ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာပြီးတဲ့နောက် ရာသီသစ်အတွက် ရည်မှန်းချက်ကို မေးခွန်းထုတ်ခံရချိန်မှာ မာနေးက လာမယ့်ရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို တစ်ပြိုင်နက် အောင်မြင်လိုတယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်း စတားရစ်က အသင်းဟောင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တာအတွက် ကျေနပ် ပျော်ရွှင်မိကြောင်းနဲ့ အသင်းဖော်တွေအတွက်လည်း သိပ်ကောင်းတဲ့ ခံစားချက်တွေ ရစေမှာပါလို့ ဆိုပါတယ်။

ဘယ်အစွန်လူ ကိုစတက်ကို လက်မှတ်ထိုးပြီးနောက်မှာ ယာဂင်ကလော့ပ်ရဲ့ ဒုတိယ လက်မှတ်ထိုးမှု ဘယ်သူဖြစ်လာမလဲ မသိရသေးပေမယ့် ခံစစ်မှူးနေရာ ကစားသူ ဖြစ်လိမ့်မယ်လို့ The Athletic က ဖော်ပြသွားပါတယ်။

လီဗာပူးအသင်းဟာ ထိုင်း စီးပွားရေး ကုမ္ပဏီဖြစ်တဲ့ Chaokoh နဲ့ စပွန်ဆာ လက်တွဲမှု သက်တမ်းတိုးတော့မှာ မဟုတ်ပါဘူး။ တိရိစ္ဆာန် ညှင်းပန်းနှိပ်စက်မှုဆိုင်ရာ စွပ်စွဲချက်တွေကြောင့်လို့ သိရပါတယ်။

ပဲလေစ့်ဟာ ဆာကို ခေါ်ယူရေးမှာ လီဗာပူးကို အသားစီးရဖို့ စတင် လှုပ်ရှားနေပြီဖြစ်ကြောင်း ပြင်သစ်သတင်းတွေက ဖော်ပြပါတယ်။ ဝတ်ဖိုဒ့်ကတော့ ဆာအတွက် ပေါင် သန်း ၄၀ ထိ ဈေးခေါ်ဖို့ ပြင်ဆင်ထားပါတယ်။

လီဗာပူးက စောင့်ကြည့်နေတဲ့ လီဗာပူးဖွား ဝီဂန်တိုက်စစ်သမား ဂဲလ်ဟတ်ကို လိဒ်ယူနိုက်တက်က ၄ နှစ် စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူခဲ့ပါပြီ။

ဂရိ ဘယ်အစွန်လူ ဆီမီးတက်စ်ရဲ့ ပရီးမီးယားလိဂ် ခရီးလမ်း အဆင်ပြေ အောင်မြင်ပါစေကြောင်း အသင်းဟောင်း အိုလံပီယာကိုစ့်က ဆုတောင်းစကား ပေးပို့သွားပါတယ်။

လီဗာပူးအသင်းက ကိုစတက်ကို ပေါင် ၁၁.၇၅ သန်းဖြင့် ခေါ်ယူနိုင်တဲ့နောက် ပရီးမီးယားလိဂ် ပြိုင်ဘက် မန်စီးတီးရဲ့ အစွန်လူတွေနဲ့ လီဗာပူးအသင်း အစွန်လူတွေကြား နှိုင်းယှဉ်ချက်တွေ ထွက်ပေါ်လာပါတယ်။

လီဗာပူးသတင်းထောက် Dave Maddock ကတော့ လီဗာပူးဟာ ကိုစတက်ကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး တစ်ပတ်လုပ်ခဟာ ပေါင် ၄ သောင်းထက် လျော့နည်းပါတယ်လို့ ဖော်ပြပါတယ်။

The Athletic မှ James Pearce က ကလပ်ဟာ ဂိုးသမား ကားရီးယက်စ်အတွက် ပေါင် ၆ သန်း၊ ဝဲလ်ဆန်နဲ့ ဂရုဂျစ်အတွက် ပေါင် သန်း ၂၀ စီ ဈေးသက်မှတ်ထားတယ်လို့ ဖော်ပြခဲ့တယ်။ ဝဲလ်ဆန်ကိုတော့ ကလပ်တွေ အပြိုင် ကမ်းလှမ်းလိုနေပြီး နယူးကာဆယ်၊ ဆောက်သမ်တန်၊ လိဒ်တို့က အပြိုင်ဖြစ်နေပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က ဂရိ ဘယ်အစွန်လူ ကိုစတက် ဆီမီးတက်စ်ကို ခေါ်ယူနိုင်ခဲ့တာအတွက် ကျေနပ်နေသလို စိတ်ဓါတ်နဲ့ ခံယူချက်ကောင်းသူဖြစ်ခြင်းက အသင်း အဝတ်လဲခန်းအတွက် အံဝင်ဂွင်ကျဖြစ်မယ်လို့ ပြောပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္လာျပီးတဲ့ေနာက္ ရာသီသစ္အတြက္ ရည္မွန္းခ်က္ကို ေမးခြန္းထုတ္ခံရခ်ိန္မွာ မာေနးက လာမယ့္ရာသီ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ကို တစ္ျပိဳင္နက္ ေအာင္ျမင္လိုတယ္လို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလုိက္ပါတယ္။

လီဗာပူးတိုက္စစ္မွဴးေဟာင္း စတားရစ္က အသင္းေဟာင္း ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္တာအတြက္ ေက်နပ္ ေပ်ာ္ရႊင္မိေၾကာင္းနဲ႔ အသင္းေဖာ္ေတြအတြက္လည္း သိပ္ေကာင္းတဲ့ ခံစားခ်က္ေတြ ရေစမွာပါလို႔ ဆိုပါတယ္။

ဘယ္အစြန္လူ ကိုစတက္ကို လက္မွတ္ထိုးျပီးေနာက္မွာ ယာဂင္ကေလာ့ပ္ရဲ႕ ဒုတိယ လက္မွတ္ထိုးမႈ ဘယ္သူျဖစ္လာမလဲ မသိရေသးေပမယ့္ ခံစစ္မွဴးေနရာ ကစားသူ ျဖစ္လိမ့္မယ္လို႔ The Athletic က ေဖာ္ျပသြားပါတယ္။

လီဗာပူးအသင္းဟာ ထိုင္း စီးပြားေရး ကုမၸဏီျဖစ္တဲ့ Chaokoh နဲ႔ စပြန္ဆာ လက္တြဲမႈ သက္တမ္းတိုးေတာ့မွာ မဟုတ္ပါဘူး။ တိရိစာၦန္ ညႇင္းပန္းႏွိပ္စက္မႈဆိုင္ရာ စြပ္စြဲခ်က္ေတြေၾကာင့္လို႔ သိရပါတယ္။

ပဲေလစ့္ဟာ ဆာကို ေခၚယူေရးမွာ လီဗာပူးကို အသားစီးရဖို႔ စတင္ လႈပ္ရွားေနျပီျဖစ္ေၾကာင္း ျပင္သစ္သတင္းေတြက ေဖာ္ျပပါတယ္။ ဝတ္ဖိုဒ့္ကေတာ့ ဆာအတြက္ ေပါင္ သန္း ၄၀ ထိ ေစ်းေခၚဖို႔ ျပင္ဆင္ထားပါတယ္။

လီဗာပူးက ေစာင့္ၾကည့္ေနတဲ့ လီဗာပူးဖြား ဝီဂန္တိုက္စစ္သမား ဂဲလ္ဟတ္ကို လိဒ္ယူႏုိက္တက္က ၄ ႏွစ္ စာခ်ဳပ္ျဖင့္ အျပီးသတ္ ေခၚယူခဲ့ပါျပီ။

ဂရိ ဘယ္အစြန္လူ ဆီမီးတက္စ္ရဲ႕ ပရီးမီးယားလိဂ္ ခရီးလမ္း အဆင္ေျပ ေအာင္ျမင္ပါေစေၾကာင္း အသင္းေဟာင္း အိုလံပီယာကိုစ့္က ဆုေတာင္းစကား ေပးပို႔သြားပါတယ္။

လီဗာပူးအသင္းက ကိုစတက္ကို ေပါင္ ၁၁.၇၅ သန္းျဖင့္ ေခၚယူႏုိင္တဲ့ေနာက္ ပရီးမီးယားလိဂ္ ျပိဳင္ဘက္ မန္စီးတီးရဲ႕ အစြန္လူေတြနဲ႔ လီဗာပူးအသင္း အစြန္လူေတြၾကား ႏိႈင္းယွဥ္ခ်က္ေတြ ထြက္ေပၚလာပါတယ္။

လီဗာပူးသတင္းေထာက္ Dave Maddock ကေတာ့ လီဗာပူးဟာ ကိုစတက္ကို ၅ ႏွစ္စာခ်ဳပ္ျဖင့္ ေခၚယူခဲ့ျခင္းျဖစ္ျပီး တစ္ပတ္လုပ္ခဟာ ေပါင္ ၄ ေသာင္းထက္ ေလ်ာ့နည္းပါတယ္လို႔ ေဖာ္ျပပါတယ္။

The Athletic မွ James Pearce က ကလပ္ဟာ ဂိုးသမား ကားရီးယက္စ္အတြက္ ေပါင္ ၆ သန္း၊ ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္အတြက္ ေပါင္ သန္း ၂၀ စီ ေစ်းသက္မွတ္ထားတယ္လို႔ ေဖာ္ျပခဲ့တယ္။ ဝဲလ္ဆန္ကိုေတာ့ ကလပ္ေတြ အျပိဳင္ ကမ္းလွမ္းလိုေနျပီး နယူးကာဆယ္၊ ေဆာက္သမ္တန္၊ လိဒ္တို႔က အျပိဳင္ျဖစ္ေနပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဂရိ ဘယ္အစြန္လူ ကိုစတက္ ဆီမီးတက္စ္ကို ေခၚယူႏုိင္ခဲ့တာအတြက္ ေက်နပ္ေနသလို စိတ္ဓါတ္နဲ႔ ခံယူခ်က္ေကာင္းသူျဖစ္ျခင္းက အသင္း အဝတ္လဲခန္းအတြက္ အံဝင္ဂြင္က်ျဖစ္မယ္လို႔ ေျပာပါတယ္။