လီဗာပူးနဲ့ Nike တို့ရဲ့ စပွန်ဆာ လက်တွဲမှုမှာ ပထမဆုံးထုတ်လုပ်လိုက်တဲ့ ဂျာစီဟာ ဒီဇိုင်းနဲ့ ဈေးနှုန်းပိုင်းမှာ ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း ဂလိုဘယ်အဖွဲ့အစည်းနှစ်ခု ပူးပေါင်းမှုရဲ့ အောင်မြင်ခြင်းတွေကို ရပ်တန့်မရနိုင် ရှိနေပါတယ်။

ကိုရိုနာကပ်ဘေးကြောင့် လီဗာပူးရဲ့ ဂျာစီသစ်နဲ့ လက်တွဲမှုကို နောက်ဆုတ်ခဲ့ရပြီး သြဂုတ်လ ၁ ရက်နေ့မှာမှ တရားဝင် ထုတ်ပြနိုင်ခဲ့တယ်။ အမေရိကန် အမှတ်တံဆိပ်ဟာ လီဗာပူးအသင်းနဲ့အတူ ပထမဆုံးအကြိမ် လက်တွဲခြင်းဖြစ်ပြီး လက်တွဲမှု အစပိုင်မှာတင် ၎င်းတို့ ရွေးချယ်တဲ့ ဒီဇိုင်းအတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဂျာစီရောင်းအားက လီဗာပူးအသင်းသမိုင်းမှာ စံချိန်တင်ရောင်းအားဖြစ်ခဲ့တဲ့ မနှစ်က New Balance ရဲ့ ဂျာစီ ၃ သန်း ရောင်းချရမှု စံချိန်ကို ချိုးဖျက်နိုင်မယ့် အခြေအနေ ရှိနေတယ်လို့ စတင်ဖြန့်ချီမှု ပထမလမှာတင် သုံးသပ်ခံလာရပါတယ်။ Nike ရဲ့ ဖြန့်ချီမှု ဈေးကွက် ကျယ်ပြန့်ခြင်းကလည်း အကြောင်းရင်းတစ်ချက် ဖြစ်နိုင်ပေမယ့် လက်ရှိမှာ ဂျာစီ တောင်းဆိုမှုကို လိုက်မှီအောင်တောင် ထုတ်လုပ်နိုင်ခြင်းမရှိ ဖြစ်နေပါတယ်။

ကိုရိုနာကပ်ဘေးက ဂျာစီ ထုတ်လုပ်မှုကို အကန့်အသတ် ရှိစေခြင်းရဲ့ အကြောင်းရင်းတစ်ချက် ဖြစ်နေပေမယ့် လီဗာပူးဂျာစီသစ်ကို ဝယ်လိုအားကလည်း အတော်လေး များပါတယ်။ ဒီစပွန်ဆာမှာတော့ လီဗာပူးက ဂျာစီရောင်းချရမှုရဲ့ ၂၀% ထိကို ခံစားခွင့်ရမှာဖြစ်တယ်။

ဝေဖန်မှုတွေထဲက တစ်ခုမှာတော့ Nike ရဲ့ ဂျာစီတန်ဖိုးဟာ မနှစ်က New Balance ထက် ၁၀ ပေါင်ကျော် ပိုများသလို အထူးထုတ်လုပ်တဲ့ ‘vapor’ ဗားရှင်းဟာဆိုရင် တစ်ထည်ကို ပေါင် ၁၀၀ လောက်ထိကို ကျသင့်မှာဖြစ်တယ်။

Nike ဟာ လီဗာပူးကို အချိုးကျခံစားခွင့်တွေ ပေးဖို့နဲ့ ပရိုမိုးရှင်းဆင်းဖို့ ကမ္ဘာကျော်တွေကိုလည်း အသုံးပြုပေးဖို့ သဘောတူညီထားပါတယ်။ အသာတင် ပေါင် သန်း ၃၀ ခံစားခွင့်အပြင် Nike ရည်မှန်းသလို ဂျာစီရောင်းအား စံချိန်တင်ပါက လီဗာပူးဟာ ကလပ်အသင်းသမိုင်းမှာ ဂျာစီစပွန်ဆာကြေး အမြင့်ဆုံးအဖြစ် တစ်ရာသီ ပေါင် ၇၅ သန်းကို ကျော်လွန်စွာ ရရှိသွားဖို့ ရှိနေပါတယ်။

ZAWGYI

လီဗာပူးနဲ႔ Nike တို႔ရဲ႕ စပြန္ဆာ လက္တြဲမႈမွာ ပထမဆံုးထုတ္လုပ္လိုက္တဲ့ ဂ်ာစီဟာ ဒီဇိုင္းနဲ႔ ေစ်းႏႈန္းပိုင္းမွာ ေဝဖန္မႈေတြ ရွိေနေပမယ့္လည္း ဂလိုဘယ္အဖြဲ႔အစည္းႏွစ္ခု ပူးေပါင္းမႈရဲ႕ ေအာင္ျမင္ျခင္းေတြကို ရပ္တန္႔မရႏုိင္ ရွိေနပါတယ္။

ကိုရိုနာကပ္ေဘးေၾကာင့္ လီဗာပူးရဲ႕ ဂ်ာစီသစ္နဲ႔ လက္တြဲမႈကို ေနာက္ဆုတ္ခဲ့ရျပီး ၾသဂုတ္လ ၁ ရက္ေန႔မွာမွ တရားဝင္ ထုတ္ျပႏုိင္ခဲ့တယ္။ အေမရိကန္ အမွတ္တံဆိပ္ဟာ လီဗာပူးအသင္းနဲ႔အတူ ပထမဆံုးအၾကိမ္ လက္တြဲျခင္းျဖစ္ျပီး လက္တြဲမႈ အစပိုင္မွာတင္ ၄င္းတို႔ ေရြးခ်ယ္တဲ့ ဒီဇိုင္းအတြက္ ျပင္းျပင္းထန္ထန္ ေဝဖန္ခံခဲ့ရပါတယ္။

ဒါေပမယ့္လည္း ဂ်ာစီေရာင္းအားက လီဗာပူးအသင္းသမိုင္းမွာ စံခ်ိန္တင္ေရာင္းအားျဖစ္ခဲ့တဲ့ မႏွစ္က New Balance ရဲ႕ ဂ်ာစီ ၃ သန္း ေရာင္းခ်ရမႈ စံခ်ိန္ကို ခ်ိဳးဖ်က္ႏုိင္မယ့္ အေျခအေန ရွိေနတယ္လို႔ စတင္ျဖန္႔ခ်ီမႈ ပထမလမွာတင္ သံုးသပ္ခံလာရပါတယ္။ Nike ရဲ႕ ျဖန္႔ခ်ီမႈ ေစ်းကြက္ က်ယ္ျပန္႔ျခင္းကလည္း အေၾကာင္းရင္းတစ္ခ်က္ ျဖစ္ႏုိင္ေပမယ့္ လက္ရွိမွာ ဂ်ာစီ ေတာင္းဆိုမႈကို လုိက္မွီေအာင္ေတာင္ ထုတ္လုပ္ႏုိင္ျခင္းမရွိ ျဖစ္ေနပါတယ္။

ကိုရိုနာကပ္ေဘးက ဂ်ာစီ ထုတ္လုပ္မႈကို အကန္႔အသတ္ ရွိေစျခင္းရဲ႕ အေၾကာင္းရင္းတစ္ခ်က္ ျဖစ္ေနေပမယ့္ လီဗာပူးဂ်ာစီသစ္ကို ဝယ္လိုအားကလည္း အေတာ္ေလး မ်ားပါတယ္။ ဒီစပြန္ဆာမွာေတာ့ လီဗာပူးက ဂ်ာစီေရာင္းခ်ရမႈရဲ႕ ၂၀% ထိကို ခံစားခြင့္ရမွာျဖစ္တယ္။

ေဝဖန္မႈေတြထဲက တစ္ခုမွာေတာ့ Nike ရဲ႕ ဂ်ာစီတန္ဖိုးဟာ မႏွစ္က New Balance ထက္ ၁၀ ေပါင္ေက်ာ္ ပိုမ်ားသလို အထူးထုတ္လုပ္တဲ့ ‘vapor’ ဗားရွင္းဟာဆိုရင္ တစ္ထည္ကို ေပါင္ ၁၀၀ ေလာက္ထိကို က်သင့္မွာျဖစ္တယ္။

Nike ဟာ လီဗာပူးကို အခ်ိဳးက်ခံစားခြင့္ေတြ ေပးဖို႔နဲ႔ ပရိုမုိးရွင္းဆင္းဖို႔ ကမၻာေက်ာ္ေတြကိုလည္း အသံုးျပဳေပးဖို႔ သေဘာတူညီထားပါတယ္။ အသာတင္ ေပါင္ သန္း ၃၀ ခံစားခြင့္အျပင္ Nike ရည္မွန္းသလို ဂ်ာစီေရာင္းအား စံခ်ိန္တင္ပါက လီဗာပူးဟာ ကလပ္အသင္းသမုိင္းမွာ ဂ်ာစီစပြန္ဆာေၾကး အျမင့္ဆံုးအျဖစ္ တစ္ရာသီ ေပါင္ ၇၅ သန္းကို ေက်ာ္လြန္စြာ ရရွိသြားဖို႔ ရွိေနပါတယ္။