ဂရိ ဘယ်အစွန်လူ ဆီမီးတက်စ်ရဲ့ ပရီးမီးယားလိဂ် ခရီးလမ်း အဆင်ပြေ အောင်မြင်ပါစေကြောင်း အသင်းဟောင်း အိုလံပီယာကိုစ့်က ဆုတောင်းစကား ပေးပို့သွားပါတယ်။

အိုလံပီယာကိုစ့်က ၎င်းတို့ရဲ့ တွစ်တာအကောင့်ကနေပဲ ” ၂၀၁၄ မှာ ဆီမီးတက်စ်ဟာ အိုလံပီယာကိုစ့် အကယ်ဒမီကို ပူးပေါင်းခဲ့တယ်။ ဒီကနေ့မှာ ငါတို့ရဲ့ ‘Tsimi’ ဟာ အင်္ဂလန်ချန်ပီယံ၊ လက်ရှိ ဥရောပချန်ပီယံနဲ့ ကမ္ဘာချန်ပီယံဖြစ်တဲ့ လီဗာပူးအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီလို့ ငါတို့ ဂုဏ်ယူစွာ ကြေညာပေးလိုပါတယ်။

မင်းအောင်မြင်ပါစေလို့ ငါတို့ ဆုတောင်းပေးပါတယ် ကိုစတက်၊ မင်းက အမြဲတမ်း ငါတို့ရဲ့ ဖြူနီကြားအသင်းရဲ့ မိသားစုဝင် ဖြစ်နေမှာပါ ” ဆိုပြီး နယ်မြေသစ်မှာ စိန်ခေါ်မှုအသစ်တွေအတွက် အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့တာဖြစ်တယ်။

ကိုစတက်ဟာ လီဗာပူးအသင်းမှာတော့ ရော်ဘတ်ဆန်နေရာ အရန်အဖြစ် ရှိနေမှာဖြစ်ပြီး ပွဲထွက် တစ်နေရာအတွက် စိန်ခေါ်သွားရမှာဖြစ်တယ်။ ဒါပေမယ့်လို့ သူ့ရဲ့ အချက်အလက် အချို့ဟာ ရော်ဘတ်ဆန်ထက် ကောင်းနေတာက လီဗာပူးပရိသတ်တွေကြားမှာ ပြောစရာ ဖြစ်လာနေခဲ့တယ်။

ကိုစတက် လီဗာပူးကို ရောက်လာအပြီးမှာပဲ လီဗာပူးက သူ့ကို ဘယ်အစွန်နေရာအတွက် ခေါ်ယူခဲ့ပေမယ့် မန်နေဂျာကလော့ပ်က ဘယ်အစွန်အတွက်ကော ရည်ရွယ်ရဲ့လားလို့ မေးခွန်းထုတ်နေခဲ့ကြတယ်။ မာနေးကို ညာတောင်ပံကနေ ဘယ်တောင်ပံ၊ ဖာမင်နိုကို ကွင်းလယ်တိုက်စစ်ကနေ တိုက်စစ်မှူး ပြောင်းပေးခဲ့တဲ့ မန်နေဂျာကလော့ပ်က ကိုစတက်ကို ဘယ်တောင်ပံ တိုက်စစ်နေရာ အရန်အဖြစ်ပါ အသုံးပြုလို့ ရနိုင်တယ်ဆိုတဲ့ မှတ်ချက်တွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ZAWGYI

ဂရိ ဘယ္အစြန္လူ ဆီမီးတက္စ္ရဲ႕ ပရီးမီးယားလိဂ္ ခရီးလမ္း အဆင္ေျပ ေအာင္ျမင္ပါေစေၾကာင္း အသင္းေဟာင္း အိုလံပီယာကိုစ့္က ဆုေတာင္းစကား ေပးပို႔သြားပါတယ္။

အိုလံပီယာကိုစ့္က ၄င္းတို႔ရဲ႕ တြစ္တာအေကာင့္ကေနပဲ ” ၂၀၁၄ မွာ ဆီမီးတက္စ္ဟာ အိုလံပီယာကိုစ့္ အကယ္ဒမီကို ပူးေပါင္းခဲ့တယ္။ ဒီကေန႔မွာ ငါတို႔ရဲ႕ ‘Tsimi’ ဟာ အဂၤလန္ခ်န္ပီယံ၊ လက္ရွိ ဥေရာပခ်န္ပီယံနဲ႔ ကမၻာခ်န္ပီယံျဖစ္တဲ့ လီဗာပူးအသင္းကို ေျပာင္းေရႊ႔သြားခဲ့ျပီလို႔ ငါတို႔ ဂုဏ္ယူစြာ ေၾကညာေပးလိုပါတယ္။

မင္းေအာင္ျမင္ပါေစလို႔ ငါတို႔ ဆုေတာင္းေပးပါတယ္ ကိုစတက္၊ မင္းက အျမဲတမ္း ငါတို႔ရဲ႕ ျဖဴနီၾကားအသင္းရဲ႕ မိသားစုဝင္ ျဖစ္ေနမွာပါ ” ဆိုျပီး နယ္ေျမသစ္မွာ စိန္ေခၚမႈအသစ္ေတြအတြက္ အေကာင္းဆံုး ျဖစ္ပါေစလို႔ ဆုေတာင္းေပးခဲ့တာျဖစ္တယ္။

ကိုစတက္ဟာ လီဗာပူးအသင္းမွာေတာ့ ေရာ္ဘတ္ဆန္ေနရာ အရန္အျဖစ္ ရွိေနမွာျဖစ္ျပီး ပြဲထြက္ တစ္ေနရာအတြက္ စိန္ေခၚသြားရမွာျဖစ္တယ္။ ဒါေပမယ့္လို႔ သူ႔ရဲ႕ အခ်က္အလက္ အခ်ိဳ႔ဟာ ေရာ္ဘတ္ဆန္ထက္ ေကာင္းေနတာက လီဗာပူးပရိသတ္ေတြၾကားမွာ ေျပာစရာ ျဖစ္လာေနခဲ့တယ္။

ကိုစတက္ လီဗာပူးကို ေရာက္လာအျပီးမွာပဲ လီဗာပူးက သူ႔ကို ဘယ္အစြန္ေနရာအတြက္ ေခၚယူခဲ့ေပမယ့္ မန္ေနဂ်ာကေလာ့ပ္က ဘယ္အစြန္အတြက္ေကာ ရည္ရြယ္ရဲ႕လားလို႔ ေမးခြန္းထုတ္ေနခဲ့ၾကတယ္။ မာေနးကို ညာေတာင္ပံကေန ဘယ္ေတာင္ပံ၊ ဖာမင္ႏိုကို ကြင္းလယ္တိုက္စစ္ကေန တိုက္စစ္မွဴး ေျပာင္းေပးခဲ့တဲ့ မန္ေနဂ်ာကေလာ့ပ္က ကိုစတက္ကို ဘယ္ေတာင္ပံ တိုက္စစ္ေနရာ အရန္အျဖစ္ပါ အသံုးျပဳလို႔ ရႏုိင္တယ္ဆိုတဲ့ မွတ္ခ်က္ေတြ ထြက္ေပၚေနတာ ျဖစ္ပါတယ္။