အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ပိုစ့်မောက်၊ မယ်ဒယ်ဘရော့၊ ဝက်ဟမ်းတို့နဲ့ ပရီးမီးယားလိဂ်မှာ ကစားခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်မှာ ချန်ပီယံရှစ်ကလပ် ဘော်တန်အသင်း တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရခဲ့တဲ့ ဂယ်ရီ အိုနေးဟာ ကစားသမားဘဝ အနားယူပြီးနောက် တစ်နှစ်အကြာမှာပဲ လီဗာပူးအသင်းကို လက်ထောက်နည်းပြတစ်ဦးအဖြစ် ဝင်ရောက်လာခဲ့ပါပြီ။

သူဟာ ယူ-၁၈ အသင်းကနေ ယူ-၂၃ အသင်းကို တိုးမြင့် ကိုင်တွယ်ခွင့်ရထားတဲ့ ဘယ်ရီ လွီတက်ရဲ့ လက်ထောက်အဖြစ် တာဝန်ယူမှာဖြစ်တယ်။ အသက် ၃၇ နှစ်အရွယ် ကွင်းလယ်လူက အရည်အချင်းရှိ လူငယ်တွေ အများအပြား ပိုင်ဆိုင်ထားတဲ့ အသင်းမှာ တာဝန်ကြီးယူရတာအတွက် အတော်လေး ကျေနပ်နေပါတယ်။

အိုနေးက ” ကျနော် အရမ်းပဲ စိတ်လှုပ်ရှားနေတယ်။ အရမ်းလည်း မျှော်လင့်ထားပါတယ်။ အကယ်ဒမီက စီနီယာအသင်းထံ နားချိန် ပိုရထားတာပါ။ အချိန် အနည်းငယ် စောင့်ခဲ့ရပြီး အခုချိန်မှာတော့ အချိန်ကျရောက်လာပါပြီ။ အသင်းနဲ့အတူ ရှေ့ဆက်မှုတွေ လုပ်ဖို့ အရမ်းလည်း စိတ်လှုပ်ရှားနေပါတယ်။

ဘယ်ရီက သိပ်ကောင်းပါတယ်။ သူက လူငယ်တွေနဲ့ အလုပ်လုပ်တဲ့ အတွေ့အကြုံကောင်းတွေလည်း ပိုင်ဆိုင်ထားတယ်။ သူက လူငယ်ကစားသမား များစွာကိုလည်း မွေးထုတ်ထားပါတယ်။ ကျနော်က သူ့ကို ကူညိဖို့ နည်းပြအဖွဲ့ထဲကို ဝင်ရောက်လာတာပါ။

နည်းပြအသင်းအနေနဲ့ ဘယ်ရီန့ ကျနော်တို့ အကောင်းဆုံး အလုပ်လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ကျနေ်ာတို့က ထူးချွန်တဲ့ ကစားသမားလေးတွေနဲ့ အလုပ် တွဲလုပ်ရမှာပါ။ ကျနော်ရဲ့ နည်းပြဘဝ အစောပိုင်းမှာ ဒီလို အရည်အချင်းရှိတဲ့ လူငယ်လေးတွေနဲ့ အတူ အလုပ်တွဲလုပ်ရမယ်ဆိုတော့ နည်းနည်းတောင် ဘဝင်မြင့်သလို ခံစားနေမိပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

အဂၤလန္ကလပ္ေတြျဖစ္တဲ့ ပိုစ့္ေမာက္၊ မယ္ဒယ္ဘေရာ့၊ ဝက္ဟမ္းတို႔နဲ႔ ပရီးမီးယားလိဂ္မွာ ကစားခဲ့ျပီး ၂၀၁၈-၂၀၁၉ ခုႏွစ္မွာ ခ်န္ပီယံရွစ္ကလပ္ ေဘာ္တန္အသင္း တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုရခဲ့တဲ့ ဂယ္ရီ အိုေနးဟာ ကစားသမားဘဝ အနားယူျပီးေနာက္ တစ္ႏွစ္အၾကာမွာပဲ လီဗာပူးအသင္းကို လက္ေထာက္နည္းျပတစ္ဦးအျဖစ္ ဝင္ေရာက္လာခဲ့ပါျပီ။

သူဟာ ယူ-၁၈ အသင္းကေန ယူ-၂၃ အသင္းကို တိုးျမင့္ ကိုင္တြယ္ခြင့္ရထားတဲ့ ဘယ္ရီ လီြတက္ရဲ႕ လက္ေထာက္အျဖစ္ တာဝန္ယူမွာျဖစ္တယ္။ အသက္ ၃၇ ႏွစ္အရြယ္ ကြင္းလယ္လူက အရည္အခ်င္းရွိ လူငယ္ေတြ အမ်ားအျပား ပိုင္ဆုိင္ထားတဲ့ အသင္းမွာ တာဝန္ၾကီးယူရတာအတြက္ အေတာ္ေလး ေက်နပ္ေနပါတယ္။

အိုေနးက ” က်ေနာ္ အရမ္းပဲ စိတ္လႈပ္ရွားေနတယ္။ အရမ္းလည္း ေမွ်ာ္လင့္ထားပါတယ္။ အကယ္ဒမီက စီနီယာအသင္းထံ နားခ်ိန္ ပိုရထားတာပါ။ အခ်ိန္ အနည္းငယ္ ေစာင့္ခဲ့ရျပီး အခုခ်ိန္မွာေတာ့ အခ်ိန္က်ေရာက္လာပါျပီ။ အသင္းနဲ႔အတူ ေရွ႔ဆက္မႈေတြ လုပ္ဖို႔ အရမ္းလည္း စိတ္လႈပ္ရွားေနပါတယ္။

ဘယ္ရီက သိပ္ေကာင္းပါတယ္။ သူက လူငယ္ေတြနဲ႔ အလုပ္လုပ္တဲ့ အေတြ႔အၾကံဳေကာင္းေတြလည္း ပိုင္ဆုိင္ထားတယ္။ သူက လူငယ္ကစားသမား မ်ားစြာကိုလည္း ေမြးထုတ္ထားပါတယ္။ က်ေနာ္က သူ႔ကို ကူညိဖို႔ နည္းျပအဖြဲ႔ထဲကို ဝင္ေရာက္လာတာပါ။

နည္းျပအသင္းအေနနဲ႔ ဘယ္ရီန႔ က်ေနာ္တို႔ အေကာင္းဆံုး အလုပ္လုပ္ႏုိင္မယ္လို႔ ထင္ပါတယ္။ က်ေန္ာတို႔က ထူးခၽြန္တဲ့ ကစားသမားေလးေတြနဲ႔ အလုပ္ တြဲလုပ္ရမွာပါ။ က်ေနာ္ရဲ႕ နည္းျပဘဝ အေစာပိုင္းမွာ ဒီလို အရည္အခ်င္းရွိတဲ့ လူငယ္ေလးေတြနဲ႔ အတူ အလုပ္တြဲလုပ္ရမယ္ဆိုေတာ့ နည္းနည္းေတာင္ ဘဝင္ျမင့္သလို ခံစားေနမိပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။