လီဗာပူး အားကစားဒါရိုက်တာ မိုင်ကယ် အတ်ဝတ်က ဂျမယ် လူးဝစ်ကို ခေါ်ယူရေး ညိနှိုင်းမှု လုပ်နေပေမယ့် နော်ဝစ်ဘက်က အားကစားဒါရိုက်တာ ဝဘ်ဘာနဲ့ ညိနှိုင်းရေးမှာ အဆင်ပြေဖွယ် မရှိတာကို နားလည်တာကြောင့် ခပ်မြန်မြန် နောက်ဆုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လီဗာပူးဟာ နွေဈေးကွက်မှာ ဘယ်အစွန်လူသစ် ရှာဖွေဖို့ကို ရည်ရွယ်ခဲ့တယ်။ မနှစ်က ရာသီတစ်ခုလုံးမှာ ရော်ဘတ်ဆန် ပွဲတိုင်းနီးပါး ပါဝင်ကစားခဲ့ပေမယ့် သူ မကစားနိုင်ရင် ဘယ်အစွန်မှာ လူမရှိဘူးဆိုတာကို အသင်းက နားလည်ခဲ့တာကြောင့် ဘယ်အစွန် ရှာဖွေရေးကို ဦးစားပေးအဖြစ် သက်မှတ်ခဲ့တယ်။ လီဗာပူးက ဘယ်အစွန်အတွက် ကစားသမား လေးဦးထိ ချိန်ရွယ်ခဲ့တယ်လို့ သိရပါတယ်။

နော်ဝစ်မှ လူးဝစ်၊ အိုလံပီယာကိုစ့်မှ ဆီမီးတက်စ်၊ ဆီးဗီးကို အငှားချထားတဲ့ ရီဂွယ်လွန် အစရှိတဲ့ ကစားသမားတွေ ပါဝင်ပေမယ့် နောက်တစ်ဦးကိုတော့ မသိရပါဘူး။ အတ်ဝတ်က အသင်းရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်တဲ့ လူးဝစ်ကို ပေါင် ၁၀ သန်းနဲ့ ရဖို့ ကမ်းလှမ်းမှု လုပ်ခဲ့ပြီး ဝဘ်ဘာက ဈေးနှစ်ဆ တောင်းခဲ့ပါတယ်။

လူးဝစ်ကိစ္စအတွက် အသေးစိတ် သတင်းတွေကိုတော့ Blood Red podcast ကနေ နော်ဝစ်သတင်းထောက် Stuart Hodge နဲ့ လီဗာပူးအခြေစိုက် Echo သတင်းထောက်တွေ သတင်းဖလှယ်မှုမှာ ဖွင့်ချခဲ့ကြပါတယ်။

နော်ဝစ်က မက်အာရွန်ကို ဘိုင်ယန်ထံ ပေါင် သန်း ၂၀ နဲ့ ရောင်းချဖို့လည်း စကားပြောနေပြီး လူးဝစ်အတွက်လည်း တူညီတဲ့ ပြောင်းရွှေ့ကြေးပဲ လိုချင်ခဲ့တာပါ။ ဝဘ်ဘာက အတ်ဝတ်နဲ့ စကားပြောရာမှာ မတ်ဒီဆန်ရဲ့ အပြောင်းအရွှေ့ကို ထောက်ပြခဲ့ပြီး ပရီးမီးယားလိဂ်ပွဲ တစ်ပွဲမှ မကစားထားတာတောင် ကလပ်စံချိန်တင်ကြေးနဲ့ ရောင်းခဲ့တယ်လို့ ဆိုခဲ့တယ်။

သူကပဲ နော်ဝစ်က ကစားသမားတွေကို ရောင်းကို ရောင်းရမယ်လို့ ဖိအားမရှိကြောင်းနဲ့ လူးဝစ်ကို လိုချင်ရင် ပေါင် သန်း ၂၀ ကို အပြည့်ပေးမှ ရမယ်လို့ ဆိုခဲ့တယ်။ ဝဘ်ဘာဟာ လီဗာပူးဝန်ထမ်းဟောင်းဖြစ်ပြီး အားကစားဒါရိုက်တာ ကိုမိုလီလက်ထက်မှာ အကယ်ဒမီအသင်း ကစားသမားခေါ်ယူရေး တာဝန်ရှိသူဖြစ်တယ်။ သူက စတာလင်ကို လက်မှတ်ထိုးမှုမှာ ပါဝင်ခဲ့သေးသူ ဖြစ်ပါတယ်။

အတ်ဝတ်နဲ့ ဝဘ်ဘာတို့ စကားပြောမှုကနေ လီဗာပူးဘက်က လူးဝစ်ကို ခေါ်ယူဖို့ဆိုရင် ပေါင် ၁၀ သန်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်သလို နော်ဝစ်က ပေါင် သန်း ၂၀ ကို ဘယ်လိုမှ လျော့ပေးမှာ မဟုတ်ဘူးဆိုတာ နားလည်ခဲ့တယ်။ ဝဘ်ဘာကလည်း ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရပေမယ့် လီဗာပူးရဲ့ ကမ်းလှမ်းမှုကို တုန့်လှုပ်မှာ မဟုတ်ဘူးဆိုတာကို ပြသဖို့ ကြိုးစားခဲ့တယ်။

အတ်ဝတ်က လူးဝစ်တစ်ဦးနဲ့ပဲ ခြေချုပ်မိမနေဖို့ ယူရိုပါလိဂ် ပြိုင်ပွဲအတွက် အင်္ဂလန်ကို ရောက်နေတဲ့ အိုလံပီယာကိုစ့်မှ အထွေထွေမန်နေဂျာနဲ့ ဆီမီးတက်စ် အပြောင်းအရွှေ့ကို စကားပြောခဲ့ပါတယ်။ သူတို့ နှစ်ဦး စကားပြောမှု အဆင်ပြေရာက လီဗာပူးဘက်က လူးဝစ်ကို နောက်ဆုတ်ပြီး ဆီမီးတက်စ်ကို ခေါ်ယူရေး ရှေ့တိုးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

လီဗာပူးကင်းထောက်အဖွဲ့ဟာ ဆီမီးတက်စ်ကို ကင်းထောက်ချိန်က လူးဝစ်ထက် ပိုကြာခဲ့ပြီး အရင် ၃ နှစ်တည်းက စောင့်ကြည့်ထားခဲ့တာပါ။ လူးဝစ်ကို ဦးစားပေးအဖြစ် သက်မှတ်ခဲ့တာက မြောက်အိုင်ယာလန်သားဟာ အသက် ၂၂ ပဲရှိသေးတာရယ်၊ အင်္ဂလန်နဲ့ ပရီးမီးယားလိဂ်မှာ ကစားထားတာကြောင့် အသားကျဖို့ ပိုလွယ်မယ်လို့ ယုံကြည်ခြင်းကြောင့်ဖြစ်တယ်။

လူးဝစ်ကိုတော့ အသင်းမှာ တစ်နှစ်လောက် အရန်ခုံထိုင်ခိုင်းဖို့ အဆင်ပြေမယ်လို့ ကလပ်က မြင်ခဲ့သလို ရော်ဘတ်ဆန်နေရာ အရန်အဖြစ် အားဖြည့်တဲ့ ကစားသမားတစ်ဦးကို ပေါင် သန်း ၂၀ လောက် အကုန်အကျ မခံလိုခြင်းကလည်း အကြောင်းရင်းတစ်ချက်ဖြစ်တယ်။ ဟူးစီးတီးကနေ ပေါင် ၈ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ရော်ဘတ်ဆန်ကပဲ ကလော့ပ်ရဲ့ ဦးစားပေးအဖြစ် ဆက်ရှိနေဦးမှာဖြစ်တယ်။

ဆီမီးတက်စ်ဟာ သီးသန့်လေယာဉ်ဖြင့် ဆေးစစ်ဖို့ ရောက်လာမှာဖြစ်ပြီး သူ့ရဲ့ စာချုပ်က ၂၀၂၅ ထိ ရှိပါမယ်။ နှစ်သင်းကြား ပြောင်းရွှေ့ကြေး သဘောတူညီထားပေမယ့် ပုဂ္ဂိုလ်ရေး သဘောတူညီမှုက ညိနှိုင်းနေဆဲဖြစ်ကာ လက်မှတ်ထိုးဖို့ကတော့ သေချာတယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူး အားကစားဒါရိုက္တာ မိုင္ကယ္ အတ္ဝတ္က ဂ်မယ္ လူးဝစ္ကို ေခၚယူေရး ညိႏိႈင္းမႈ လုပ္ေနေပမယ့္ ေနာ္ဝစ္ဘက္က အားကစားဒါရိုက္တာ ဝဘ္ဘာနဲ႔ ညိႏိႈင္းေရးမွာ အဆင္ေျပဖြယ္ မရွိတာကို နားလည္တာေၾကာင့္ ခပ္ျမန္ျမန္ ေနာက္ဆုတ္ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။

လီဗာပူးဟာ ေႏြေစ်းကြက္မွာ ဘယ္အစြန္လူသစ္ ရွာေဖြဖို႔ကို ရည္ရြယ္ခဲ့တယ္။ မႏွစ္က ရာသီတစ္ခုလံုးမွာ ေရာ္ဘတ္ဆန္ ပြဲတိုင္းနီးပါး ပါဝင္ကစားခဲ့ေပမယ့္ သူ မကစားႏုိင္ရင္ ဘယ္အစြန္မွာ လူမရွိဘူးဆိုတာကို အသင္းက နားလည္ခဲ့တာေၾကာင့္ ဘယ္အစြန္ ရွာေဖြေရးကို ဦးစားေပးအျဖစ္ သက္မွတ္ခဲ့တယ္။ လီဗာပူးက ဘယ္အစြန္အတြက္ ကစားသမား ေလးဦးထိ ခ်ိန္ရြယ္ခဲ့တယ္လို႔ သိရပါတယ္။

ေနာ္ဝစ္မွ လူးဝစ္၊ အိုလံပီယာကိုစ့္မွ ဆီမီးတက္စ္၊ ဆီးဗီးကို အငွားခ်ထားတဲ့ ရီဂြယ္လြန္ အစရွိတဲ့ ကစားသမားေတြ ပါဝင္ေပမယ့္ ေနာက္တစ္ဦးကိုေတာ့ မသိရပါဘူး။ အတ္ဝတ္က အသင္းရဲ႕ ဦးစားေပး ပစ္မွတ္ျဖစ္တဲ့ လူးဝစ္ကို ေပါင္ ၁၀ သန္းနဲ႔ ရဖို႔ ကမ္းလွမ္းမႈ လုပ္ခဲ့ျပီး ဝဘ္ဘာက ေစ်းႏွစ္ဆ ေတာင္းခဲ့ပါတယ္။

လူးဝစ္ကိစၥအတြက္ အေသးစိတ္ သတင္းေတြကိုေတာ့ Blood Red podcast ကေန ေနာ္ဝစ္သတင္းေထာက္ Stuart Hodge နဲ႔ လီဗာပူးအေျခစိုက္ Echo သတင္းေထာက္ေတြ သတင္းဖလွယ္မႈမွာ ဖြင့္ခ်ခဲ့ၾကပါတယ္။

ေနာ္ဝစ္က မက္အာရြန္ကို ဘိုင္ယန္ထံ ေပါင္ သန္း ၂၀ နဲ႔ ေရာင္းခ်ဖို႔လည္း စကားေျပာေနျပီး လူးဝစ္အတြက္လည္း တူညီတဲ့ ေျပာင္းေရႊ႔ေၾကးပဲ လိုခ်င္ခဲ့တာပါ။ ဝဘ္ဘာက အတ္ဝတ္နဲ႔ စကားေျပာရာမွာ မတ္ဒီဆန္ရဲ႕ အေျပာင္းအေရႊ႔ကို ေထာက္ျပခဲ့ျပီး ပရီးမီးယားလိဂ္ပြဲ တစ္ပြဲမွ မကစားထားတာေတာင္ ကလပ္စံခ်ိန္တင္ေၾကးနဲ႔ ေရာင္းခဲ့တယ္လို႔ ဆိုခဲ့တယ္။

သူကပဲ ေနာ္ဝစ္က ကစားသမားေတြကို ေရာင္းကို ေရာင္းရမယ္လို႔ ဖိအားမရွိေၾကာင္းနဲ႔ လူးဝစ္ကို လိုခ်င္ရင္ ေပါင္ သန္း ၂၀ ကို အျပည့္ေပးမွ ရမယ္လို႔ ဆိုခဲ့တယ္။ ဝဘ္ဘာဟာ လီဗာပူးဝန္ထမ္းေဟာင္းျဖစ္ျပီး အားကစားဒါရိုက္တာ ကိုမိုလီလက္ထက္မွာ အကယ္ဒမီအသင္း ကစားသမားေခၚယူေရး တာဝန္ရွိသူျဖစ္တယ္။ သူက စတာလင္ကို လက္မွတ္ထိုးမႈမွာ ပါဝင္ခဲ့ေသးသူ ျဖစ္ပါတယ္။

အတ္ဝတ္နဲ႔ ဝဘ္ဘာတို႔ စကားေျပာမႈကေန လီဗာပူးဘက္က လူးဝစ္ကို ေခၚယူဖို႔ဆိုရင္ ေပါင္ ၁၀ သန္းနဲ႔ ဘယ္လိုမွ မျဖစ္ႏုိင္သလို ေနာ္ဝစ္က ေပါင္ သန္း ၂၀ ကို ဘယ္လိုမွ ေလ်ာ့ေပးမွာ မဟုတ္ဘူးဆိုတာ နားလည္ခဲ့တယ္။ ဝဘ္ဘာကလည္း ခ်န္ပီယံရွစ္ကို တန္းဆင္းခဲ့ရေပမယ့္ လီဗာပူးရဲ႕ ကမ္းလွမ္းမႈကို တုန္႔လႈပ္မွာ မဟုတ္ဘူးဆိုတာကို ျပသဖို႔ ၾကိဳးစားခဲ့တယ္။

အတ္ဝတ္က လူးဝစ္တစ္ဦးနဲ႔ပဲ ေျခခ်ဳပ္မိမေနဖို႔ ယူရိုပါလိဂ္ ျပိဳင္ပြဲအတြက္ အဂၤလန္ကို ေရာက္ေနတဲ့ အိုလံပီယာကိုစ့္မွ အေထြေထြမန္ေနဂ်ာနဲ႔ ဆီမီးတက္စ္ အေျပာင္းအေရႊ႔ကို စကားေျပာခဲ့ပါတယ္။ သူတို႔ ႏွစ္ဦး စကားေျပာမႈ အဆင္ေျပရာက လီဗာပူးဘက္က လူးဝစ္ကို ေနာက္ဆုတ္ျပီး ဆီမီးတက္စ္ကို ေခၚယူေရး ေရွ႔တိုးႏုိင္ခဲ့ျခင္း ျဖစ္ပါတယ္။

လီဗာပူးကင္းေထာက္အဖြဲ႔ဟာ ဆီမီးတက္စ္ကို ကင္းေထာက္ခ်ိန္က လူးဝစ္ထက္ ပိုၾကာခဲ့ျပီး အရင္ ၃ ႏွစ္တည္းက ေစာင့္ၾကည့္ထားခဲ့တာပါ။ လူးဝစ္ကို ဦးစားေပးအျဖစ္ သက္မွတ္ခဲ့တာက ေျမာက္အုိင္ယာလန္သားဟာ အသက္ ၂၂ ပဲရွိေသးတာရယ္၊ အဂၤလန္နဲ႔ ပရီးမီးယားလိဂ္မွာ ကစားထားတာေၾကာင့္ အသားက်ဖို႔ ပိုလြယ္မယ္လို႔ ယံုၾကည္ျခင္းေၾကာင့္ျဖစ္တယ္။

လူးဝစ္ကိုေတာ့ အသင္းမွာ တစ္ႏွစ္ေလာက္ အရန္ခံုထိုင္ခိုင္းဖို႔ အဆင္ေျပမယ္လို႔ ကလပ္က ျမင္ခဲ့သလို ေရာ္ဘတ္ဆန္ေနရာ အရန္အျဖစ္ အားျဖည့္တဲ့ ကစားသမားတစ္ဦးကို ေပါင္ သန္း ၂၀ ေလာက္ အကုန္အက် မခံလိုျခင္းကလည္း အေၾကာင္းရင္းတစ္ခ်က္ျဖစ္တယ္။ ဟူးစီးတီးကေန ေပါင္ ၈ သန္းျဖင့္ ေျပာင္းလာခဲ့တဲ့ ေရာ္ဘတ္ဆန္ကပဲ ကေလာ့ပ္ရဲ႕ ဦးစားေပးအျဖစ္ ဆက္ရွိေနဦးမွာျဖစ္တယ္။

ဆီမီးတက္စ္ဟာ သီးသန္႔ေလယာဥ္ျဖင့္ ေဆးစစ္ဖို႔ ေရာက္လာမွာျဖစ္ျပီး သူ႔ရဲ႕ စာခ်ဳပ္က ၂၀၂၅ ထိ ရွိပါမယ္။ ႏွစ္သင္းၾကား ေျပာင္းေရႊ႔ေၾကး သေဘာတူညီထားေပမယ့္ ပုဂၢိဳလ္ေရး သေဘာတူညီမႈက ညိႏိႈင္းေနဆဲျဖစ္ကာ လက္မွတ္ထိုးဖို႔ကေတာ့ ေသခ်ာတယ္လို႔ သိရပါတယ္။