ပရီးမီးယားလိဂ် ကလပ်တွေက ရုပ်သံကုမ္ပဏီတွေကို ငွေကြေး ပြန်သွင်းရခြင်း ကိစ္စအား ရွှေ့ဆိုင်းလိုက်ဖို့ သဘောတူညီခဲ့ကြပြီဖြစ်လို့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် လီဗာပူးအသင်းဟာ စံချိန်တင် ဆုကြေးနဲ့ ရုပ်သံလွှင့်ခကို ပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ ရာသီဝက်တစ်ခုလုံးဟာ ပွဲတွေ ရွှေ့ဆိုင်းရခြင်း၊ စီးပွားရေးတွဲဘက်တွေ ရပ်နားကုန်ခြင်း၊ ကွင်းအတွင်း ပရိသတ်တွေ ဝင်ခွင့် မရခြင်းတို့ကြောင့် ဝင်ငွေပိုင်းမှာ အကြီးအကျယ် ထိခိုက်ခဲ့ကြတာပါ။ ဒါပေမယ့်လို့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ဝင်ငွေ ရလမ်းတစ်ခုဖြစ်တဲ့ ရုပ်သံလွှင့်ကြေးကိုတော့ ပုံမှန်အတိုင်း ပေးကြဖို့ကိုပဲ သဘောတူညီခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေက ရုပ်သံလွှင့်ခ ပြန်သွင်းရတဲ့ ပေါင် သန်း ၃၃၀ ကို တစ်ရာသီတည်း ပြန်ပေးမယ့်အစား လာမယ့်ရာသီတွေမှမှ နှစ်အလိုက် ခွဲဝေပေးဖို့ကို သဘောတူညီခဲ့ကြတာဖြစ်တယ်။ ဒါ့အပြင် သြဂုတ်လကပဲ အင်္ဂလန် EFL ကလပ်တွေအတွက် မတည်ငွေအဖြစ် ပေါင် ၁၂၅ သန်းကို ပရီးမီးယားလိဂ်က ထောက်ပံ့ခဲ့ရပါတယ်။

လီဗာပူးအသင်းဟာ အသင်းရခွင့်ရှိမယ့် ရုပ်သံကြေးနဲ့ ဆုကြေး အပြည့်အဖြစ် ပေါင် ၁၇၅ သန်းထိ ရရှိမှာဖြစ်တယ်။ အကယ်လို့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ဆုကြေးခွဲဝေခြင်းကိစ္စ သဘောတူညီမှု မရကြရင် လီဗာပူးက ပေါင် သန်း ၂၀ လောက်ထိ နစ်နာဖို့ ရှိခဲ့တာဖြစ်တယ်။

ပရီးမီးယားလိဂ်ဘက်ကတော့ တရားဝင် ဆုကြေးတွေကို အတည်မပြုသေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီအတွက်ကတော့ ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်ပြင်ပက ရမယ့် ရုပ်သံလွှင့်ခတွေကို ညီတူမျှတူ ခွဲဝေသွားမှာ မဟုတ်ဘဲ အဆင့်ရပ်တည်ချက်အလိုက် ဆုကြေး ပိုပေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ကလပ္ေတြက ရုပ္သံကုမၸဏီေတြကို ေငြေၾကး ျပန္သြြင္းရျခင္း ကိစၥအား ေရႊ႔ဆိုင္းလိုက္ဖို႔ သေဘာတူညီခဲ့ၾကျပီျဖစ္လို႔ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီအတြက္ လီဗာပူးအသင္းဟာ စံခ်ိန္တင္ ဆုေၾကးနဲ႔ ရုပ္သံလႊင့္ခကို ပိုင္ဆိုင္သြားမွာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ရာသီ ရာသီဝက္တစ္ခုလံုးဟာ ပြဲေတြ ေရႊ႔ဆိုင္းရျခင္း၊ စီးပြားေရးတြဲဘက္ေတြ ရပ္နားကုန္ျခင္း၊ ကြင္းအတြင္း ပရိသတ္ေတြ ဝင္ခြင့္ မရျခင္းတို႔ေၾကာင့္ ဝင္ေငြပိုင္းမွာ အၾကီးအက်ယ္ ထိခိုက္ခဲ့ၾကတာပါ။ ဒါေပမယ့္လို႔ ပရီးမီးယားလိဂ္ ကလပ္ေတြရဲ႕ ဝင္ေငြ ရလမ္းတစ္ခုျဖစ္တဲ့ ရုပ္သံလႊင့္ေၾကးကိုေတာ့ ပံုမွန္အတိုင္း ေပးၾကဖို႔ကိုပဲ သေဘာတူညီခဲ့ၾကပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြက ရုပ္သံလႊင့္ခ ျပန္သြင္းရတဲ့ ေပါင္ သန္း ၃၃၀ ကို တစ္ရာသီတည္း ျပန္ေပးမယ့္အစား လာမယ့္ရာသီေတြမွမွ ႏွစ္အလိုက္ ခြဲေဝေပးဖို႔ကို သေဘာတူညီခဲ့ၾကတာျဖစ္တယ္။ ဒါ့အျပင္ ၾသဂုတ္လကပဲ အဂၤလန္ EFL ကလပ္ေတြအတြက္ မတည္ေငြအျဖစ္ ေပါင္ ၁၂၅ သန္းကို ပရီးမီးယားလိဂ္က ေထာက္ပံ့ခဲ့ရပါတယ္။

လီဗာပူးအသင္းဟာ အသင္းရခြင့္ရွိမယ့္ ရုပ္သံေၾကးနဲ႔ ဆုေၾကး အျပည့္အျဖစ္ ေပါင္ ၁၇၅ သန္းထိ ရရွိမွာျဖစ္တယ္။ အကယ္လို႔ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ဆုေၾကးခြဲေဝျခင္းကိစၥ သေဘာတူညီမႈ မရၾကရင္ လီဗာပူးက ေပါင္ သန္း ၂၀ ေလာက္ထိ နစ္နာဖို႔ ရွိခဲ့တာျဖစ္တယ္။

ပရီးမီးယားလိဂ္ဘက္ကေတာ့ တရားဝင္ ဆုေၾကးေတြကို အတည္မျပဳေသးပါဘူး။ ဒါေပမယ့္ ျပီးခဲ့တဲ့ ရာသီအတြက္ကေတာ့ ပထမဆံုးအၾကိမ္အျဖစ္ အဂၤလန္ျပင္ပက ရမယ့္ ရုပ္သံလႊင့္ခေတြကို ညီတူမွ်တူ ခြဲေဝသြားမွာ မဟုတ္ဘဲ အဆင့္ရပ္တည္ခ်က္အလိုက္ ဆုေၾကး ပိုေပးမႈေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္။