လီဗာပူးအသင်းဟာ အိုလံပီယာကိုစ့် အသင်းမှ ဘယ်အစွန်လူ ဆီမီးတက်စ်ကို ကာလရှည် စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဘယ်အစွန်လူဟာ ဒီကနေ့မှာပဲ မဲဝုဒ်ကို ရောက်လာခဲ့ပြီး ဆေးစစ်မှု အောင်မြင်ခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာ အိုလံပီယာကိုစ့်အတွက် စတင် ပွဲထွက်ခဲ့တဲ့ သူဟာ ဂရိကလပ်အတွက် ပြိုင်ပွဲစုံ ၈၆ ပွဲထိ ကစားထားသူဖြစ်တယ်။ သူဟာ လက်ရွေးစင်အသင်း အတွက်လည်း ၃ ပွဲ ကစားထားနိုင်ပါတယ်။

ဆီမီးတက်စ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ ကြိုးစားတော့မယ့် အသင်းဖော်တွေနဲ့အတူ ပူးပေါင်းသွားမှာပါ။ သူဟာ လီဗာပူး ဘယ်အစွန်နေရာမှာ ရော်ဘတ်ဆန်ကို ဖိအားပေးဖို့ ကြိုးစားသွားရမယ့်သူ ဖြစ်ပါတယ်။

ဆီမီးတက်စ်က “ ကျနော် အရမ်းပျော်ပါတယ်။ လီဗာပူးကို ရောက်လာရတာကိုလည်း အရမ်း ဂုဏ်ယူတယ်။ ကျနော်အတွက်တော့ လီဗာပူးက ကမ္ဘာအကြီးဆုံး ကလပ်ဖြစ်ပြီး ဒီကို ရောက်လာရတာ အရမ်း ဂုဏ်ယူတယ်။ အစွမ်းကုန် ပေးဆပ် ကစားပါမယ်။ ” လို့ ပြောပါတယ်။

လီဗာပူးကို မရောက်ခင်တည်းက ဆီမီးတက်စ်က အခြားသော ကမ်းလှမ်းမှုထက် လီဗာပူးကို ရွေးချယ်ဖို့ အကြောင်းရင်းရှိတယ်လို့ သတင်းတွေ ထွက်ထားတယ်။ သူကိုယ်တိုင်ကလည်း ငယ်စဉ်တည်းက လီဗာပူးကို အားပေးခဲ့သလို အကိုဖြစ်သူက လီဗာပူးပရိသတ်ဆိုတာ ဝန်ခံပါတယ်။

ဆီမီးတက်စ်က ” ကျနော် အကိုက လီဗာပူးပရိသတ်ပါ။ ဒီကိုလာပြီး လက်မှတ်ထိုးဖို့ သူကပဲ တွန်းအားပေးခဲ့တာပါ။ ကလေးဘဝက ကျနော်လည်း လီဗာပူးကို အားပေးခဲ့ပါတယ်။ ကျနေ်ာတို့ မိသားစုတွေ၊ နောက် ကျနော်အကိုက ဒီအပြောင်းအရွှေ့အတွက် သိပ်ပျော်နေပါတယ်။

အခုချိန်ထိ အကိုက ကျနေ်ာ ဒီကို ရောက်လာတာကို မယုံနိုင်အောင် ဖြစ်နေဆဲပါ။ ဓါတ်ပုံတွေကို သူမြင်ရင်တော့ ကျနော် လီဗာပူးနဲ့ လက်မှတ်ထိုးလိုက်ပြီဆိုတာ သူသေချာသိသွားပါလိမ့်မယ်။ သူ သိပ်ပျော်နေမှာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အိုလံပီယာကိုစ့္ အသင္းမွ ဘယ္အစြန္လူ ဆီမီးတက္စ္ကို ကာလရွည္ စာခ်ဳပ္ျဖင့္ ေခၚယူႏုိင္ခဲ့ျပီျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ဘယ္အစြန္လူဟာ ဒီကေန႔မွာပဲ မဲဝုဒ္ကို ေရာက္လာခဲ့ျပီး ေဆးစစ္မႈ ေအာင္ျမင္ခဲ့တယ္။ ၂၀၁၅ ခုႏွစ္မွာ အိုလံပီယာကိုစ့္အတြက္ စတင္ ပြဲထြက္ခဲ့တဲ့ သူဟာ ဂရိကလပ္အတြက္ ျပိဳင္ပြဲစံု ၈၆ ပြဲထိ ကစားထားသူျဖစ္တယ္။ သူဟာ လက္ေရြးစင္အသင္း အတြက္လည္း ၃ ပြဲ ကစားထားႏုိင္ပါတယ္။

ဆီမီးတက္စ္ဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ကာကြယ္ဖို႔ ၾကိဳးစားေတာ့မယ့္ အသင္းေဖာ္ေတြနဲ႔အတူ ပူးေပါင္းသြားမွာပါ။ သူဟာ လီဗာပူး ဘယ္အစြန္ေနရာမွာ ေရာ္ဘတ္ဆန္ကို ဖိအားေပးဖို႔ ၾကိဳးစားသြားရမယ့္သူ ျဖစ္ပါတယ္။

ဆီမီးတက္စ္က “ က်ေနာ္ အရမ္းေပ်ာ္ပါတယ္။ လီဗာပူးကို ေရာက္လာရတာကိုလည္း အရမ္း ဂုဏ္ယူတယ္။ က်ေနာ္အတြက္ေတာ့ လီဗာပူးက ကမၻာအၾကီးဆံုး ကလပ္ျဖစ္ျပီး ဒီကို ေရာက္လာရတာ အရမ္း ဂုဏ္ယူတယ္။ အစြမ္းကုန္ ေပးဆပ္ ကစားပါမယ္။ ” လို႔ ေျပာပါတယ္။

လီဗာပူးကို မေရာက္ခင္တည္းက ဆီမီးတက္စ္က အျခားေသာ ကမ္းလွမ္းမႈထက္ လီဗာပူးကို ေရြးခ်ယ္ဖို႔ အေၾကာင္းရင္းရွိတယ္လို႔ သတင္းေတြ ထြက္ထားတယ္။ သူကိုယ္တိုင္ကလည္း ငယ္စဥ္တည္းက လီဗာပူးကို အားေပးခဲ့သလို အကိုျဖစ္သူက လီဗာပူးပရိသတ္ဆိုတာ ဝန္ခံပါတယ္။

ဆီမီးတက္စ္က ” က်ေနာ္ အကိုက လီဗာပူးပရိသတ္ပါ။ ဒီကိုလာျပီး လက္မွတ္ထိုးဖို႔ သူကပဲ တြန္းအားေပးခဲ့တာပါ။ ကေလးဘဝက က်ေနာ္လည္း လီဗာပူးကို အားေပးခဲ့ပါတယ္။ က်ေန္ာတို႔ မိသားစုေတြ၊ ေနာက္ က်ေနာ္အကိုက ဒီအေျပာင္းအေရႊ႔အတြက္ သိပ္ေပ်ာ္ေနပါတယ္။

အခုခ်ိန္ထိ အကိုက က်ေန္ာ ဒီကို ေရာက္လာတာကို မယံုႏုိင္ေအာင္ ျဖစ္ေနဆဲပါ။ ဓါတ္ပံုေတြကို သူျမင္ရင္ေတာ့ က်ေနာ္ လီဗာပူးနဲ႔ လက္မွတ္ထိုးလိုက္ျပီဆိုတာ သူေသခ်ာသိသြားပါလိမ့္မယ္။ သူ သိပ္ေပ်ာ္ေနမွာပါ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။