ဘိုင်ယန်ကွင်းလယ်လူ အယ်ကန်တာရာ လီဗာပူးကို ပြောင်းလိုနေတဲ့ သတင်းက မှန်ပါကြောင်း စကိုင်းစပေါ့ သတင်းထောက် Kaveh Solhekol က အတည်ပြုသွားပါတယ်။ ဒါပေမယ့် လီဗာပူးက သူ့ကို ခေါ်ယူဖို့ စိတ်မဝင်စားသေးပါဘူး။

ဒီကိစ္စဟာ အပြောင်းအလဲ မရှိသေးဘဲ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့ ကလပ်တွေက စိတ်ဝင်စားနေဆဲပါ။ ဘိုင်ယန်နဲ့ စာချုပ် တစ်နှစ်ပဲကျန်တဲ့ အယ်ကန်တာရာက သက်တမ်းမတိုးဘဲ စိတ်ခေါ်မှုအသစ်တွေအတွက် နယ်မြေသစ်တွေထံ ပြောင်းရွှေ့လိုနေပါတယ်။

ဘိုင်ယန် အားကစားဒါရိုက်တာ ရူမန်နီဂီက ဒီအပတ်မှာပဲ အယ်ကန်တာရာအတွက် သင့်လျော်မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးရဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ပြောခဲ့တယ်။ သူတို့က အယ်ကန်တာရာအတွက် ပေါင် သန်း ၃၀ ရဖို့ မျှော်လင့်ထားပါတယ်။

လီဗာပူးအသင်းကလည်း ဖာဘင်ညို၊ ကီတာ၊ ဝိုက်နယ်ဒမ်၊ ဟန်ဒါဆန်၊ ချိန်ဘာလိန်၊ မီလ်နာ၊ ကာတစ်ဂျုံးတို့ ရှိနေတဲ့ ကွင်းလယ်နေရာကို အားဖြည့်ဖို့ မစဉ်းစားသေးပါဘူး။ မန်နေဂျာကလော့ပ်က အယ်ကန်တာရာကို အထင်ကြီး နှစ်ခြိုက်ပေမယ့် လက်ရှိ ဈေးကွက်ထဲမှာ အသက် ၂၉ နှစ်အရွယ် ကစားသမားအတွက် ပေါင် သန်း ၃၀ သုံးဖို့ မစဉ်းစားပါဘူး။

ဝိုက်နယ်ဒမ်ရဲ့ ကိုယ်စားလှယ်က စာချုပ်သစ်အတွက် လီဗာပူးဘက်က တံခါးဖွင့်လာမှာကို စောင့်နေတယ်။ ဝိုက်နယ်ဒမ်ရဲ့ စာချပ်က နောက်ဆုံး ၁၂ လထဲကို ဝင်ရောက်နေပြီဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ နယူးကာဆယ်ကနေ ပေါင် ၂၅ သန်းဖြင့် ရောက်လာခဲ့တဲ့ ဝိုက်နယ်ဒမ်ကတော့ လီဗာပူးအတွက်ပဲ ဆက်လက် ကစားလိုတယ်။ ဒီနွေမှာ အခြားအသင်းကို သွားမယ်လို့လည်း သူက မရည်ရွယ်ပါဘူး။

လီဗာပူးမှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တို့ကို အောင်မြင်ခဲ့တဲ့ ဝိုက်နယ်ဒမ်က ကလော့ပ်ရဲ့ လက်ရှိ အသင်းမှာပဲ ဆက်နေလိုပြီး စာချုပ်ကိစ္စကိုပဲ အားလုံး စောင့်နေကြတာဖြစ်ပါတယ်။

ZAWGYI

ဘိုင္ယန္ကြင္းလယ္လူ အယ္ကန္တာရာ လီဗာပူးကို ေျပာင္းလိုေနတဲ့ သတင္းက မွန္ပါေၾကာင္း စကိုင္းစေပါ့ သတင္းေထာက္ Kaveh Solhekol က အတည္ျပဳသြားပါတယ္။ ဒါေပမယ့္ လီဗာပူးက သူ႔ကို ေခၚယူဖို႔ စိတ္မဝင္စားေသးပါဘူး။

ဒီကိစၥဟာ အေျပာင္းအလဲ မရွိေသးဘဲ အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္လူကို ေခၚယူဖို႔ ကလပ္ေတြက စိတ္ဝင္စားေနဆဲပါ။ ဘိုင္ယန္နဲ႔ စာခ်ဳပ္ တစ္ႏွစ္ပဲက်န္တဲ့ အယ္ကန္တာရာက သက္တမ္းမတိုးဘဲ စိတ္ေခၚမႈအသစ္ေတြအတြက္ နယ္ေျမသစ္ေတြထံ ေျပာင္းေရႊ႔လိုေနပါတယ္။

ဘိုင္ယန္ အားကစားဒါရိုက္တာ ရူမန္နီဂီက ဒီအပတ္မွာပဲ အယ္ကန္တာရာအတြက္ သင့္ေလ်ာ္မွန္ကန္တဲ့ ေျပာင္းေရႊ႔ေၾကးရဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ထုတ္ေျပာခဲ့တယ္။ သူတို႔က အယ္ကန္တာရာအတြက္ ေပါင္ သန္း ၃၀ ရဖို႔ ေမွ်ာ္လင့္ထားပါတယ္။

လီဗာပူးအသင္းကလည္း ဖာဘင္ညိဳ၊ ကီတာ၊ ဝိုက္နယ္ဒမ္၊ ဟန္ဒါဆန္၊ ခ်ိန္ဘာလိန္၊ မီလ္နာ၊ ကာတစ္ဂ်ံဳးတို႔ ရွိေနတဲ့ ကြင္းလယ္ေနရာကို အားျဖည့္ဖို႔ မစဥ္းစားေသးပါဘူး။ မန္ေနဂ်ာကေလာ့ပ္က အယ္ကန္တာရာကို အထင္ၾကီး ႏွစ္ျခိဳက္ေပမယ့္ လက္ရွိ ေစ်းကြက္ထဲမွာ အသက္ ၂၉ ႏွစ္အရြယ္ ကစားသမားအတြက္ ေပါင္ သန္း ၃၀ သံုးဖို႔ မစဥ္းစားပါဘူး။

ဝိုက္နယ္ဒမ္ရဲ႕ ကိုယ္စားလွယ္က စာခ်ဳပ္သစ္အတြက္ လီဗာပူးဘက္က တံခါးဖြင့္လာမွာကို ေစာင့္ေနတယ္။ ဝိုက္နယ္ဒမ္ရဲ႕ စာခ်ပ္က ေနာက္ဆံုး ၁၂ လထဲကို ဝင္ေရာက္ေနျပီျဖစ္ပါတယ္။ ၂၀၁၆ ခုနွစ္မွာ နယူးကာဆယ္ကေန ေပါင္ ၂၅ သန္းျဖင့္ ေရာက္လာခဲ့တဲ့ ဝိုက္နယ္ဒမ္ကေတာ့ လီဗာပူးအတြက္ပဲ ဆက္လက္ ကစားလိုတယ္။ ဒီေႏြမွာ အျခားအသင္းကို သြားမယ္လို႔လည္း သူက မရည္ရြယ္ပါဘူး။

လီဗာပူးမွာ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္တို႔ကို ေအာင္ျမင္ခဲ့တဲ့ ဝိုက္နယ္ဒမ္က ကေလာ့ပ္ရဲ႕ လက္ရွိ အသင္းမွာပဲ ဆက္ေနလိုျပီး စာခ်ဳပ္ကိစၥကိုပဲ အားလံုး ေစာင့္ေနၾကတာျဖစ္ပါတယ္။