွေထိ ချန်ပီယံလိဂ်သမိုင်းမှာ စံနမူနာထားရတဲ့ သမိုင်းဝင်ပွဲကောင်းတွေအဖြစ် ဆက်ရှိနေမှာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး ဂၽြန္ဘမ္းစ္က လီဗာပူးနဲ႔ ပက္သက္ျပီး သူအၾကိဳက္ဆံုး ပြဲကို ေရြးခ်ယ္ရာမွာ ၂၀၀၅ က အင္စတမ္ဘူလ္း ဗိုလ္လုပြဲကို ေက်ာ္ျပီး ၂၀၁၉ ဘာစီလိုနာကို အႏုိင္ယူတဲ့ပြဲကို ေရြးခ်ယ္လိုက္ပါတယ္။

ခ်န္ပီယံလိဂ္သမိုင္းမွာ အေကာင္းဆံုးေသာ ဂႏၱဝင္ပြဲအျဖစ္ အခုခ်ိန္ထိ မွတ္တမ္းဝင္တဲ့ ၂၀၀၅ အင္စတမ္ဘူလ္းပြဲကို ေက်ာ္ျပီး ေရြးခ်ယ္ရျခင္းမွာ ဂၽြန္ဘမ္းစ္အတြက္လည္း အေၾကာင္းျပခ်က္ ရွိပါတယ္။ သူကေတာ့ ျပိဳင္ဘက္က ဘယ္သူေတြလဲဆိုတာထက္ ကိုယ္က အေကာင္းဆံုး စြမ္းေဆာင္ျပမယ္ဆိုတဲ့ စိတ္ပိုင္းျဖတ္မႈကို ျပသခဲ့တဲ့ ၂၀၁၉ အသင္းကို ပိုႏွစ္သက္တယ္လို႔ ေျပာပါတယ္။

ဂၽြန္ဘန္းစ္က ” ရိုးမားမွာ လီဗာပူး ခ်န္ပီယံလိဂ္ဖလား အႏုိင္ရတဲ့ အတိတ္က ေန႔ရက္ကို ျပန္သြားလို႔ ရတယ္ကြာ။ ေနာက္ျပီး အင္စတမ္ဘူးလ္ေပါ့။ ဘယ္ေတာ့မွ ေမ့လို႔မရႏုိင္မယ့္ ညလို႔ အားလံုးေတြးမိၾကတဲ့ ပြဲေပါ့။

ဒါေပမယ့္ ဘာစီလိုနာကို ၄-၀ နဲ႔ ႏုိင္ခဲ့တဲ့ပြဲက သိပ္ေကာင္းတဲ့ပြဲ။ ခ်န္ပီယံလိဂ္ကို အႏုိင္ရတာ မဟုတ္ဘဲ ဆီမီးဖိုင္နယ္အဆင့္ကို အႏုိင္ရျခင္းျဖစ္ေပမယ့္ ငါ့အတြက္ကေတာ့ အတိတ္က ဘယ္ ဗိုလ္လုပြဲထက္မဆို ပိုေကာင္းတယ္။ အထူးသျဖင့္ အင္စတမ္းဘူလ္းည အပါအဝင္ေပါ့။

ဘာစီလိုနာကို ၄-၀ နဲ႔ အႏုိင္ယူတုန္းက ဖာမင္ႏိုနဲ႔ ဆာလက္တို႔ မပါဘူးေလ။ ဘာစီလိုနာဘက္မွာက မက္ဆီ အပါအဝင္ ကစားသမားေတြ အားလံုး ပါဝင္လာခဲ့တယ္။ ဒါေၾကာင့္ပဲ အဲ့ပြဲက ငါ့ရဲ႕ အၾကိဳက္ဆံုးပြဲတစ္ပြဲ ျဖစ္ေနခဲ့တာပဲ။ အဲ့ပြဲကပဲ လီဗာပူးကို ယာဂင္ေလာ့ပ္ ဘာေတြ လုပ္ေပးထားလဲဆိုတာ ျမင္သာခဲ့တာပဲေလ။

စိတ္ပိုင္းျဖတ္ထားတဲ့ အသင္းတစ္သင္းကို ငါတို႔အားလံုး ျမင္ခဲ့ရတယ္။ ကိုယ္ ဘယ္လိုျပိဳင္ဘက္ေတြနဲ႔ ယွဥ္ျပိဳင္ေနသလဲဆိုတာကို ဂရုမစိုက္ဘဲ အေကာင္းဆံုး စြမ္းေဆာင္ရည္နဲ႔ ကစားဖို႔ပဲ ေတာင္းဆိုတဲ့ အသင္းကို ျမင္ခဲ့ရတယ္။ ဒါကို ကေလာ့ပ္ ဖန္တီးျပခဲ့တာပဲေလကြာ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ အေကာင္းဆံုး comeback ဗိုလ္လုပြဲျဖစ္တဲ့ ေအစီမီလန္ ၃-၃ ပြဲကို ကစားခဲ့တဲ့ အသင္းျဖစ္တယ္။ ဒါ့အျပင္ ခ်န္ပီယံလိဂ္သမိုင္းမွာ အေကာင္းဆံုး comeback ရံွဴးထြက္ပြဲအျဖစ္ ပထမအေက်ာ့ ၃-၀ အေရးနိမ့္ထားတဲ့ ဘာကာကို ၄-၀ နဲ႔ အႏုိင္ယူျပတဲ့ပြဲကိုလည္း ကစားခဲ့တယ္။

ဒီပြဲေတြဟာ လာမယ့္ ဆယ္စုႏွစ္ေတြထိ ခ်န္ပီယံလိဂ္သမုိင္းမွာ စံနမူနာထားရတဲ့ သမိုင္းဝင္ပြဲေကာင္းေတြအျဖစ္ ဆက္ရွိေနမွာပဲ ျဖစ္ပါတယ္။