ဘယ်အစွန်လူ ကိုစတက်ကို လက်မှတ်ထိုးပြီးနောက်မှာ ယာဂင်ကလော့ပ်ရဲ့ ဒုတိယ လက်မှတ်ထိုးမှု ဘယ်သူဖြစ်လာမလဲ မသိရသေးပေမယ့် ခံစစ်မှူးနေရာ ကစားသူ ဖြစ်လိမ့်မယ်လို့ The Athletic က ဖော်ပြသွားပါတယ်။

ဇင်းနစ်အသင်းထံ လိုဗရန်ကို ပေါင် ၁၀.၉ သန်းဖြင့် ရောင်းထုတ်ပြီးကတည်းက ဗဟိုခံစစ်ဟာ လီဗာပူးရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်ခဲ့တယ်။ ကလပ်မှာ ရိုလာကိုစတာလို ကာလကို ၆ နှစ်ကြာ ပိုင်ဆိုင်ခဲ့တဲ့ လိုဗရန်ဟာ ဂျင်မီကာရေဂါနေရာ ဆက်ခံသူအဖြစ် ဘရန်ဒန်ရော်ဂျာက ကလပ်စံချိန်တင်ကြေး ပေါင် သန်း ၂၀ ပေးပြီး ခေါ်ယူခဲ့ရသူဖြစ်တယ်။

ကလပ်ရဲ့ ပရိသတ်ထုမှာ အမြဲတမ်း အငြင်းပွားစရာ ကစားသမားဖြစ်ပေမယ့် လိုဗရန်ဟာ မဲဝုဒ်မှာတော့ လွှမ်းမိုးမှုရှိပြီး အသုံးဝင်တဲ့ ကစားသမားဖြစ်ခဲ့တယ်။ ၂၀၁၉ ခုနှစ်တုန်းက ရိုးမားနဲ့ အေစီမီလန်တို့ရဲ့ စိတ်ဝင်စားမှုကို ပယ်ချခဲ့ပေမယ့် နောက်ရာသီတွေမှာ မှန်ကန်တဲ့ ကမ်းလှမ်းမှုတွေကို နားထောင်ပေးမယ်လို့ ကလော့ပ်က လိုဗရန်ကို ကတိပေးခဲ့ပါတယ်။

ဗန်ဒန်ဘယ်ရာနဲ့ ကီဂျာနာ ဟိုဗာ တို့က အသက် ၁၈ နှစ် အရွယ်ပဲ ရှိသေးပြီး ပရီးမီးယားလိဂ်ရဲ့ တောင်းဆိုမှု ကြီးမားမှုအတွက် အချိန်မကျသေးသူတွေဖြစ်တယ်။ အသက် ၂၃ နှစ်အရွယ် နေးဖီလစ်က စတုတ်ဂတ်ကို ဘွန်ဒက်လီဂါထံ တန်းပြန်တက်အောင် ကြိုးစားပေးနိုင်ခဲ့ကာ နောက်ထပ် ရွေးချယ်စရာဖြစ်သော်လည်း ထိပ်တန်းအဆင့်တွေမှာ သူက သက်သေပြထားနိုင်ခြင်း မရှိသေးပါဘူး။

ရာသီဝက်မှာ ဂိုးမက်စ်ဟာ ဗန်ဒိုက်ရဲ့ အဓိက ပါတနာဖြစ်လာခဲ့ပြီး လီဗာပူးမှာ နှစ်ကာလရှည် အကောင်းဆုံး ကစားပေးနိုင်ဦးမယ်သူလို့ ယူဆခံထားရတယ်။ ဒါပေမယ့်လို့ သူနဲ့ မာတစ်တို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် လီဗာပူးက နောက်ထပ် ဗဟိုခံစစ်မှူး တစ်ဦးကိုတော့ ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။

ဘရိုက်တန်မှ ဘမ်ဝိုက်ကို လီဗာပူးက ထင်းထောက်ထားခဲ့ပြီး အသင်း ခေါ်ယူလိုတဲ့ ပစ်မှတ်ထဲ ထည့်ထားခဲ့တယ်။ ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်မှုတွေကြောင့် ကူလီဘာလေနဲ့ ဒီယေဂို ကားလိုစ့်တို့လို ခံစစ်မှူးတွေတော့ ခေါ်ယူနိုင်မှာ မဟုတ်ဘူး။ ရီးရဲလ်ဘက်တစ်က မန်ဒီကတော့ ဈေးသက်သာပြီး သင့်လျော်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်လို့ အဆိုပါ သတင်းက ဖော်ပြသွားပါတယ်။

ZAWGYI

ဘယ္အစြန္လူ ကိုစတက္ကို လက္မွတ္ထိုးျပီးေနာက္မွာ ယာဂင္ကေလာ့ပ္ရဲ႕ ဒုတိယ လက္မွတ္ထိုးမႈ ဘယ္သူျဖစ္လာမလဲ မသိရေသးေပမယ့္ ခံစစ္မွဴးေနရာ ကစားသူ ျဖစ္လိမ့္မယ္လို႔ The Athletic က ေဖာ္ျပသြားပါတယ္။

ဇင္းနစ္အသင္းထံ လိုဗရန္ကို ေပါင္ ၁၀.၉ သန္းျဖင့္ ေရာင္းထုတ္ျပီးကတည္းက ဗဟိုခံစစ္ဟာ လီဗာပူးရဲ႕ ဦးစားေပး ပစ္မွတ္ ျဖစ္ခဲ့တယ္။ ကလပ္မွာ ရိုလာကိုစတာလို ကာလကို ၆ ႏွစ္ၾကာ ပိုင္ဆိုင္ခဲ့တဲ့ လိုဗရန္ဟာ ဂ်င္မီကာေရဂါေနရာ ဆက္ခံသူအျဖစ္ ဘရန္ဒန္ေရာ္ဂ်ာက ကလပ္စံခ်ိန္တင္ေၾကး ေပါင္ သန္း ၂၀ ေပးျပီး ေခၚယူခဲ့ရသူျဖစ္တယ္။

ကလပ္ရဲ႕ ပရိသတ္ထုမွာ အျမဲတမ္း အျငင္းပြားစရာ ကစားသမားျဖစ္ေပမယ့္ လိုဗရန္ဟာ မဲဝုဒ္မွာေတာ့ လႊမ္းမိုးမႈရွိျပီး အသံုးဝင္တဲ့ ကစားသမားျဖစ္ခဲ့တယ္။ ၂၀၁၉ ခုႏွစ္တုန္းက ရိုးမားနဲ႔ ေအစီမီလန္တို႔ရဲ႕ စိတ္ဝင္စားမႈကို ပယ္ခ်ခဲ့ေပမယ့္ ေနာက္ရာသီေတြမွာ မွန္ကန္တဲ့ ကမ္းလွမ္းမႈေတြကို နားေထာင္ေပးမယ္လို႔ ကေလာ့ပ္က လိုဗရန္ကို ကတိေပးခဲ့ပါတယ္။

ဗန္ဒန္ဘယ္ရာနဲ႔ ကီဂ်ာနာ ဟိုဗာ တို႔က အသက္ ၁၈ ႏွစ္ အရြယ္ပဲ ရွိေသးျပီး ပရီးမီးယားလိဂ္ရဲ႕ ေတာင္းဆိုမႈ ၾကီးမားမႈအတြက္ အခ်ိန္မက်ေသးသူေတြျဖစ္တယ္။ အသက္ ၂၃ ႏွစ္အရြယ္ ေနးဖီလစ္က စတုတ္ဂတ္ကို ဘြန္ဒက္လီဂါထံ တန္းျပန္တက္ေအာင္ ၾကိဳးစားေပးႏုိင္ခဲ့ကာ ေနာက္ထပ္ ေရြးခ်ယ္စရာျဖစ္ေသာ္လည္း ထိပ္တန္းအဆင့္ေတြမွာ သူက သက္ေသျပထားႏုိင္ျခင္း မရွိေသးပါဘူး။

ရာသီဝက္မွာ ဂိုးမက္စ္ဟာ ဗန္ဒိုက္ရဲ႕ အဓိက ပါတနာျဖစ္လာခဲ့ျပီး လီဗာပူးမွာ ႏွစ္ကာလရွည္ အေကာင္းဆံုး ကစားေပးႏုိင္ဦးမယ္သူလို႔ ယူဆခံထားရတယ္။ ဒါေပမယ့္လို႔ သူနဲ႔ မာတစ္တို႔ရဲ႕ ဒဏ္ရာျပႆနာေတြေၾကာင့္ လီဗာပူးက ေနာက္ထပ္ ဗဟိုခံစစ္မွဴး တစ္ဦးကိုေတာ့ ပိုင္ဆိုင္ထားဖို႔ လိုအပ္ပါတယ္။

ဘရိုက္တန္မွ ဘမ္ဝိုက္ကို လီဗာပူးက ထင္းေထာက္ထားခဲ့ျပီး အသင္း ေခၚယူလိုတဲ့ ပစ္မွတ္ထဲ ထည့္ထားခဲ့တယ္။ ဘ႑ာေရးဆိုင္ရာ ထိခိုက္မႈေတြေၾကာင့္ ကူလီဘာေလနဲ႔ ဒီေယဂို ကားလိုစ့္တို႔လို ခံစစ္မွဴးေတြေတာ့ ေခၚယူႏုိင္မွာ မဟုတ္ဘူး။ ရီးရဲလ္ဘက္တစ္က မန္ဒီကေတာ့ ေစ်းသက္သာျပီး သင့္ေလ်ာ္တဲ့ ေရြးခ်ယ္မႈ ျဖစ္ပါတယ္လို႔ အဆုိပါ သတင္းက ေဖာ္ျပသြားပါတယ္။