မန်နေဂျာယာဂင်ကလော့ပ်က ဂရိ ဘယ်အစွန်လူ ကိုစတက် ဆီမီးတက်စ်ကို ခေါ်ယူနိုင်ခဲ့တာအတွက် ကျေနပ်နေပါတယ်။

ကစားသမားဟာ စိတ်ဓါတ်နဲ့ ခံယူချက်ကောင်းသူဖြစ်ခြင်းက အသင်း အဝတ်လဲခန်းအတွက် အံဝင်ဂွင်ကျဖြစ်မယ်လို့ မန်နေဂျာ ကလော့ပ်က ပြောပါတယ်။ နောက်ပြီး ငယ်ရွယ်တဲ့ ကစားသမားဘဝမှာကော အိုလံပီယာကိုစ့် ကစားသမားဘဝမှာပါ ပြိုင်ဆိုင်လိုစိတ်ရှိတဲ့ သူ့ရဲ့ အားကစားစိတ်ဓါတ်ကောင်းက လီဗာပူးကို ရောက်လာဖို့ အခြေခံ အကြောင်းရင်း ဖြစ်လာခဲ့တာကို ပြောပြပါတယ်။

ကလော့ပ်က “ ကိုစတက်ကို ကျနေ်ာတို့ စောင့်ကြည့်ခဲ့တာ အတော်လေး ကြာခဲ့ပါပြီ။ သူ ကျနေ်ာတို့နဲ့ ပူးပေါင်းနိုင်တာအတွက် ဝမ်းသာမိပါတယ်။ မကြာခင် ကျနေ်ာတို့ ပြန်လည် စုဝေးမှု မတိုင်ခင် သူ့ကို ခေါ်ယူနိုင်ခဲ့တာက သတင်းကောင်းပါပဲ။

အနိုင်ရဖို့အတွက် သူက မှန်ကန်တဲ့ စိတ်ဓါတ် ခံယူချက်ရှိတဲ့ ကစားသမားကောင်း တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ဓါတ်ပိုင်းကို ကျနေ်ာတို့ အတော်လေး သဘောကျပါတယ်။ သူ့ရဲ့ စိတ်ဓါတ်နဲ့ လုံ့ဆော်မှုက ကျနေ်ာတို့ အဝတ်လဲခန်းမှာ ရှိနေပြီးသား စိတ်ဓါတ်ပိုင်းနဲ့ အံဝင်ခွင့်ကျ ရှိလှပါတယ်။

ငယ်ရွယ်တဲ့ ကစားသမား ဘဝမှာကတည်းက သူဟာ ခြားနားတဲ့ တိုင်းပြည်တွေမှာ ကစားနိုင်တဲ့ အတွေ့အကြုံရှိတယ်ဆိုတာ ပြသထားခဲ့ပြီး ဖြစ်ပါတယ်။ ကောင်းကောင်းလည်း လုပ်နိုင်ပါတယ်။ ဒီရာသီ အိုလံပီယာကိုစ့်အသင်း အမှတ်ပေးဖလား အနိုင်ရတာနဲ့ ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေအတွက် သူက ကြီးမားတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာနဲ့ ပြည်တွင်း အမှတ်ပေးဖလားကို အောင်မြင်ဖို့နဲ့ စိန်ခေါ်ဖို့ ဘယ်လို အတွေ့အကြုံတွေ လိုအပ်တယ်ဆိုတာကို ကိုစတက်က ကောင်းကောင်းကြီး သိထားပါတယ်။ သူက ကျနေ်ာတို့လိုပဲ ရည်မှန်းချက်လည်း ကြီးပါတယ်။

ကုန်ခဲ့တဲ့ ဘောလုံးရာသီတွေမှာ သူဟာ ခက်ခဲတဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ကစားပြီး အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်။ သူက စိန်ခေါ်မှုတွေကို နှစ်သက်တာက ကျနေ်ာတို့အတွက် ပြည့်စုံစေပါတယ်။ ဒါကြောင့်လည်း သူ့ကို ကျနေ်ာတို့ သဘောကျတာဖြစ်ပြီး အသင်းနဲ့ နှစ်ကာလရှည် ရှိနေမှာအတွက် ကျေနပ်မိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဂရိ ဘယ္အစြန္လူ ကိုစတက္ ဆီမီးတက္စ္ကို ေခၚယူႏုိင္ခဲ့တာအတြက္ ေက်နပ္ေနပါတယ္။

ကစားသမားဟာ စိတ္ဓါတ္နဲ႔ ခံယူခ်က္ေကာင္းသူျဖစ္ျခင္းက အသင္း အဝတ္လဲခန္းအတြက္ အံဝင္ဂြင္က်ျဖစ္မယ္လို႔ မန္ေနဂ်ာ ကေလာ့ပ္က ေျပာပါတယ္။ ေနာက္ျပီး ငယ္ရြယ္တဲ့ ကစားသမားဘဝမွာေကာ အိုလံပီယာကိုစ့္ ကစားသမားဘဝမွာပါ ျပိဳင္ဆိုင္လိုစိတ္ရွိတဲ့ သူ႔ရဲ႕ အားကစားစိတ္ဓါတ္ေကာင္းက လီဗာပူးကို ေရာက္လာဖို႔ အေျခခံ အေၾကာင္းရင္း ျဖစ္လာခဲ့တာကို ေျပာျပပါတယ္။

ကေလာ့ပ္က “ ကိုစတက္ကို က်ေန္ာတို႔ ေစာင့္ၾကည့္ခဲ့တာ အေတာ္ေလး ၾကာခဲ့ပါျပီ။ သူ က်ေန္ာတို႔နဲ႔ ပူးေပါင္းႏုိင္တာအတြက္ ဝမ္းသာမိပါတယ္။ မၾကာခင္ က်ေန္ာတို႔ ျပန္လည္ စုေဝးမႈ မတိုင္ခင္ သူ႔ကို ေခၚယူႏုိင္ခဲ့တာက သတင္းေကာင္းပါပဲ။

အႏုိင္ရဖို႔အတြက္ သူက မွန္ကန္တဲ့ စိတ္ဓါတ္ ခံယူခ်က္ရွိတဲ့ ကစားသမားေကာင္း တစ္ဦးပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕ စိတ္ဓါတ္ပိုင္းကို က်ေန္ာတို႔ အေတာ္ေလး သေဘာက်ပါတယ္။ သူ႔ရဲ႕ စိတ္ဓါတ္နဲ႔ လံု႔ေဆာ္မႈက က်ေန္ာတို႔ အဝတ္လဲခန္းမွာ ရွိေနျပီးသား စိတ္ဓါတ္ပိုင္းနဲ႔ အံဝင္ခြင့္က် ရွိလွပါတယ္။

ငယ္ရြယ္တဲ့ ကစားသမား ဘဝမွာကတည္းက သူဟာ ျခားနားတဲ့ တိုင္းျပည္ေတြမွာ ကစားႏုိင္တဲ့ အေတြ႔အၾကံဳရွိတယ္ဆိုတာ ျပသထားခဲ့ျပီး ျဖစ္ပါတယ္။ ေကာင္းေကာင္းလည္း လုပ္ႏုိင္ပါတယ္။ ဒီရာသီ အိုလံပီယာကိုစ့္အသင္း အမွတ္ေပးဖလား အႏုိင္ရတာနဲ႔ ဥေရာပျပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈေတြအတြက္ သူက ၾကီးမားတဲ့ အစိတ္အပိုင္းအျဖစ္ ပါဝင္ခဲ့ျပီး ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္မွာနဲ႔ ျပည္တြင္း အမွတ္ေပးဖလားကို ေအာင္ျမင္ဖို႔နဲ႔ စိန္ေခၚဖို႔ ဘယ္လို အေတြ႔အၾကံဳေတြ လိုအပ္တယ္ဆိုတာကို ကိုစတက္က ေကာင္းေကာင္းၾကီး သိထားပါတယ္။ သူက က်ေန္ာတုိ႔လိုပဲ ရည္မွန္းခ်က္လည္း ၾကီးပါတယ္။

ကုန္ခဲ့တဲ့ ေဘာလံုးရာသီေတြမွာ သူဟာ ခက္ခဲတဲ့ ျပိဳင္ဘက္ေတြကို ရင္ဆုိင္ကစားျပီး အေကာင္းဆံုး လုပ္ေဆာင္ႏုိင္ခဲ့တယ္။ သူက စိန္ေခၚမႈေတြကို ႏွစ္သက္တာက က်ေန္ာတို႔အတြက္ ျပည့္စံုေစပါတယ္။ ဒါေၾကာင့္လည္း သူ႔ကို က်ေန္ာတို႔ သေဘာက်တာျဖစ္ျပီး အသင္းနဲ႔ ႏွစ္ကာလရွည္ ရွိေနမွာအတြက္ ေက်နပ္မိပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။