Nike ဘက်က ရာသီအဖွင့်မှာတင် လီဗာပူးဂျာစီ ရောင်းအား အတော်လေးမြင့်ခြင်းကို နှစ်သက်နေပါတယ်။ စံချိန်တင် ရောင်းချရမှု ဖြစ်လာမယ်လို့လည်ူ ၎င်းတို့က မျှော်လင့်ထားပြီး ဝယ်လိုအားနဲ့ ညီမျှတဲ့ ထုတ်လုပ်အားကိုတောင် အလျင်မှီအောင် မလုပ်နိုင်ဘူးဖြစ်နေပါတယ်။

လီဗာပူးပစ်မှတ် ဆီမီးတက်စ်ဟာ နာပိုလီနဲ့ သဘောတူညီမှု တစ်ခုကို အရင်အပတ်တွေထဲက ရထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် သူက လီဗာပူးကို ပြောင်းဖို့က အိပ်မက်တစ်ခုဖြစ်ပြီး ဒီကိစ္စကိုပဲ အတည်ဖြစ်လာစေလိုခြင်းက မိုင်ကယ်အတ်ဝတ်ရဲ့ ညိနှိုင်းမှုကို အကူအညီဖြစ်ခဲ့ပါတယ်။

လူငယ်အသင်းမှာ တောက်ပခြင်းကြောင့် စီနီယာအသင်းထံ ခေါ်ယူထားတဲ့ နီးကိုးရဲ့ ခြေစွမ်းကို နှစ်သက်ပါတယ်။ ဒါကြောင့် ကစားသမားလေးကို ၅ နှစ် သက်တမ်းတိုးစာချုပ် ပေးပို့သွားတော့မှာပါ။

အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ပိုစ့်မောက်၊ မယ်ဒယ်ဘရော့၊ ဝက်ဟမ်းတို့နဲ့ ပရီးမီးယားလိဂ်မှာ ကစားခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်မှာ ချန်ပီယံရှစ်ကလပ် ဘော်တန်အသင်း တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရခဲ့တဲ့ ဂယ်ရီ အိုနေးဟာ ကစားသမားဘဝ အနားယူပြီးနောက် တစ်နှစ်အကြာမှာပဲ လီဗာပူးအသင်းကို လက်ထောက်နည်းပြတစ်ဦးအဖြစ် ဝင်ရောက်လာခဲ့ပါပြီ။

လီဗာပူးအသင်းက လူငယ်ကစားသမား ဝဲလ်ဆန်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၂၀ သက်မှတ်ထားပြီး သူ့ကို ခေါ်ယူရေးမှာ လိဒ်အသင်းက နယူးကာဆယ်၊ ဆောက်သမ်တန်၊ ပဲလေစ့်တို့ကို အသာရလာနေပါတယ်။

ရှက်ဖီးအသင်းမှ ညာအစွန်တောင်ပံသမား ဘယ်ဒေါ့က ပရီးမီးယားလိဂ်မှာ မာနေးနဲ့ ယှဉ်ပြိုင်ကစားတာက သူ့အတွက် အခက်ခဲဆုံးနဲ့ အကောင်းဆုံး ပြိုင်ဘက်ဖြစ်ပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ဆုကြေးကို ဆွစ်ဇလန်အခြေစိုက် ဘောလုံးဆိုင်ရာ စီးပွားရေးတွေ ဖော်ပြနေတဲ့ အဖွဲ့ရဲ့ စာရင်းထုတ်ပြန်မှာတော့ ဆုကြေး ယူရို ၈၀ သန်းရခဲ့ပြီး မနှစ်က ချန်ပီယံဖြစ်ပြီးနောက် ရတဲ့ ဆုကြေး ယူရို ၁၀၁ သန်းထက် ယူရို သန်း ၃၀ လောက် လျော့နည်းခဲ့ပါတယ်။

လီဗာပူးဂန္တဝင်ကြီး ဂျွန်ဘမ်းစ်က လီဗာပူးနဲ့ ပက်သက်ပြီး သူအကြိုက်ဆုံး ပွဲကို ရွေးချယ်ရာမှာ ၂၀၀၅ က အင်စတမ်ဘူလ်း ဗိုလ်လုပွဲကို ကျော်ပြီး ၂၀၁၉ ဘာစီလိုနာကို အနိုင်ယူတဲ့ပွဲကို ရွေးချယ်လိုက်ပါတယ်။

လီဗာပူးအသင်းရဲ့ ဒီနွေအတွက် ကစားသမား ခေါ်ယူမှုဟာ အသင်းရဲ့ ကစားသမား ရှင်းထုတ်မှုအပေါ် အခြေခံသွားမယ်လို့ The Times က Paul Joyce က ဖော်ပြသွားပါတယ်။

ZAWGYI

Nike ဘက္က ရာသီအဖြင့္မွာတင္ လီဗာပူးဂ်ာစီ ေရာင္းအား အေတာ္ေလးျမင့္ျခင္းကို ႏွစ္သက္ေနပါတယ္။ စံခ်ိန္တင္ ေရာင္းခ်ရမႈ ျဖစ္လာမယ္လို႔လည္ူ ၄င္းတို႔က ေမွ်ာ္လင့္ထားျပီး ဝယ္လိုအားနဲ႔ ညီမွ်တဲ့ ထုတ္လုပ္အားကိုေတာင္ အလ်င္မွီေအာင္ မလုပ္ႏုိင္ဘူးျဖစ္ေနပါတယ္။

လီဗာပူးပစ္မွတ္ ဆီမီးတက္စ္ဟာ နာပိုလီနဲ႔ သေဘာတူညီမႈ တစ္ခုကို အရင္အပတ္ေတြထဲက ရထားခဲ့ျပီးျဖစ္ပါတယ္။ ဒါေပမယ့္ သူက လီဗာပူးကို ေျပာင္းဖို႔က အိပ္မက္တစ္ခုျဖစ္ျပီး ဒီကိစၥကိုပဲ အတည္ျဖစ္လာေစလိုျခင္းက မိုင္ကယ္အတ္ဝတ္ရဲ႕ ညိႏိႈင္းမႈကို အကူအညီျဖစ္ခဲ့ပါတယ္။

လူငယ္အသင္းမွာ ေတာက္ပျခင္းေၾကာင့္ စီနီယာအသင္းထံ ေခၚယူထားတဲ့ နီးကိုးရဲ႕ ေျခစြမ္းကို ႏွစ္သက္ပါတယ္။ ဒါေၾကာင့္ ကစားသမားေလးကို ၅ ႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ေပးပို႔သြားေတာ့မွာပါ။

အဂၤလန္ကလပ္ေတြျဖစ္တဲ့ ပိုစ့္ေမာက္၊ မယ္ဒယ္ဘေရာ့၊ ဝက္ဟမ္းတို႔နဲ႔ ပရီးမီးယားလိဂ္မွာ ကစားခဲ့ျပီး ၂၀၁၈-၂၀၁၉ ခုႏွစ္မွာ ခ်န္ပီယံရွစ္ကလပ္ ေဘာ္တန္အသင္း တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုရခဲ့တဲ့ ဂယ္ရီ အိုေနးဟာ ကစားသမားဘဝ အနားယူျပီးေနာက္ တစ္ႏွစ္အၾကာမွာပဲ လီဗာပူးအသင္းကို လက္ေထာက္နည္းျပတစ္ဦးအျဖစ္ ဝင္ေရာက္လာခဲ့ပါျပီ။

လီဗာပူးအသင္းက လူငယ္ကစားသမား ဝဲလ္ဆန္အတြက္ ေျပာင္းေရႊ႔ေၾကးကို ေပါင္ သန္း ၂၀ သက္မွတ္ထားျပီး သူ႔ကို ေခၚယူေရးမွာ လိဒ္အသင္းက နယူးကာဆယ္၊ ေဆာက္သမ္တန္၊ ပဲေလစ့္တို႔ကို အသာရလာေနပါတယ္။

ရွက္ဖီးအသင္းမွ ညာအစြန္ေတာင္ပံသမား ဘယ္ေဒါ့က ပရီးမီးယားလိဂ္မွာ မာေနးနဲ႔ ယွဥ္ျပိဳင္ကစားတာက သူ႔အတြက္ အခက္ခဲဆံုးနဲ႔ အေကာင္းဆံုး ျပိဳင္ဘက္ျဖစ္ပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီအတြက္ လီဗာပူးအသင္းရဲ႕ ခ်န္ပီယံလိဂ္ ဆုေၾကးကို ဆြစ္ဇလန္အေျခစိုက္ ေဘာလံုးဆိုင္ရာ စီးပြားေရးေတြ ေဖာ္ျပေနတဲ့ အဖြဲ႔ရဲ႕ စာရင္းထုတ္ျပန္မွာေတာ့ ဆုေၾကး ယူရို ၈၀ သန္းရခဲ့ျပီး မႏွစ္က ခ်န္ပီယံျဖစ္ျပီးေနာက္ ရတဲ့ ဆုေၾကး ယူရို ၁၀၁ သန္းထက္ ယူရို သန္း ၃၀ ေလာက္ ေလ်ာ့နည္းခဲ့ပါတယ္။

လီဗာပူးဂႏၱဝင္ၾကီး ဂၽြန္ဘမ္းစ္က လီဗာပူးနဲ႔ ပက္သက္ျပီး သူအၾကိဳက္ဆံုး ပြဲကို ေရြးခ်ယ္ရာမွာ ၂၀၀၅ က အင္စတမ္ဘူလ္း ဗိုလ္လုပြဲကို ေက်ာ္ျပီး ၂၀၁၉ ဘာစီလိုနာကို အႏုိင္ယူတဲ့ပြဲကို ေရြးခ်ယ္လိုက္ပါတယ္။

လီဗာပူးအသင္းရဲ႕ ဒီေႏြအတြက္ ကစားသမား ေခၚယူမႈဟာ အသင္းရဲ႕ ကစားသမား ရွင္းထုတ္မႈအေပၚ အေျခခံသြားမယ္လို႔ The Times က Paul Joyce က ေဖာ္ျပသြားပါတယ္။