– လီဗာပူးကနေ ကြိုဆိုပါတယ် ကိုစတက်။ ဒီကို ရောက်လာတာ ဘယ်လို ခံစားရလဲ?

ကျနော် ပျော်ပါတယ်။ ဒီကို ရောက်လာရတာကိုလည်း ဂုဏ်ယူတယ်။ ကျနော်အတွက်ကတော့ လီဗာပူးက ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကလပ်ပါပဲ။ ဒီကို ရောက်လာရတာကို ဂုဏ်ယူပြီး ကျနော် အစွမ်းကုန် ပေးဆပ်သွားပါမယ်။

– လီဗာပူးက စိတ်ဝင်စားနေတယ်ဆိုတာ ပထမဆုံးအကြိမ် ကြားလိုက်ရတော့ ဘယ်လို တုန့်ပြန်မိလဲ?

စစချင်းကတော့ မယုံဘူး နောက်တော့ ဒီကို ရောက်လာရမယ်ဆိုတာ သိတော့ ပျော်မိပါတယ်။

– အခြေအနေတွေက ခပ်မြန်မြန် ဖြစ်သွားတယ်နော်။ အိုလံပီယာကိုစ့်နဲ့ နောက်ဆုံးပွဲအပြီး ဒီနေ့ရောက်လာမှာအတွက်ကော ဘယ်လို တွေးမိလဲ?

အဲ့ပွဲပြီးတော့ လီဗာပူးကို ရောက်လာဖို့ ကျနော် ပြင်ဆင်နေပါပြီ။ စိန်ခေါ်မှုအသစ်တွေ အတွက်ကောပေါ့။ ကျနော် ပြောခဲ့သလိုပဲ။ လီဗာပူးဂျာစီ ဝတ်ဆင်ကစားဖို့အတွက် ကျနော် အဆင်သင့်ဖြစ်နေပါပြီ။

– မင်းကစားတာကို မမြင်ဖူးတဲ့ လီဗာပူးပရိသတ်တွေအတွက် ကိုယ်ဘာသာအကြောင်း ပြောပေးပါလား

ကျနော်က ဘယ်အစွန်မှာ ကစားတယ်။ အသင်းအတွက် မိနစ်တိုင်းကို အားထုတ်ကစားပေးတတ်သူဖြစ်ပါတယ်။

– မနှစ်က မင်းရဲ့ တိုးတက်မှုက ဘယ်လောက် အရေးကြီးခဲ့လဲ? မင်းက ၄၆ ပွဲတောင် ကစားခဲ့ပြီး ချန်ပီယံလိဂ်မှာ ကစားခဲ့သလို အမှတ်ပေးဖလားလည်း အနိုင်ရခဲ့တယ်နော်

မနှစ်က ကျနေ်ာတို့အားလုံး ကောင်းခဲ့ပါတယ်။ ကျနေ်ာတို့က မိသားစုတွေပဲလေ။ ကျနော်အတွက် အကောင်းဆုံးဖြစ်ခဲ့တယ်။ လီဗာပူးနဲ့ လက်မှတ်ထိုးနိုင်တာကလည်း အကောင်းဆုံး လက်ဆောင်ပါပဲ။ အခု ဒီကို ရောက်လာပြီ စိန်ခေါ်မှုသစ်တွေအတွက် ကျနော်ကတော့ အစွမ်းကုန် ကြိုးစားဖို့ အဆင်သင့်ပဲ။

– အိုလံပီယာကိုစ့်ကနေ လီဗာပူးကို ပြောင်းလာရတာ..

အိုလံပီယာကိုစ့်မှာ ချန်ပီယံလိဂ်ကစားခဲ့တာက ကျနော်အတွက် အရမ်း အကူအညီဖြစ်ပါတယ်။ အင်္ဂလန်ကလပ်တွေနဲ့လည်း ကျနော် ကစားဖူးပါတယ်။

– အဲ့မှာ ပရီးမီးယားလိဂ်ကို ကြည့်ခဲ့ဖူးလား၊ ကိုယ်တိုင် ခံစားကြည့်ချင်ခဲ့လား

သေချာတာပေါ့။ ပရီးမီးယားလိဂ်ကို ကျနော် အတေ်ာလေး သဘောကျတယ်။ တီဗီကနေ အမြဲကြည့်ပြီး ဒီမှာ လာကစားရဖို့ အိပ်မက်မက်နေခဲ့တာပါ။

– လီဗာပူးရဲ့ ကစားဟန်မှာက အစွန်လူတွေကို တောင်းဆိုမှု များတယ်လေ၊ အဲ့အတွက် ဘယ်လို ခံစားရလဲ?

ကျနော် လုပ်နိုင်မယ်လို့ ယုံတယ်။ ကြိုးစားပြီးတော့ မန်နေဂျာ အလိုရှိတဲ့အတိုင်း အာရုံစိုက်မယ်။ နေ့တိုင်း လေ့ကျင့်ရေးမှာ ကြိုးစားမယ်။ ကျနော် အမြင့်ဆုံး အဆင့်တွေကို ရောက်နိုင်ပါတယ်။

– လီဗာပူးကို ပြောင်းလာဖို့ ယာဂင်က သက်ရောက်မှု ကြီးမားခဲ့လား?

အရမ်း စိတ်လှုပ်ရှားခဲ့တာပေါ့။ သူက ကမ္ဘာအကောင်းဆုံး မန်နေဂျာတွေထဲက တစ်ဦးလေ။ သူ့အသင်းအတွက် ဘယ်အစွန်မှာ ကစားဖို့ ကျနော်ကိုလည်း ရွေးချယ်ခဲ့တော့ စိတ်လှုပ်ရှားတာပေါ့။

– ဥရောပရဲ့ အကောင်းဆုံး ဘယ်အစွန်လူဖြစ်တဲ့ ရော်ဘတ်ဆန်နဲ့ ပြိုင်ဆိုင်ရတော့မယ်။ စိန်ခေါ်မှုကို ဘယ်လို ချဉ်းကပ်မလဲ၊ ပွဲထွက်ခွင့်ကို ဘယ်လို တွန်းအားပေးမလဲ?

သူက သိပ်တော်တဲ့သူ။ ကျနော်အတွက်တော့ အစွမ်းကုန် ကြိုးစားဖို့ပါပဲ။ ရော်ဘတ်ဆန်က ကမ္ဘာအကောင်းဆုံး ဘယ်အစွန်လူတွေထဲက တစ်ဦးဆိုတာ ကျနော် သိပါတယ်။ ဒါကပဲ ကျနော် ပိုကြိုးစားဖို့ လုံ့ဆော်မှု ဖြစ်လာမှာပါ။

– ရာသီသစ်က ရောက်လာဖို့ မကြာတော့ဘူး။ အနားယူဦးမလား ဒီအပတ် လေ့ကျင့်ရေးစရင် ပါဝင်သွားမှာလား?

ကျနော် မသိသေးဘူးဗျ။ မန်နေဂျာနဲ့ စကားပြောရဦးမယ်။ သူက ကျနော် ဘာလုပ်ရမလဲ ညွှန်ကြားမှာပါ။

– အန်ဖီးကွင်းမှာ ပရိသတ်တွေ ဘယ်အချိန်မှ ပြန်ရောက်လာမလဲ မသိသေးဘူး။ မင်းကော သူတို့ကို မြင်ရဖို့ စိတ်လှုပ်ရှားနေလား?

အန်ဖီးကွင်းမှာ ကစားရဖို့ ပရိသတ်တွေ သီချင်းဆိုနေတာကို ခံစားနားဆင်ဖို့ မျှော်လင့်ပါတယ်။ အဲ့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ မကြာခင် ဖြစ်လာမယ်လို့ ထင်ပါတယ်။

– မင်းက နံပါတ် ၂၁ ကို ဝတ်ဆင်ခဲ့တယ်နော်။ အကြောင်းပြချက်ရှိလား။

ကျနော် ဒီနံပါတ်ကို ကြိုက်ပါတယ်။ ဟောလန်မှာ ဝတ်ခဲ့တယ်။ အိုလံပီယာကိုစ့်မှာ ဝတ်ခဲ့တယ်။ အခု လီဗာပူးမှာလည်း ဝတ်ပါမယ်။

– လီဗာပူးနဲ့ မင်းရဲ့ ရည်မှန်းချက်က ဘာဖြစ်မလဲ

အသင်းရဲ့ ရည်မှန်းချက်ကို ရောက်ဖို့ပေါ့။ ပရီးမီးယားလိဂ်ကို ထပ်ပြီး အနိုင်ရဖို့၊ ချန်ပီယံလိဂ် အနိုင်ရဖို့ပေါ့။

– နောက်ဆုံးအနေနဲ့ မင်းရဲ့ ပထမဆုံး အင်တာဗျူးကို စောင့်ကြည့်နေမယ် ပရိသတ်တွေအတွက် အကြောင်းကြား မက်ဆေ့လေး ပေးပါဦး

အသင်းနဲ့ နီးနီးကပ်ကပ် နေပေးကြပါ။ အသင်းအတွက် ပရိသတ်တွေရဲ့ သီဆိုပေးမှုတွေ လိုပါတယ်။ ရာသီအကုန်မှာ ကျနေ်ာတို့အားလုံး အောင်ပွဲခံကြပါမယ်။

ZAWGYI

– လီဗာပူးကေန ၾကိဳဆိုပါတယ္ ကိုစတက္။ ဒီကို ေရာက္လာတာ ဘယ္လို ခံစားရလဲ?

က်ေနာ္ ေပ်ာ္ပါတယ္။ ဒီကို ေရာက္လာရတာကိုလည္း ဂုဏ္ယူတယ္။ က်ေနာ္အတြက္ကေတာ့ လီဗာပူးက ကမၻာေပၚမွာ အၾကီးမားဆံုး ကလပ္ပါပဲ။ ဒီကို ေရာက္လာရတာကို ဂုဏ္ယူျပီး က်ေနာ္ အစြမ္းကုန္ ေပးဆပ္သြားပါမယ္။

– လီဗာပူးက စိတ္ဝင္စားေနတယ္ဆိုတာ ပထမဆံုးအၾကိမ္ ၾကားလိုက္ရေတာ့ ဘယ္လို တုန္႔ျပန္မိလဲ?

စစခ်င္းကေတာ့ မယံုဘူး ေနာက္ေတာ့ ဒီကို ေရာက္လာရမယ္ဆိုတာ သိေတာ့ ေပ်ာ္မိပါတယ္။

– အေျခအေနေတြက ခပ္ျမန္ျမန္ ျဖစ္သြားတယ္ေနာ္။ အိုလံပီယာကိုစ့္နဲ႔ ေနာက္ဆံုးပြဲအျပီး ဒီေန႔ေရာက္လာမွာအတြက္ေကာ ဘယ္လို ေတြးမိလဲ?

အဲ့ပြဲျပီးေတာ့ လီဗာပူးကို ေရာက္လာဖို႔ က်ေနာ္ ျပင္ဆင္ေနပါျပီ။ စိန္ေခၚမႈအသစ္ေတြ အတြက္ေကာေပါ့။ က်ေနာ္ ေျပာခဲ့သလိုပဲ။ လီဗာပူးဂ်ာစီ ဝတ္ဆင္ကစားဖို႔အတြက္ က်ေနာ္ အဆင္သင့္ျဖစ္ေနပါျပီ။

– မင္းကစားတာကို မျမင္ဖူးတဲ့ လီဗာပူးပရိသတ္ေတြအတြက္ ကိုယ္ဘာသာအေၾကာင္း ေျပာေပးပါလား

က်ေနာ္က ဘယ္အစြန္မွာ ကစားတယ္။ အသင္းအတြက္ မိနစ္တိုင္းကို အားထုတ္ကစားေပးတတ္သူျဖစ္ပါတယ္။

– မႏွစ္က မင္းရဲ႕ တိုးတက္မႈက ဘယ္ေလာက္ အေရးၾကီးခဲ့လဲ? မင္းက ၄၆ ပြဲေတာင္ ကစားခဲ့ျပီး ခ်န္ပီယံလိဂ္မွာ ကစားခဲ့သလို အမွတ္ေပးဖလားလည္း အႏုိင္ရခဲ့တယ္ေနာ္

မႏွစ္က က်ေန္ာတို႔အားလံုး ေကာင္းခဲ့ပါတယ္။ က်ေန္ာတို႔က မိသားစုေတြပဲေလ။ က်ေနာ္အတြက္ အေကာင္းဆံုးျဖစ္ခဲ့တယ္။ လီဗာပူးနဲ႔ လက္မွတ္ထိုးႏုိင္တာကလည္း အေကာင္းဆံုး လက္ေဆာင္ပါပဲ။ အခု ဒီကို ေရာက္လာျပီ စိန္ေခၚမႈသစ္ေတြအတြက္ က်ေနာ္ကေတာ့ အစြမ္းကုန္ ၾကိဳးစားဖို႔ အဆင္သင့္ပဲ။

– အိုလံပီယာကိုစ့္ကေန လီဗာပူးကို ေျပာင္းလာရတာ..

အိုလံပီယာကိုစ့္မွာ ခ်န္ပီယံလိဂ္ကစားခဲ့တာက က်ေနာ္အတြက္ အရမ္း အကူအညီျဖစ္ပါတယ္။ အဂၤလန္ကလပ္ေတြနဲ႔လည္း က်ေနာ္ ကစားဖူးပါတယ္။

– အဲ့မွာ ပရီးမီးယားလိဂ္ကို ၾကည့္ခဲ့ဖူးလား၊ ကိုယ္တိုင္ ခံစားၾကည့္ခ်င္ခဲ့လား

ေသခ်ာတာေပါ့။ ပရီးမီးယားလိဂ္ကို က်ေနာ္ အေတ္ာေလး သေဘာက်တယ္။ တီဗီကေန အျမဲၾကည့္ျပီး ဒီမွာ လာကစားရဖို႔ အိပ္မက္မက္ေနခဲ့တာပါ။

– လီဗာပူးရဲ႕ ကစားဟန္မွာက အစြန္လူေတြကို ေတာင္းဆိုမႈ မ်ားတယ္ေလ၊ အဲ့အတြက္ ဘယ္လို ခံစားရလဲ?

က်ေနာ္ လုပ္ႏုိင္မယ္လို႔ ယံုတယ္။ ၾကိဳးစားျပီးေတာ့ မန္ေနဂ်ာ အလိုရွိတဲ့အတိုင္း အာရံုစိုက္မယ္။ ေန႔တိုင္း ေလ့က်င့္ေရးမွာ ၾကိဳးစားမယ္။ က်ေနာ္ အျမင့္ဆံုး အဆင့္ေတြကို ေရာက္ႏုိင္ပါတယ္။

– လီဗာပူးကို ေျပာင္းလာဖို႔ ယာဂင္က သက္ေရာက္မႈ ၾကီးမားခဲ့လား?

အရမ္း စိတ္လႈပ္ရွားခဲ့တာေပါ့။ သူက ကမၻာအေကာင္းဆံုး မန္ေနဂ်ာေတြထဲက တစ္ဦးေလ။ သူ႔အသင္းအတြက္ ဘယ္အစြန္မွာ ကစားဖို႔ က်ေနာ္ကိုလည္း ေရြးခ်ယ္ခဲ့ေတာ့ စိတ္လႈပ္ရွားတာေပါ့။

– ဥေရာပရဲ႕ အေကာင္းဆံုး ဘယ္အစြန္လူျဖစ္တဲ့ ေရာ္ဘတ္ဆန္နဲ႔ ျပိဳင္ဆုိင္ရေတာ့မယ္။ စိန္ေခၚမႈကို ဘယ္လို ခ်ဥ္းကပ္မလဲ၊ ပြဲထြက္ခြင့္ကို ဘယ္လို တြန္းအားေပးမလဲ?

သူက သိပ္ေတာ္တဲ့သူ။ က်ေနာ္အတြက္ေတာ့ အစြမ္းကုန္ ၾကိဳးစားဖို႔ပါပဲ။ ေရာ္ဘတ္ဆန္က ကမၻာအေကာင္းဆံုး ဘယ္အစြန္လူေတြထဲက တစ္ဦးဆိုတာ က်ေနာ္ သိပါတယ္။ ဒါကပဲ က်ေနာ္ ပိုၾကိဳးစားဖို႔ လံု႔ေဆာ္မႈ ျဖစ္လာမွာပါ။

– ရာသီသစ္က ေရာက္လာဖို႔ မၾကာေတာ့ဘူး။ အနားယူဦးမလား ဒီအပတ္ ေလ့က်င့္ေရးစရင္ ပါဝင္သြားမွာလား?

က်ေနာ္ မသိေသးဘူးဗ်။ မန္ေနဂ်ာနဲ႔ စကားေျပာရဦးမယ္။ သူက က်ေနာ္ ဘာလုပ္ရမလဲ ညႊန္ၾကားမွာပါ။

– အန္ဖီးကြင္းမွာ ပရိသတ္ေတြ ဘယ္အခ်ိန္မွ ျပန္ေရာက္လာမလဲ မသိေသးဘူး။ မင္းေကာ သူတို႔ကို ျမင္ရဖို႔ စိတ္လႈပ္ရွားေနလား?

အန္ဖီးကြင္းမွာ ကစားရဖို႔ ပရိသတ္ေတြ သီခ်င္းဆိုေနတာကို ခံစားနားဆင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ အဲ့အတြက္ အဆင္သင့္ျဖစ္ေနပါျပီ။ မၾကာခင္ ျဖစ္လာမယ္လို႔ ထင္ပါတယ္။

– မင္းက နံပါတ္ ၂၁ ကို ဝတ္ဆင္ခဲ့တယ္ေနာ္။ အေၾကာင္းျပခ်က္ရွိလား။

က်ေနာ္ ဒီနံပါတ္ကို ၾကိဳက္ပါတယ္။ ေဟာလန္မွာ ဝတ္ခဲ့တယ္။ အိုလံပီယာကိုစ့္မွာ ဝတ္ခဲ့တယ္။ အခု လီဗာပူးမွာလည္း ဝတ္ပါမယ္။

– လီဗာပူးနဲ႔ မင္းရဲ႕ ရည္မွန္းခ်က္က ဘာျဖစ္မလဲ

အသင္းရဲ႕ ရည္မွန္းခ်က္ကို ေရာက္ဖို႔ေပါ့။ ပရီးမီးယားလိဂ္ကို ထပ္ျပီး အႏုိင္ရဖို႔၊ ခ်န္ပီယံလိဂ္ အႏုိင္ရဖို႔ေပါ့။

– ေနာက္ဆံုးအေနနဲ႔ မင္းရဲ႕ ပထမဆံုး အင္တာဗ်ဴးကို ေစာင့္ၾကည့္ေနမယ္ ပရိသတ္ေတြအတြက္ အေၾကာင္းၾကား မက္ေဆ့ေလး ေပးပါဦး

အသင္းနဲ႔ နီးနီးကပ္ကပ္ ေနေပးၾကပါ။ အသင္းအတြက္ ပရိသတ္ေတြရဲ႕ သီဆိုေပးမႈေတြ လိုပါတယ္။ ရာသီအကုန္မွာ က်ေန္ာတို႔အားလံုး ေအာင္ပြဲခံၾကပါမယ္။