လီဗာပူးတိုက်စစ်မှူးဟောင်း စတားရစ်က အသင်းဟောင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တာအတွက် ကျေနပ် ပျော်ရွှင်မိကြောင်းနဲ့ အသင်းဖော်တွေအတွက်လည်း သိပ်ကောင်းတဲ့ ခံစားချက်တွေ ရစေမှာပါလို့ ထုတ်ပြောလိုက်ပါတယ်။

၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာ လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ခဲ့တဲ့ စတားရစ်ဟာ ဆွာရက်စ်နဲ့ ပူးတွဲပြီး ပရိသတ်တွေကြား ထင်ရှားခဲ့သူပါ။ နောက်ပိုင်းမှာတော့ ဒဏ်ရာပြဿနာနဲ့ လုံခြာလိုက်နေခဲ့ပြီး ၂၀၁၉ ဘောလုံးရာသီ အစမှာပဲ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းကနေ ထွက်ခွာသွားခဲ့သူဖြစ်တယ်။

စတားရစ်က ပြောရာမှာ ” ပရိသတ်တွေအတွက် အချိန်အကြာကြီး စောင့်ခဲ့ရပါတယ်။ ကျနော် လီဗာပူးမှာ ရှိနေတုန်းက ဒုတိယနေရာနဲ့ ၂ ကြိမ်တိုင် ရာသီသိမ်းခဲ့ရတယ်။ နှစ်ကြိမ်လုံးမှာ မန်စီးတီးကပဲ ချန်ပီယံဖြစ်ခဲ့တယ်။ ဒီတော့ ကစားသမားတွေက နောက်ဆုံးမှာ ပရိသတ်တွေအတွက် ချန်ပီယံဖြစ်နိုင်ခဲ့တာဟာ အရမ်းကောင်းတဲ့ ခံစားမှုကို ဖြစ်စေမယ်ဆိုတာ သေချာပါတယ်။

အသင်းသားတွေရဲ့ အောင်ပွဲခံမှုကို မြင်နေရတဲ့ ကျနေ်ာတောင်မှ သူတို့အတွက် ပျော်ရွှင်မိပါတယ်။ ရံှူးနိမ့်မှုကို နာကျင်စွာ ခံစားရပြိး ချန်ပီယံ ဖြစ်ဖို့ မလုံလောက်ခဲ့ပေမယ့် အခုချိန်မှာ ဆုဖလား ကိုင်မြောက်ခွင့်ရတာက ဟန်ဒိုအတွက်လည်း မယုံနိုင်စရာ ခံစားချက်ကို ဖြစ်စေပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

အသင်းဖော်တွေနဲ့ ပက်သက်လို့ စတားရစ်က ပြောရာမှာ ” သူတို့ (ဆာလက်၊ မာနေး၊ ဖာမင်နို) နဲ့ လေ့ကျင့်ရေး အတူဆင်းပြီး အတူ အလုပ်လုပ်ဖူးသူအဖြစ် သူတို့ရဲ့ အလုပ်လုပ်မှုနဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးမှာ ထားနိုင်မှုတွေက ချီးကျူးစရာပါပဲ။ လူတိုင်း သိပ်မပြောကြတဲ့ အိုရီဂီတောင်မှ စွမ်းဆောင်ရည်အတွက် အတော်လေး ကြိုးစားပြီး အခွင့်အရေးအတွက် အပင်ပန်းခံပါတယ်။ သူတို့တွေက အသိအမှတ်ပြု ခံရဖို့ ထိုက်တန်ပါတယ် ” ဆိုပြီး ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္မွဴးေဟာင္း စတားရစ္က အသင္းေဟာင္း ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္တာအတြက္ ေက်နပ္ ေပ်ာ္ရႊင္မိေၾကာင္းနဲ႔ အသင္းေဖာ္ေတြအတြက္လည္း သိပ္ေကာင္းတဲ့ ခံစားခ်က္ေတြ ရေစမွာပါလို႔ ထုတ္ေျပာလိုက္ပါတယ္။

၂၀၁၃-၂၀၁၄ ေဘာလံုးရာသီမွာ လီဗာပူးနဲ႔အတူ ပရီးမီးယားလိဂ္ဖလား စိန္ေခၚခဲ့တဲ့ စတားရစ္ဟာ ဆြာရက္စ္နဲ႔ ပူးတြဲျပီး ပရိသတ္ေတြၾကား ထင္ရွားခဲ့သူပါ။ ေနာက္ပိုင္းမွာေတာ့ ဒဏ္ရာျပႆနာနဲ႔ လံုျခာလိုက္ေနခဲ့ျပီး ၂၀၁၉ ေဘာလုံးရာသီ အစမွာပဲ အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ အသင္းကေန ထြက္ခြာသြားခဲ့သူျဖစ္တယ္။

စတားရစ္က ေျပာရာမွာ ” ပရိသတ္ေတြအတြက္ အခ်ိန္အၾကာၾကီး ေစာင့္ခဲ့ရပါတယ္။ က်ေနာ္ လီဗာပူးမွာ ရွိေနတုန္းက ဒုတိယေနရာနဲ႔ ၂ ၾကိမ္တိုင္ ရာသီသိမ္းခဲ့ရတယ္။ ႏွစ္ၾကိမ္လံုးမွာ မန္စီးတီးကပဲ ခ်န္ပီယံျဖစ္ခဲ့တယ္။ ဒီေတာ့ ကစားသမားေတြက ေနာက္ဆံုးမွာ ပရိသတ္ေတြအတြက္ ခ်န္ပီယံျဖစ္ႏုိင္ခဲ့တာဟာ အရမ္းေကာင္းတဲ့ ခံစားမႈကို ျဖစ္ေစမယ္ဆိုတာ ေသခ်ာပါတယ္။

အသင္းသားေတြရဲ႕ ေအာင္ပြဲခံမႈကို ျမင္ေနရတဲ့ က်ေန္ာေတာင္မွ သူတို႔အတြက္ ေပ်ာ္ရႊင္မိပါတယ္။ ရံွဴးနိမ့္မႈကို နာက်င္စြာ ခံစားရျပိး ခ်န္ပီယံ ျဖစ္ဖို႔ မလံုေလာက္ခဲ့ေပမယ့္ အခုခ်ိန္မွာ ဆုဖလား ကိုင္ေျမာက္ခြင့္ရတာက ဟန္ဒိုအတြက္လည္း မယံုႏုိင္စရာ ခံစားခ်က္ကို ျဖစ္ေစပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

အသင္းေဖာ္ေတြနဲ႔ ပက္သက္လို႔ စတားရစ္က ေျပာရာမွာ ” သူတို႔ (ဆာလက္၊ မာေနး၊ ဖာမင္ႏို) နဲ႔ ေလ့က်င့္ေရး အတူဆင္းျပီး အတူ အလုပ္လုပ္ဖူးသူအျဖစ္ သူတို႔ရဲ႕ အလုပ္လုပ္မႈနဲ႔ စြမ္းေဆာင္ရည္ကို အျမင့္ဆံုးမွာ ထားႏုိင္မႈေတြက ခ်ီးက်ဴးစရာပါပဲ။ လူတိုင္း သိပ္မေျပာၾကတဲ့ အိုရီဂီေတာင္မွ စြမ္းေဆာင္ရည္အတြက္ အေတာ္ေလး ၾကိဳးစားျပီး အခြင့္အေရးအတြက္ အပင္ပန္းခံပါတယ္။ သူတို႔ေတြက အသိအမွတ္ျပဳ ခံရဖို႔ ထိုက္တန္ပါတယ္ ” ဆိုျပီး ျဖစ္ပါတယ္။