ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာပြီးတဲ့နောက် ရာသီသစ်အတွက် ရည်မှန်းချက်ကို မေးခွန်းထုတ်ခံရချိန်မှာ မာနေးက လာမယ့်ရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို တစ်ပြိုင်နက် အောင်မြင်လိုတယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်ပါတယ်။

မာနေးက ” ဒီဆုဖလား နှစ်လုံးကို တစ်ကြိမ်တည်းကို တကယ်ကို အောင်မြင်လိုတယ်ဗျာ။ ချန်ပီယံလိဂ်ကို အနိုင်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်ကို အနိုင်ရလိုခဲ့တယ်။ အခုတော့ ချန်ပီယံလိဂ်ကော၊ ပရီးမီးယားလိဂ်ကိုကော အနိုင်ရထားပြီ။ ကျနော် နှစ်ခုလုံးကို တစ်ပြိုင်တည်း အနိုင်ယူလိုလာပြန်တယ်။

ကျနော်အတွက်တော့ ဆုဖလားတိုင်းက အရေးကြီးပါတယ်။ ဘယ်ဖလားကို အနိုင်ယူလိုက်မယ်ဆိုပြီး မရှိပါဘူး။ ဆုဖလားတွေကိုပဲ ထပ် ထပ်ပြီး အနိုင်ရလိုတာပါပဲ ” လို့ ပြောပါတယ်။

အမေးအဖြေ အစီအစဉ်မှာတော့ မာနေးကို ဒီနှစ်တွေအတွင်း သူရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက် ခံစစ်သမားက ဘယ်သူဖြစ်မလဲဆိုတာ မေးခွန်းထုတ်ခံခဲ့ရတယ်။ ပရီးမီးယားလိဂ်ဖြစ်ဖြစ်၊ ဥရောပမှာဖြစ်ဖြစ် တစ်ဦးဦးကို ရွေးချယ်ပေးဖို့ မာနေးကို တောင်းဆိုခဲ့ပါတယ်။

မာနေးကတော့ ” ဒါက လျှို့ဝှက်ချက်ပေါ့” လို့ ပြန်ဖြေခဲ့တယ်။ သူကပဲ ” နောက်ရာသီအတွက် အဲ့သည် ခံစစ်သမားကို စိတ်ဓါတ်တက်ကြွသွားတာမျိုး မဖြစ်စေချင်ဘူး။ သူ့ကို ရင်ဆိုင်ရ ပိုခက်ခဲသွားမှာမျိုး မဖြစ်စေချင်ဘူး။ ဒီတော့ ကျနော်အတွက်ကော ပရိသတ်တွေအတွက်ပါ ဒါကို လျှို့ှဝှက်ချက်အဖြစ် ဆက်ထိန်းထားလိုက်ပါမယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

မာနေးရဲ့ အပြောအရဆုံရင် သူရင်ဆိုင်ရခက်တဲ့ ခံစစ်သမားက ပရီးမီးယားလိဂ်က ဖြစ်မယ်လို့ ယူဆရပါတယ်။ ဘယ်သူဖြစ်မလဲကတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ZAWGYI

ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္လာျပီးတဲ့ေနာက္ ရာသီသစ္အတြက္ ရည္မွန္းခ်က္ကို ေမးခြန္းထုတ္ခံရခ်ိန္မွာ မာေနးက လာမယ့္ရာသီ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ကို တစ္ျပိဳင္နက္ ေအာင္ျမင္လိုတယ္လို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလုိက္ပါတယ္။

မာေနးက ” ဒီဆုဖလား ႏွစ္လံုးကို တစ္ၾကိမ္တည္းကို တကယ္ကို ေအာင္ျမင္လိုတယ္ဗ်ာ။ ခ်န္ပီယံလိဂ္ကို အႏုိင္ရခဲ့ေပမယ့္ ပရီးမီးယားလိဂ္ကို အႏုိင္ရလိုခဲ့တယ္။ အခုေတာ့ ခ်န္ပီယံလိဂ္ေကာ၊ ပရီးမီးယားလိဂ္ကိုေကာ အႏုိင္ရထားျပီ။ က်ေနာ္ ႏွစ္ခုလံုးကို တစ္ျပိဳင္တည္း အႏုိင္ယူလိုလာျပန္တယ္။

က်ေနာ္အတြက္ေတာ့ ဆုဖလားတိုင္းက အေရးၾကီးပါတယ္။ ဘယ္ဖလားကို အႏုိင္ယူလိုက္မယ္ဆိုျပီး မရွိပါဘူး။ ဆုဖလားေတြကိုပဲ ထပ္ ထပ္ျပီး အႏုိင္ရလိုတာပါပဲ ” လို႔ ေျပာပါတယ္။

အေမးအေျဖ အစီအစဥ္မွာေတာ့ မာေနးကို ဒီႏွစ္ေတြအတြင္း သူရင္ဆုိင္ရ အခက္ခဲဆံုး ျပိဳင္ဘက္ ခံစစ္သမားက ဘယ္သူျဖစ္မလဲဆိုတာ ေမးခြန္းထုတ္ခံခဲ့ရတယ္။ ပရီးမီးယားလိဂ္ျဖစ္ျဖစ္၊ ဥေရာပမွာျဖစ္ျဖစ္ တစ္ဦးဦးကို ေရြးခ်ယ္ေပးဖို႔ မာေနးကို ေတာင္းဆိုခဲ့ပါတယ္။

မာေနးကေတာ့ ” ဒါက လွ်ိဳ႕ဝွက္ခ်က္ေပါ့” လို႔ ျပန္ေျဖခဲ့တယ္။ သူကပဲ ” ေနာက္ရာသီအတြက္ အဲ့သည္ ခံစစ္သမားကို စိတ္ဓါတ္တက္ၾကြသြားတာမ်ိဳး မျဖစ္ေစခ်င္ဘူး။ သူ႔ကို ရင္ဆိုင္ရ ပိုခက္ခဲသြားမွာမ်ိဳး မျဖစ္ေစခ်င္ဘူး။ ဒီေတာ့ က်ေနာ္အတြက္ေကာ ပရိသတ္ေတြအတြက္ပါ ဒါကို လွ်ိဳ႔ွဝွက္ခ်က္အျဖစ္ ဆက္ထိန္းထားလိုက္ပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

မာေနးရဲ႕ အေျပာအရဆံုရင္ သူရင္ဆိုင္ရခက္တဲ့ ခံစစ္သမားက ပရီးမီးယားလိဂ္က ျဖစ္မယ္လို႔ ယူဆရပါတယ္။ ဘယ္သူျဖစ္မလဲကေတာ့ သူကိုယ္တိုင္ပဲ သိပါလိမ့္မယ္။