လီဗာပူးအသင်းကို ကိုစတက် ပြောင်းရွှေ့နိုင်ခြင်းအတွက် အိုလံပီယာကိုစ့်အသင်းက ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသလို ဂရိဘောလုံးအသိုင်းအဝိုင်းကလည်း အတော်လေး ကျေနပ်အားရခဲ့ကြတယ်လို့ သိရပါတယ်။

ဂရိဟာ လီဗာပူးအမာခံ ပရိသတ်တွေ အခိုင်အမာရှိထားတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ လီဗာပူးအသင်း ဝဘ်ဆိုဒ်မှာဆိုရင် ဂရိအမာခံ ပရိသတ်နဲ့ တွေ့ဆုံ အင်တာဗျူးကို ၂၀၁၃ ခုနှစ်က ထုတ်ပြန်ပေးထားခဲ့ဖူးပါတယ်။ ထိုနည်းတူပဲ နာမည်ကျော် လီဗာပူးဖန်းဆိုဒ်ဖြစ်တဲ့ This is Anfield ကလည်း ကိုစတက် လီဗာပူးရောက်တဲ့ အခြေအနေအတွက် ဂရိဒေသခံ ပရိသတ်တွေနဲ့ မေးမြန်းမှု လုပ်ခဲ့ပြီးေ အာက်ပါအတိုင်း ပြန်ဖြေဆိုခဲ့ကြပါတယ်။

ဂရိသတင်းဌာနတွေကတော့ လီဗာပူးကို ကိုစတက် ပြောင်းရွှေ့သွားမှုကို သတင်းကြီးအဖြစ် ဖော်ပြခဲ့ကြပြီး ဂရိဘောလုံးလောကအတွက် စိတ်လှုပ်ရှားစရာ သတင်းအဖြစ်လည်း တင်စားခဲ့ကြတယ်။ အတိတ်မှာ ပရီးမီးယားလိဂ်ကို ဂရိကစားသမားတွေ ရောက်ခဲ့သေးပေမယ့် အခုလို အလားအလာကောင်းတဲ့ လူငယ်တစ်ဦးက ချန်ပီယံဆုတွေကို စိန်ခေါ်မယ့် အသင်းတစ်သင်းကို ရောက်တာကတော့ ပထမဆုံး ဖြစ်တယ်လို့ ဆိုကြပါတယ်။

ကိုစတက်ရဲ့ အပြောင်းအရွှေ့က ဂရိအတွက် ဘယ်လို သက်ရောက်သလဲ

ဂရိဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး အပြောင်းအရွှေ့လိုတောင် ပြောလို့ရပါတယ်။ ဂရိနဲ့ ဆိုက်ပရက်စ်က လူတွေက ဒီအပြောင်းအရွှေ့အတွက် အရူးအမူးဖြစ်နေကြတယ်။ ဒီအကြောင်းပဲ လူတိုင်းက ပြောနေကြပြီး မီဒီယာတွေမှာလည်း ဒီသတင်းတွေပဲ ဖော်ပြနေကြတယ်။

ဂရိကစားသမားတစ်ယောက်က အခုလို ကြီးကျယ်တဲ့ ကလပ်အသင်းကို ပြောင်းရွှေ့နိုင်တာက ကြီးစွာသော ဂုဏ်ယူစရာ ကိစ္စလည်းဖြစ်ပါတယ်။ နောက်ပြီး လီဗာပူးကလပ်က ဂရိမှာ ပရိသတ် အခိုင်အမာ ရထားပြီး အားပေးမှုအခံရဆုံး အသင်းလည်းဖြစ်တယ်။

ကိုစတက်က တောက်ပတဲ့ လူငယ်တစ်ဦးအဖြစ် လီဗာပူးကို ပြောင်းခဲ့ခြင်းဖြစ်တယ်။ ပြောရမယ်ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံ၊ ဥရောပချန်ပီယံအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ ဒီကနေ့တွေမှာ ဂရိကစားသမားတစ်ဦးကို ဒီလောက်များတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခြင်းတွေ မရှိသလောက်ပါပဲ။ ဒါကြောင့်ပဲ ဒီအပြောင်းအရွှေ့ကို ဂရိက လူတွေက အရမ်းကို အားရကျေနပ်နေတာပါ။

ZAWGYI

လီဗာပူးအသင္းကို ကိုစတက္ ေျပာင္းေရႊ႔ႏုိင္ျခင္းအတြက္ အိုလံပီယာကိုစ့္အသင္းက ဝမ္းေျမာက္ဝမ္းသာ ျဖစ္ရသလို ဂရိေဘာလံုးအသိုင္းအဝိုင္းကလည္း အေတာ္ေလး ေက်နပ္အားရခဲ့ၾကတယ္လို႔ သိရပါတယ္။

ဂရိဟာ လီဗာပူးအမာခံ ပရိသတ္ေတြ အခိုင္အမာရွိထားတဲ့ ႏုိင္ငံတစ္ခုျဖစ္တယ္။ လီဗာပူးအသင္း ဝဘ္ဆုိဒ္မွာဆိုရင္ ဂရိအမာခံ ပရိသတ္နဲ႔ ေတြ႔ဆံု အင္တာဗ်ဴးကို ၂၀၁၃ ခုႏွစ္က ထုတ္ျပန္ေပးထားခဲ့ဖူးပါတယ္။ ထိုနည္းတူပဲ နာမည္ေက်ာ္ လီဗာပူးဖန္းဆိုဒ္ျဖစ္တဲ့ This is Anfield ကလည္း ကိုစတက္ လီဗာပူးေရာက္တဲ့ အေျခအေနအတြက္ ဂရိေဒသခံ ပရိသတ္ေတြနဲ႔ ေမးျမန္းမႈ လုပ္ခဲ့ျပီးေ အာက္ပါအတိုင္း ျပန္ေျဖဆိုခဲ့ၾကပါတယ္။

ဂရိသတင္းဌာနေတြကေတာ့ လီဗာပူးကို ကိုစတက္ ေျပာင္းေရႊ႔သြားမႈကို သတင္းၾကီးအျဖစ္ ေဖာ္ျပခဲ့ၾကျပီး ဂရိေဘာလံုးေလာကအတြက္ စိတ္လႈပ္ရွားစရာ သတင္းအျဖစ္လည္း တင္စားခဲ့ၾကတယ္။ အတိတ္မွာ ပရီးမီးယားလိဂ္ကို ဂရိကစားသမားေတြ ေရာက္ခဲ့ေသးေပမယ့္ အခုလို အလားအလာေကာင္းတဲ့ လူငယ္တစ္ဦးက ခ်န္ပီယံဆုေတြကို စိန္ေခၚမယ့္ အသင္းတစ္သင္းကို ေရာက္တာကေတာ့ ပထမဆံုး ျဖစ္တယ္လို႔ ဆုိၾကပါတယ္။

ကိုစတက္ရဲ႕ အေျပာင္းအေရႊ႔က ဂရိအတြက္ ဘယ္လို သက္ေရာက္သလဲ

ဂရိေဘာလံုးေလာကရဲ႕ အၾကီးက်ယ္ဆံုး အေျပာင္းအေရႊ႔လိုေတာင္ ေျပာလို႔ရပါတယ္။ ဂရိနဲ႔ ဆိုက္ပရက္စ္က လူေတြက ဒီအေျပာင္းအေရႊ႔အတြက္ အရူးအမူးျဖစ္ေနၾကတယ္။ ဒီအေၾကာင္းပဲ လူတိုင္းက ေျပာေနၾကျပီး မီဒီယာေတြမွာလည္း ဒီသတင္းေတြပဲ ေဖာ္ျပေနၾကတယ္။

ဂရိကစားသမားတစ္ေယာက္က အခုလို ၾကီးက်ယ္တဲ့ ကလပ္အသင္းကို ေျပာင္းေရႊ႔ႏုိင္တာက ၾကီးစြာေသာ ဂုဏ္ယူစရာ ကိစၥလည္းျဖစ္ပါတယ္။ ေနာက္ျပီး လီဗာပူးကလပ္က ဂရိမွာ ပရိသတ္ အခိုင္အမာ ရထားျပီး အားေပးမႈအခံရဆံုး အသင္းလည္းျဖစ္တယ္။

ကိုစတက္က ေတာက္ပတဲ့ လူငယ္တစ္ဦးအျဖစ္ လီဗာပူးကို ေျပာင္းခဲ့ျခင္းျဖစ္တယ္။ ေျပာရမယ္ဆိုရင္ ပရီးမီးယားလိဂ္ ခ်န္ပီယံ၊ ဥေရာပခ်န္ပီယံအသင္းကို ေျပာင္းေရႊ႔ခဲ့တာပါ။ ဒီကေန႔ေတြမွာ ဂရိကစားသမားတစ္ဦးကို ဒီေလာက္မ်ားတဲ့ ေျပာင္းေရႊ႔ေၾကးျဖင့္ ေခၚယူျခင္းေတြ မရွိသေလာက္ပါပဲ။ ဒါေၾကာင့္ပဲ ဒီအေျပာင္းအေရႊ႔ကို ဂရိက လူေတြက အရမ္းကို အားရေက်နပ္ေနတာပါ။