လီဗာပူးအသင်းဟာ ဂရိဘယ်အစွန်လူ ကိုစတက် ဆီမီးတက်စ်ကို တရားဝင် ခေါ်ယူမှု ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် စာချုပ်ပါ အချက်အလက်တွေက ထွက်ပေါ်မလာသေးပါဘူး။

အစောတုန်းက The Guardian သတင်းဌာနက လီဗာပူးဟာ ကိုစတက်အတွက် တစ်ပတ်လုပ်ခ ပေါင် ၅ သောင်း ပေးချေရမယ်လို့ ဖော်ပြထားတယ်။ ဒါပေမယ့် ပိုမို ယုံကြည်ရတဲ့ လီဗာပူးသတင်းထောက် Dave Maddock ကတော့ လီဗာပူးဟာ ကိုစတက်ကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး တစ်ပတ်လုပ်ခဟာ ပေါင် ၄ သောင်းထက် လျော့နည်းပါတယ်လို့ ဖော်ပြပါတယ်။

လီဗာပူးအသင်းရဲ့ နောက်ထပ် ခေါ်ယူမှုတွေဟာ အသင်းရဲ့ ကစားသမား ရောင်းထုတ်မှုတွေအပေါ် အခြေခံမှာဖြစ်တယ်။ ကလပ်ရဲ့ နောက်ထပ် ဦးတည်ချက်က စတုတ္ထခံစစ်မှူးနေရာအတွက် ဖြစ်မယ်လို့ ယုံကြည်ရတယ်။ လက်ရှိမှာ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့ ရှိနေပေမယ့် မာတစ်ဟာ မနှစ်က ရာသီကုန်ခါနီးမှာ ဒဏ်ရာရခဲ့လို့ ဗဟိုခံစစ်မှူးတစ်ဦးကိုတော့ လီဗာပူးက ခေါ်ယူပါမယ်။

နောက်ထပ် လီဗာပူးသတင်းထောက်ဖြစ်သူ The Athletic မှ James Pearce ကပဲ ကလပ်ဟာ ဂိုးသမား ကားရီးယက်စ်အတွက် ပေါင် ၆ သန်း၊ ဝဲလ်ဆန်နဲ့ ဂရုဂျစ်အတွက် ပေါင် သန်း ၂၀ စီ ဈေးသက်မှတ်ထားတယ်လို့ ဖော်ပြခဲ့တယ်။ ဝဲလ်ဆန်ကိုတော့ ကလပ်တွေ အပြိုင် ကမ်းလှမ်းလိုနေပြီး နယူးကာဆယ်၊ ဆောက်သမ်တန်၊ လိဒ်တို့က အပြိုင်ဖြစ်နေပါတယ်။

လီဗာပူးဟာ ရှာကွီရီကို ရောင်းထုတ်လိုပေမယ့် ဈေးနှုန်း သက်မှတ်ထားခြင်း မရှိပါဘူး။ သူ့ရဲ့ အနာဂတ်က သူ့ကို ကမ်းလှမ်းလာမယ့် ကလပ်တွေအပေါ် မူတည်နေပါတယ်။ လီဗာပူးဟာ လယ်လာနာ၊ ကလိုင်း၊ လိုဗရန်နဲ့ အရန်ဂိုးသမား လိုနာဂန်တို့ကိုတော့ ရှင်းထုတ်ထားပြီး ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဂရိဘယ္အစြန္လူ ကိုစတက္ ဆီမီးတက္စ္ကို တရားဝင္ ေခၚယူမႈ ျပီးေျမာက္ခဲ့ျပီ ျဖစ္ပါတယ္။ ဒါေပမယ့္ စာခ်ဳပ္ပါ အခ်က္အလက္ေတြက ထြက္ေပၚမလာေသးပါဘူး။

အေစာတုန္းက The Guardian သတင္းဌာနက လီဗာပူးဟာ ကိုစတက္အတြက္ တစ္ပတ္လုပ္ခ ေပါင္ ၅ ေသာင္း ေပးေခ်ရမယ္လို႔ ေဖာ္ျပထားတယ္။ ဒါေပမယ့္ ပိုမို ယံုၾကည္ရတဲ့ လီဗာပူးသတင္းေထာက္ Dave Maddock ကေတာ့ လီဗာပူးဟာ ကိုစတက္ကို ၅ ႏွစ္စာခ်ဳပ္ျဖင့္ ေခၚယူခဲ့ျခင္းျဖစ္ျပီး တစ္ပတ္လုပ္ခဟာ ေပါင္ ၄ ေသာင္းထက္ ေလ်ာ့နည္းပါတယ္လို႔ ေဖာ္ျပပါတယ္။

လီဗာပူးအသင္းရဲ႕ ေနာက္ထပ္ ေခၚယူမႈေတြဟာ အသင္းရဲ႕ ကစားသမား ေရာင္းထုတ္မႈေတြအေပၚ အေျခခံမွာျဖစ္တယ္။ ကလပ္ရဲ႕ ေနာက္ထပ္ ဦးတည္ခ်က္က စတုတၳခံစစ္မွဴးေနရာအတြက္ ျဖစ္မယ္လို႔ ယံုၾကည္ရတယ္။ လက္ရွိမွာ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တို႔ ရွိေနေပမယ့္ မာတစ္ဟာ မႏွစ္က ရာသီကုန္ခါနီးမွာ ဒဏ္ရာရခဲ့လို႔ ဗဟိုခံစစ္မွဴးတစ္ဦးကိုေတာ့ လီဗာပူးက ေခၚယူပါမယ္။

ေနာက္ထပ္ လီဗာပူးသတင္းေထာက္ျဖစ္သူ The Athletic မွ James Pearce ကပဲ ကလပ္ဟာ ဂိုးသမား ကားရီးယက္စ္အတြက္ ေပါင္ ၆ သန္း၊ ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္အတြက္ ေပါင္ သန္း ၂၀ စီ ေစ်းသက္မွတ္ထားတယ္လို႔ ေဖာ္ျပခဲ့တယ္။ ဝဲလ္ဆန္ကိုေတာ့ ကလပ္ေတြ အျပိဳင္ ကမ္းလွမ္းလိုေနျပီး နယူးကာဆယ္၊ ေဆာက္သမ္တန္၊ လိဒ္တို႔က အျပိဳင္ျဖစ္ေနပါတယ္။

လီဗာပူးဟာ ရွာကီြရီကို ေရာင္းထုတ္လိုေပမယ့္ ေစ်းႏႈန္း သက္မွတ္ထားျခင္း မရွိပါဘူး။ သူ႔ရဲ႕ အနာဂတ္က သူ႔ကို ကမ္းလွမ္းလာမယ့္ ကလပ္ေတြအေပၚ မူတည္ေနပါတယ္။ လီဗာပူးဟာ လယ္လာနာ၊ ကလိုင္း၊ လိုဗရန္နဲ႔ အရန္ဂိုးသမား လိုနာဂန္တို႔ကိုေတာ့ ရွင္းထုတ္ထားျပီး ျဖစ္ပါတယ္။