၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ဆုကြေးကို ဆွစ်ဇလန်အခြေစိုက် ဘောလုံးဆိုင်ရာ စီးပွားရေးတွေ ဖော်ပြနေတဲ့ အဖွဲ့ရဲ့ စာရင်းထုတ်ပြန်မှုတွေမှာ ပါဝင် ဖော်ပြသွားပါတယ်။

ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့် ရံှူးထွက်ထိပဲ တက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးဟာ မနှစ်ကထက်တော့ ဆုကြေး နည်းပါးခဲ့ပါတယ်။ လီဗာပူးဟာ ရံှူးထွက်အဆင့်မှာ အက်သလက်တီကို မက်ဒရစ်ကို အရေးနိမ့်ပြီး ၁၆ သင်းအဆင့်မှာတင် ထွက်ခဲ့ရကာ သုံးနှစ်ဆက် ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ခွင့် ဆုံးရံှူးခဲ့ပါတယ်။

လီဗာပူးအသင်းရမယ့် ဆုကြေးက ၁၆ သင်းအဆင့်မှာ လှည့်ပြန်ရတဲ့ အခြားသော အသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်၊ ရီးရဲလ်မက်ဒရစ်၊ ချယ်ဆီးတို့ထက် အနည်းငယ် နည်းပါးခဲ့တယ်။ ဆုကြေး ယူရို ၈၀ သန်းရခဲ့ပြီး မနှစ်က ချန်ပီယံဖြစ်ပြီးနောက် ရတဲ့ ဆုကြေး ယူရို ၁၀၁ သန်းထက် ယူရို သန်း ၃၀ လောက် လျော့နည်းခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ ဆက်လက် ပါဝင်တဲ့ အနေအထား၊ ဆုကြေး၊ ဆယ်စုနှစ်အတွင်း ယူအီးအက်ဖ်အေ အဆင့်ရပ်တည်မှု၊ တီဗီရုပ်သံ ဆိုတဲ့ ကဏ္ဍလေးရပ်နဲ့ ဆုကြေးတွေ ခွဲဝေပေးခြင်းဖြစ်တယ်။ လီဗာပူးက ကုန်ခဲ့တဲ့ ၂ နှစ်မှာ ချန်ပီယံလိဂ်အတွင်း အောင်မြင်လာခဲ့ပေမယ့် ဆယ်စုနှစ်ကြာ အမှတ်ပေးမှုမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့် လွဲထားတဲ့ နှစ်တွေများလို့ ဆုကြေး တွက်ချက်မှုမှာ ချယ်ဆီးထက် ယူရို ၁ သန်း လျော့နည်းခဲ့ခြင်းဖြစ်တယ်။

ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ ဆုကြေးအမြင့်ဆုံးအဖြစ် ကွာတားကို တက်ရောက်သွားတဲ့ မန်စီးတီးက ယူရို ၉၉ သန်း၊ ချယ်ဆီးက ယူရို ၈၁ သန်း၊ လီဗာပူးက ယူရို သန်း ၈၀ နဲ့ စပါးက ယူရို ၆၉ သန်းတို့ ရရှိခဲ့ကြပါတယ်။ ဒီနှစ်မှာ ကိုဗစ် ကပ်ဘေး ဝင်ရောက်လာပေမယ့် ကွာတားအဆင့်ကို ရောက်သွားတဲ့ ပီအက်ဂျီက အမြင့်ဆုံး ဆုကြေး ယူရို ၁၀၆ သန်းထိ ရရှိထားပြီဖြစ်တယ်။

ZAWGYI

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီအတြက္ လီဗာပူးအသင္းရဲ႕ ခ်န္ပီယံလိဂ္ ဆုေၾကးကို ဆြစ္ဇလန္အေျခစိုက္ ေဘာလံုးဆိုင္ရာ စီးပြားေရးေတြ ေဖာ္ျပေနတဲ့ အဖြဲ႔ရဲ႕ စာရင္းထုတ္ျပန္မႈေတြမွာ ပါဝင္ ေဖာ္ျပသြားပါတယ္။

ခ်န္ပီယံလိဂ္မွာ ၁၆ သင္းအဆင့္ ရံွဴးထြက္ထိပဲ တက္ေရာက္ႏုိင္ခဲ့တဲ့ လီဗာပူးဟာ မႏွစ္ကထက္ေတာ့ ဆုေၾကး နည္းပါးခဲ့ပါတယ္။ လီဗာပူးဟာ ရံွဴးထြက္အဆင့္မွာ အက္သလက္တီကို မက္ဒရစ္ကို အေရးနိမ့္ျပီး ၁၆ သင္းအဆင့္မွာတင္ ထြက္ခ့ဲရကာ သံုးႏွစ္ဆက္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ တက္ခြင့္ ဆံုးရံွဴးခဲ့ပါတယ္။

လီဗာပူးအသင္းရမယ့္ ဆုေၾကးက ၁၆ သင္းအဆင့္မွာ လွည့္ျပန္ရတဲ့ အျခားေသာ အသင္းေတြျဖစ္တဲ့ ဂ်ဴဗင္တပ္၊ ရီးရဲလ္မက္ဒရစ္၊ ခ်ယ္ဆီးတို႔ထက္ အနည္းငယ္ နည္းပါးခဲ့တယ္။ ဆုေၾကး ယူရို ၈၀ သန္းရခဲ့ျပီး မႏွစ္က ခ်န္ပီယံျဖစ္ျပီးေနာက္ ရတဲ့ ဆုေၾကး ယူရို ၁၀၁ သန္းထက္ ယူရို သန္း ၃၀ ေလာက္ ေလ်ာ့နည္းခဲ့ပါတယ္။

ခ်န္ပီယံလိဂ္မွာ ဆက္လက္ ပါဝင္တဲ့ အေနအထား၊ ဆုေၾကး၊ ဆယ္စုႏွစ္အတြင္း ယူအီးအက္ဖ္ေအ အဆင့္ရပ္တည္မႈ၊ တီဗီရုပ္သံ ဆိုတဲ့ က႑ေလးရပ္နဲ႔ ဆုေၾကးေတြ ခြဲေဝေပးျခင္းျဖစ္တယ္။ လီဗာပူးက ကုန္ခဲ့တဲ့ ၂ ႏွစ္မွာ ခ်န္ပီယံလိဂ္အတြင္း ေအာင္ျမင္လာခဲ့ေပမယ့္ ဆယ္စုႏွစ္ၾကာ အမွတ္ေပးမႈမွာေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ လြဲထားတဲ့ ႏွစ္ေတြမ်ားလို႔ ဆုေၾကး တြက္ခ်က္မႈမွာ ခ်ယ္ဆီးထက္ ယူရို ၁ သန္း ေလ်ာ့နည္းခဲ့ျခင္းျဖစ္တယ္။

ပရီးမီးယားလိဂ္ ကလပ္ေတြထဲမွာ ဆုေၾကးအျမင့္ဆံုးအျဖစ္ ကြာတားကို တက္ေရာက္သြားတဲ့ မန္စီးတီးက ယူရို ၉၉ သန္း၊ ခ်ယ္ဆီးက ယူရို ၈၁ သန္း၊ လီဗာပူးက ယူရို သန္း ၈၀ နဲ႔ စပါးက ယူရို ၆၉ သန္းတို႔ ရရွိခဲ့ၾကပါတယ္။ ဒီႏွစ္မွာ ကိုဗစ္ ကပ္ေဘး ဝင္ေရာက္လာေပမယ့္ ကြာတားအဆင့္ကို ေရာက္သြားတဲ့ ပီအက္ဂ်ီက အျမင့္ဆံုး ဆုေၾကး ယူရို ၁၀၆ သန္းထိ ရရွိထားျပီျဖစ္တယ္။