လီဗာပူးအသင်းက ကိုစတက်ကို ပေါင် ၁၁.၇၅ သန်းဖြင့် ခေါ်ယူနိုင်တဲ့နောက် ပရီးမီးယားလိဂ် ပြိုင်ဘက် မန်စီးတီးရဲ့ အစွန်လူတွေနဲ့ လီဗာပူးအသင်း အစွန်လူတွေကြား နှိုင်းယှဉ်ချက်တွေ ထွက်ပေါ်လာပါတယ်။

မန်စီးတီးဟာ လက်ရှိ အစွန်လူတွေဖြစ်တဲ့ မန်ဒီ၊ ဝေါ်ကာ၊ ကန်ဆယ်လို၊ ဇင်ချန်ကိုတို့ လေးဦးအတွက် အသုံးစရိတ် ပေါင် ၁၃၁ သန်းထိ အသုံးပြုထားတာဖြစ်တယ်။ ဒီနွေမှာလည်း မန်စီးတီးက ဘယ်အစွန်နေရာအတွက် အင်အားဖြည့်လိုပြီး လက်စတာမှ ချီဝဲလ်ကို ချိတ်ဆက်နေကာ လက်စတာဘက်က ပေါင် သန်း ၈၀ တောင်းခံထားပါတယ်။

လီဗာပူးအသင်းကတော့ ကမ္ဘာအကောင်းဆုံး အစွန်လူတွေထဲ ပါဝင်လာတဲ့ ထရန့်နဲ့ ရော်ဘတ်ဆန်တို့ နှစ်ဦးအတွက် ပေါင် ၈ သန်းပဲ ကုန်ကျထားတာဖြစ်တယ်။ ထရန့်ကို အကယ်ဒမီကနေ စင်တင်လာပြီး ရိုဘိုကိုတော့ ဟူးစီးတီးကနေ ပေါင် ၈ သန်းဖြင့် ခေါ်ယူထားခဲ့တာဖြစ်တယ်။

ဒီအချက်အရ မန်စီးတီးက ပေါင် ၂၇.၄ သန်းဖြင့် ခေါ်ယူထားတဲ့ ကန်ဆယ်လိုကတောင် လီဗာပူးအသင်း အစွန်လူတွေအတွက် အသုံးပြုထားတာထက် ပေါင် သန်း ၂၀ လောက် ပိုသုံးထားပါတယ်။

လီဗာပူးဟာ ညာအစွန်နေရာ ထရန့်ရဲ့ အရန်အဖြစ် အကယ်ဒမီကနေပဲ ဝီလီယမ်ကို စင်တင်လာပြီး ဘယ်အစွန်မှာ ရော်ဘတ်ဆန်ရဲ့ အရန်အဖြစ် ကိုစတက်ကို အိုလံပီယာကိုစ့်ကနေ ခေါ်ယူခဲ့ပြီးဖြစ်တယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဟာ လက်ရှိ အစွန်လူ လေးဦးအတွက် ပေါင် ၁၉.၇၅ သန်း အကုန်အကျခံထားပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ရော်ဘတ်ဆန်ကို တစ်ရာသီကျော် စောင့်ကြည့်ပြီးမှ ခေါ်ယူခဲ့သလို ကိုစတက်ကိုလည်း သုံးနှစ်လောက် စောင့်ကြည့်ပြီးမှ ခေါ်ယူခဲ့တာပါ။ အပြောင်းအရွှေ့မှာ ငွေကြေးကြီးတွေ သုံးဖို့ အကန့်အသတ်ရှိတဲ့ လီဗာပူးဟာ မန်စီးတီးလို ငွေအလုံးအရင်း သုံးခြင်း နည်းဗျူဟာထက် စမတ်ကျတဲ့ ကင်းထောက်မှု နည်းဗျူဟာကို အသုံးပြုနေတာဖြစ်တယ်။

ရေရှည်မှာ ပြိုင်ဘက်အသင်းတွေရဲ့ ငွေပုံအောပြီး ခေါ်ယူမှုတွေကို လီဗာပူးရဲ့ စမတ်ကျတဲ့ ကင်းထောက်မှုက အသာစီးယူနိုင်ဦးမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းက ကိုစတက္ကို ေပါင္ ၁၁.၇၅ သန္းျဖင့္ ေခၚယူႏုိင္တဲ့ေနာက္ ပရီးမီးယားလိဂ္ ျပိဳင္ဘက္ မန္စီးတီးရဲ႕ အစြန္လူေတြနဲ႔ လီဗာပူးအသင္း အစြန္လူေတြၾကား ႏိႈင္းယွဥ္ခ်က္ေတြ ထြက္ေပၚလာပါတယ္။

မန္စီးတီးဟာ လက္ရွိ အစြန္လူေတြျဖစ္တဲ့ မန္ဒီ၊ ေဝၚကာ၊ ကန္ဆယ္လို၊ ဇင္ခ်န္ကိုတို႔ ေလးဦးအတြက္ အသံုးစရိတ္ ေပါင္ ၁၃၁ သန္းထိ အသံုးျပဳထားတာျဖစ္တယ္။ ဒီေႏြမွာလည္း မန္စီးတီးက ဘယ္အစြန္ေနရာအတြက္ အင္အားျဖည့္လိုျပီး လက္စတာမွ ခ်ီဝဲလ္ကို ခ်ိတ္ဆက္ေနကာ လက္စတာဘက္က ေပါင္ သန္း ၈၀ ေတာင္းခံထားပါတယ္။

လီဗာပူးအသင္းကေတာ့ ကမၻာအေကာင္းဆံုး အစြန္လူေတြထဲ ပါဝင္လာတဲ့ ထရန္႔နဲ႔ ေရာ္ဘတ္ဆန္တို႔ ႏွစ္ဦးအတြက္ ေပါင္ ၈ သန္းပဲ ကုန္က်ထားတာျဖစ္တယ္။ ထရန္႔ကို အကယ္ဒမီကေန စင္တင္လာျပီး ရိုဘိုကိုေတာ့ ဟူးစီးတီးကေန ေပါင္ ၈ သန္းျဖင့္ ေခၚယူထားခဲ့တာျဖစ္တယ္။

ဒီအခ်က္အရ မန္စီးတီးက ေပါင္ ၂၇.၄ သန္းျဖင့္ ေခၚယူထားတဲ့ ကန္ဆယ္လိုကေတာင္ လီဗာပူးအသင္း အစြန္လူေတြအတြက္ အသံုးျပဳထားတာထက္ ေပါင္ သန္း ၂၀ ေလာက္ ပိုသံုးထားပါတယ္။

လီဗာပူးဟာ ညာအစြန္ေနရာ ထရန္႔ရဲ႕ အရန္အျဖစ္ အကယ္ဒမီကေနပဲ ဝီလီယမ္ကို စင္တင္လာျပီး ဘယ္အစြန္မွာ ေရာ္ဘတ္ဆန္ရဲ႕ အရန္အျဖစ္ ကိုစတက္ကို အိုလံပီယာကိုစ့္ကေန ေခၚယူခဲ့ျပီးျဖစ္တယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ ခ်န္ပီယံဟာ လက္ရွိ အစြန္လူ ေလးဦးအတြက္ ေပါင္ ၁၉.၇၅ သန္း အကုန္အက်ခံထားျပီျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ေရာ္ဘတ္ဆန္ကို တစ္ရာသီေက်ာ္ ေစာင့္ၾကည့္ျပီးမွ ေခၚယူခဲ့သလို ကိုစတက္ကိုလည္း သံုးႏွစ္ေလာက္ ေစာင့္ၾကည့္ျပီးမွ ေခၚယူခဲ့တာပါ။ အေျပာင္းအေရႊ႔မွာ ေငြေၾကးၾကီးေတြ သံုးဖို႔ အကန္႔အသတ္ရွိတဲ့ လီဗာပူးဟာ မန္စီးတီးလို ေငြအလံုးအရင္း သံုးျခင္း နည္းဗ်ဴဟာထက္ စမတ္က်တဲ့ ကင္းေထာက္မႈ နည္းဗ်ဴဟာကို အသံုးျပဳေနတာျဖစ္တယ္။

ေရရွည္မွာ ျပိဳင္ဘက္အသင္းေတြရဲ႕ ေငြပံုေအာျပီး ေခၚယူမႈေတြကို လီဗာပူးရဲ႕ စမတ္က်တဲ့ ကင္းေထာက္မႈက အသာစီးယူႏုိင္ဦးမလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။