နန့်တက်အသင်း ကွင်းလယ်လူ ချီရီဗီလာက လီဗာပူးဘယ်အစွန်လူသစ် ကိုစတက်ဟာ အသင်းမှာ ဘာလို့ အောင်မြင်နိုင်သလဲ ဆိုတာကို ထုတ်ပြောမှု လုပ်သွားပါတယ်။

လီဗာပူးကနေ Willem II ကို အငှားထွက်ခဲ့စဉ်က ချီရီဗီလာ၊ ကိုစတက်နဲ့ ဝိုက်နယ်ဒမ်ရဲ့ ညီဖြစ်သူတို့ဟာ ကလပ်တစ်သင်းတည်းမှာ အတူ တွဲဘက် ကစားခဲ့ကြတာပါ။ ကိုစတက်ရဲ့ စိတ်ဓါတ်ပိုင်းကို ကောင်းကောင်းသိတဲ့ ချီရီဗီလာကပဲ ဂရိ ကစားသမားအကြောင်း လီဗာပူးပရိသတ်တွေကို ဖောက်သည်ချခဲ့တာဖြစ်တယ်။

ကံမကောင်းစွာပဲ အသင်းဖော်ဟောင်း ကိုစတက် ရောက်လာချိန်မှာပဲ ချီရီဗီလာက အသင်းကနေ ထွက်ခွာသွားခဲ့ပါပြီ။ နန့်တက် အသင်းသားဖြစ်နေတဲ့ ချီရီဗီလာက ကိုစတက်အကြောင်းကို လီဗာပူးဝဘ်ဆိုဒ်ကနေ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

ချီရီဗီလာက ” သူအများကြီး တိုးတက်လာတာကို ကျနော် အမှတ်ရပါတယ်။ ဒီနှစ်ကတော့ သူ့အတွက် အရေးပါတဲ့ နှစ်ပါပဲ။ ကျနေ်ာတို့ တူညီတဲ့ ဘောလုံးရာသီတွေ ပိုင်ဆိုင်ခဲ့တယ်။ အသင်းကြီးတေါကနေ အငှားချခြင်း ခံရပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တယ်။ ကိုစတက်အတွက် သိပ်ကောင်းတဲ့ ခြေလှမ်းပါပဲ။

Willem II မှာ အတူရှိခဲ့စဉ်တည်းက ကျနော် သိပါတယ်။ လီဗာပူးက ကင်းထောက်တွေက Willem II ကို လာရင်းနဲ့ သူတို့ကို ကောင်းကောင်း လေ့လာခဲ့ကြတယ်။ ဘာလို့လည်းဆိုတော့ သူက ထူးချွန်တဲ့ ကစားသမားဖြစ်လို့ပါပဲ။ ပထမအပတ် လေ့ကျင့်ရေးမှာတည်းက သူက ထိပ်တန်းခြေစွမ်းတွေကို ပြသနိုင်ခဲ့တယ်။ အရမ်းကို အရည်အချင်း ရှိသူဖြစ်တယ်။ သူက တိုက်စစ်လိုက်ရတာကို သဘောကျပြီး သိပ်ကောင်းတဲ့ စိတ်ဓါတ်ပိုင်းလည်း ရှိပါတယ်။

သူက အောင်နိုင်သူ တစ်ဦးပါ။ ဘယ်လို တောင်ပံသမားကို ရင်ဆိုင်ရတယ်ဆိုတာကို ဂရုမစိုက်ပါဘူး။ ဘာလို့လည်းဆိုတော့ သူကအကောင်းဆုံး ကြိုးစားမယ့် ကစားသမားဖြစ်ပါတယ်။ သူ့မှာ ကောင်းမွန်တဲ့ စိတ်ဓါတ်ပိုင်းရှိပြီး တိုက်ခိုက်ရေးသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ပွဲပိုခက်လာလေ သူက ပိုအစွမ်းပြလေပါ ” လို့ ပြောပြခဲ့ပါတယ်။

ZAWGYI

နန္႔တက္အသင္း ကြင္းလယ္လူ ခ်ီရီဗီလာက လီဗာပူးဘယ္အစြန္လူသစ္ ကိုစတက္ဟာ အသင္းမွာ ဘာလို႔ ေအာင္ျမင္ႏုိင္သလဲ ဆိုတာကို ထုတ္ေျပာမႈ လုပ္သြားပါတယ္။

လီဗာပူးကေန Willem II ကို အငွားထြက္ခဲ့စဥ္က ခ်ီရီဗီလာ၊ ကိုစတက္နဲ႔ ဝိုက္နယ္ဒမ္ရဲ႕ ညီျဖစ္သူတို႔ဟာ ကလပ္တစ္သင္းတည္းမွာ အတူ တြဲဘက္ ကစားခဲ့ၾကတာပါ။ ကိုစတက္ရဲ႕ စိတ္ဓါတ္ပိုင္းကို ေကာင္းေကာင္းသိတဲ့ ခ်ီရီဗီလာကပဲ ဂရိ ကစားသမားအေၾကာင္း လီဗာပူးပရိသတ္ေတြကို ေဖာက္သည္ခ်ခဲ့တာျဖစ္တယ္။

ကံမေကာင္းစြာပဲ အသင္းေဖာ္ေဟာင္း ကိုစတက္ ေရာက္လာခ်ိန္မွာပဲ ခ်ီရီဗီလာက အသင္းကေန ထြက္ခြာသြားခဲ့ပါျပီ။ နန္႔တက္ အသင္းသားျဖစ္ေနတဲ့ ခ်ီရီဗီလာက ကိုစတက္အေၾကာင္းကို လီဗာပူးဝဘ္ဆိုဒ္ကေန ေျဖဆိုေပးခဲ့တာျဖစ္ပါတယ္။

ခ်ီရီဗီလာက ” သူအမ်ားၾကီး တိုးတက္လာတာကို က်ေနာ္ အမွတ္ရပါတယ္။ ဒီႏွစ္ကေတာ့ သူ႔အတြက္ အေရးပါတဲ့ ႏွစ္ပါပဲ။ က်ေန္ာတို႔ တူညီတဲ့ ေဘာလံုးရာသီေတြ ပိုင္ဆုိင္ခဲ့တယ္။ အသင္းၾကီးေတါကေန အငွားခ်ျခင္း ခံရျပီး စြမ္းေဆာင္ရည္ေကာင္းေတြ ျပသႏုိင္ခဲ့တယ္။ ကိုစတက္အတြက္ သိပ္ေကာင္းတဲ့ ေျခလွမ္းပါပဲ။

Willem II မွာ အတူရွိခဲ့စဥ္တည္းက က်ေနာ္ သိပါတယ္။ လီဗာပူးက ကင္းေထာက္ေတြက Willem II ကို လာရင္းနဲ႔ သူတို႔ကို ေကာင္းေကာင္း ေလ့လာခဲ့ၾကတယ္။ ဘာလို႔လည္းဆိုေတာ့ သူက ထူးခၽြန္တဲ့ ကစားသမားျဖစ္လို႔ပါပဲ။ ပထမအပတ္ ေလ့က်င့္ေရးမွာတည္းက သူက ထိပ္တန္းေျခစြမ္းေတြကို ျပသႏိုင္ခဲ့တယ္။ အရမ္းကို အရည္အခ်င္း ရွိသူျဖစ္တယ္။ သူက တိုက္စစ္လိုက္ရတာကို သေဘာက်ျပီး သိပ္ေကာင္းတဲ့ စိတ္ဓါတ္ပိုင္းလည္း ရွိပါတယ္။

သူက ေအာင္ႏုိင္သူ တစ္ဦးပါ။ ဘယ္လို ေတာင္ပံသမားကို ရင္ဆိုင္ရတယ္ဆိုတာကို ဂရုမစိုက္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ သူကအေကာင္းဆံုး ၾကိဳးစားမယ့္ ကစားသမားျဖစ္ပါတယ္။ သူ႔မွာ ေကာင္းမြန္တဲ့ စိတ္ဓါတ္ပိုင္းရွိျပီး တိုက္ခိုက္ေရးသမား တစ္ဦးလည္း ျဖစ္ပါတယ္။ ပြဲပိုခက္လာေလ သူက ပိုအစြမ္းျပေလပါ ” လို႔ ေျပာျပခဲ့ပါတယ္။