ရှက်ဖီးအသင်းမှ ညာအစွန်တောင်ပံသမား ဘယ်ဒေါ့က ပရီးမီးယားလိဂ်မှာ မာနေးနဲ့ ယှဉ်ပြိုင်ကစားတာက သူ့အတွက် အခက်ခဲဆုံးနဲ့ အကောင်းဆုံး ပြိုင်ဘက်ဖြစ်ပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ရှက်ဖီးဟာ ဒီရာသီမှာ clean sheet ၁၃ ကြိမ်ထိ ရခဲ့သလို ခံစစ်ပိုင်းကလည်း ပေးဂိုး ၃၉ ဂိုးပဲ ပေးထားရတာပါ။ ခံစစ်ကို အကောင်းဆုံး ကာကွယ်နိုင်ပေမယ့်လည်း မာနေးကို ဘယ်ဒေါ့က အတော်လေး အထင်ကြီး လေးစားရင်းစွဲ ရှိနေတာဖြစ်တယ်။

ဘယ်ဒေါ့က ” ကျနော်အတွက် အခက်ခဲဆုံးပြိင်ဘက်ဆိုရင် မာနေးဖြစ်တယ်ဆိုတာ အမြဲ ပြောပြဖူးပါတယ်။ သူက ကိုယ်ကို ကျော်ဖြတ်ပြီး ချန်ပြေးသွားမယ့် လူစားဖြစ်တယ်။ သူက အနားနားကနေ ကပ်လာပြီး အဝေးကြီးကို ကျော်ဖြတ်ပြေးသွားတယ်၊ ထောင်ဖြတ်ပြေးသွားနိုင်တဲ့ တိုက်စစ်သမား ဖြစ်ပါတယ်။

သူက အမြဲတမ်း ကိုယ်ကို ကျော်ဖြတ်ပြေးဖို့ စဉ်းစားနေပြီး အိပ်မက်ဆိုးလို ကစားသမားဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ တောင်ပံသမားတွေက ဘောလုံးကို ခြေထဲထားကစားလိုကြပြီး သူက ကျနော် မြင်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးန့ ကမ္ဘာထိပ်တန်း ကစားသမားပဲ ဖြစ်ပါတယ်။

ကျနော် မာနေးနဲ့ပဲ ထပ်ပြီး ယှဉ်ပြိုင်လိုတယ်။ သူနဲ့ ရင်ဆိုင်ကစားလိုပါတယ်။ အကောင်းဆုံး ကစားသမားတွေနဲ့ပဲ ရင်ဆိုင်ကစားလိုပြီး ကျနော်ရဲ့ ကစားသမားဘဝ လက်ကျန် ကာလတွေမှာ ပရီးမီးယားလိဂ်မှာပဲ သူ့လို ထိပ်တန်း ကစားသမားတွေနဲ့ ယှဉ်ပြိုင်လိုပါတယ် ” လို့ ဆိုခဲ့ပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ မာနေးဟာ အထူး ခြေစွမ်းကောင်းတွေ ပြသထားပါတယ်။ သူဟာ ပြိုင်ပွဲစုံ သွင်းဂိုး ၂၂ ဂိုး သွင်းယူထားပြီး ဂိုးထောက်ပံ့မှု ၁၂ ကြိမ်လည်း ပြုလုပ်ထားနိုင်တာ ဖြစ်ပါတယ်။

ZAWGYI

ရွက္ဖီးအသင္းမွ ညာအစြန္ေတာင္ပံသမား ဘယ္ေဒါ့က ပရီးမီးယားလိဂ္မွာ မာေနးနဲ႔ ယွဥ္ျပိဳင္ကစားတာက သူ႔အတြက္ အခက္ခဲဆံုးနဲ႔ အေကာင္းဆံုး ျပိဳင္ဘက္ျဖစ္ပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ရွက္ဖီးဟာ ဒီရာသီမွာ clean sheet ၁၃ ၾကိမ္ထိ ရခဲ့သလို ခံစစ္ပိုင္းကလည္း ေပးဂိုး ၃၉ ဂိုးပဲ ေပးထားရတာပါ။ ခံစစ္ကို အေကာင္းဆံုး ကာကြယ္ႏုိင္ေပမယ့္လည္း မာေနးကို ဘယ္ေဒါ့က အေတာ္ေလး အထင္ၾကီး ေလးစားရင္းစြဲ ရွိေနတာျဖစ္တယ္။

ဘယ္ေဒါ့က ” က်ေနာ္အတြက္ အခက္ခဲဆံုးျပိင္ဘက္ဆိုရင္ မာေနးျဖစ္တယ္ဆိုတာ အျမဲ ေျပာျပဖူးပါတယ္။ သူက ကိုယ္ကို ေက်ာ္ျဖတ္ျပီး ခ်န္ေျပးသြားမယ့္ လူစားျဖစ္တယ္။ သူက အနားနားကေန ကပ္လာျပီး အေဝးၾကီးကို ေက်ာ္ျဖတ္ေျပးသြားတယ္၊ ေထာင္ျဖတ္ေျပးသြားႏုိင္တဲ့ တိုက္စစ္သမား ျဖစ္ပါတယ္။

သူက အျမဲတမ္း ကိုယ္ကို ေက်ာ္ျဖတ္ေျပးဖို႔ စဥ္းစားေနျပီး အိပ္မက္ဆိုးလို ကစားသမားျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ ေတာင္ပံသမားေတြက ေဘာလံုးကို ေျခထဲထားကစားလိုၾကျပီး သူက က်ေနာ္ ျမင္ခဲ့ဖူးသမွ်ထဲမွာ အေကာင္းဆံုးန႔ ကမၻာထိပ္တန္း ကစားသမားပဲ ျဖစ္ပါတယ္။

က်ေနာ္ မာေနးနဲ႔ပဲ ထပ္ျပီး ယွဥ္ျပိဳင္လိုတယ္။ သူနဲ႔ ရင္ဆိုင္ကစားလိုပါတယ္။ အေကာင္းဆံုး ကစားသမားေတြနဲ႔ပဲ ရင္ဆိုင္ကစားလိုျပီး က်ေနာ္ရဲ႕ ကစားသမားဘဝ လက္က်န္ ကာလေတြမွာ ပရီးမီးယားလိဂ္မွာပဲ သူ႔လို ထိပ္တန္း ကစားသမားေတြနဲ႔ ယွဥ္ျပိဳင္လိုပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ မာေနးဟာ အထူး ေျခစြမ္းေကာင္းေတြ ျပသထားပါတယ္။ သူဟာ ျပိဳင္ပြဲစံု သြင္းဂိုး ၂၂ ဂိုး သြင္းယူထားျပီး ဂိုးေထာက္ပံ့မႈ ၁၂ ၾကိမ္လည္း ျပဳလုပ္ထားႏုိင္တာ ျဖစ္ပါတယ္။