ဝတ်ဖိုဒ့်ကတော့ ၎င်းတို့ရဲ့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားတဲ့ ဆာကို ဒီနွေမှာ ခေါ်ယူမယ့် ကလပ်တွေကနေ ပေါင် သန်း ၄၀ ထိ တောင်းဆိုသွားတော့မှာ ဖြစ်ပါတယ်။

စပိန်၊ ဂျာမနီ ကလပ်တွေက စောင့်ကြည့်မှုတွေ ရှိလာတဲ့ ဆာကို လက်ဦးမှု ယူနိုင်ဖို့ကို ပဲလေစ့်နဲ့ ဝုဗ်က ကြိုးစားလိုနေတာပါ။ မနှစ်ကမှ ကလပ်စံချိန်တင်ကြေး ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူထားတဲ့ ဆာကို ဝတ်ဖိုဒ့်ကလည်း လက်လွတ်မခံလိုပါဘူး။ ဆာကို ရောင်းချရမယ် ဆိုရင်တောင် ၂၀၁၈ ခုနှစ်မှာ ရစ်ချာလီဆန်ကို အဲဗာတန်ထံ ရောင်းချခဲ့တဲ့ ကလပ် စံချိန်တင်ကြေး ပေါင် သန်း ၄၀ မျိုးရမှ အသင်းပြောင်းခွင့် ပြုမှာဖြစ်တယ်။

ဒီနွေမှာ လီဗာပူးအသင်းဟာ ကစားသမား ရောင်းချမှုတွေအပေါ် မူတည်ပြီး ကစားသမားသစ်တွေ အင်အားဖြည့်ဖို့ စီစဉ်ထားတာပါ။ ကိုစတက်ရဲ့ အပြောင်းအရွှေကို အပြီးသတ်ထားတဲ့ လီဗာပူးက ဝဲလ်ဆန်၊ ဂရုဂျစ်၊ ရှာကွီရီတို့ကို ရောင်းထုတ်မယ့် လုပ်ငန်းစဉ်တွေကို စတင်လာခဲ့တယ်။ သူတို့ကို ရောင်းထုတ်ပြီးရင်တော့ တိုက်စစ်ပိုင်း တစ်ဦး ခေါ်ယူသွားမယ့် အရိပ်အယောင် ပြသလာခဲ့ပါတယ်။

လီဗာပူးရဲ့ နောက်ထပ် ခေါ်ယူမှုတွေဟာ ကွင်းလယ်ပိုင်းထက်စာရင် ဗဟိုခံစစ်နဲ့ တိုက်စစ်သမား တစ်ဦးဖြစ်လာမယ်လို့ The Athletic က ဖော်ပြလာခဲ့တာဖြစ်တယ်။

ကိုဗစ် ၁၉ ကြောင့် ကလပ်တွေရဲ့ ရပ်တည်ချက် ခက်ခဲမှာဖြစ်လို့ တန်းဆင်းသွားတဲ့ ကလပ်တွေက ကစားသမား ရောင်းထုတ်မှု အနည်းငယ်စီ လုပ်ဖို့ ရှိနေတာဖြစ်တယ်။ ဝတ်ဖိုဒ့်ကတော့ သူတို့နဲ့ စာချုပ် ၄ နှစ် ကျန်ရှိနေတဲ့ ဆာကို ရောင်းထုတ်ရဖို့ များနေပေမယ့်လည်း ပြောင်းရွှေ့ကြေးကိုတော့ ချပေးမှာ မဟုတ်ပါဘူး။

ဝတ်ဖိုဒ့် အသင်းပိုင်ရှင် Gino Pozzo က အပြောင်းအရွှေ့မှာ ညိနှိုင်းရခက်တဲ့သူတစ်ဦးဖြစ်ပြီး ဝါနာကို ပေါင်း သန်း ၅၀ နဲ့ ခေါ်ယူခွင့်ကို လက်လွတ်ထားတဲ့ လီဗာပူးက ဆာကို အလိုရှိရင်တောင် ပေါင် သန်း ၄၀ ဖြင့်တော့ ဝင်ကမ်းလှမ်းဖွယ် မရှိဘူးလို့ ယူဆရပါတယ်။

ZAWGYI

ဝတ္ဖိုဒ့္ကေတာ့ ၄င္းတို႔ရဲ႕ ကလပ္ စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးျဖင့္ ေခၚယူထားတဲ့ ဆာကို ဒီေႏြမွာ ေခၚယူမယ့္ ကလပ္ေတြကေန ေပါင္ သန္း ၄၀ ထိ ေတာင္းဆိုသြားေတာ့မွာ ျဖစ္ပါတယ္။

စပိန္၊ ဂ်ာမနီ ကလပ္ေတြက ေစာင့္ၾကည့္မႈေတြ ရွိလာတဲ့ ဆာကို လက္ဦးမႈ ယူႏုိင္ဖို႔ကို ပဲေလစ့္နဲ႔ ဝုဗ္က ၾကိဳးစားလိုေနတာပါ။ မႏွစ္ကမွ ကလပ္စံခိ်န္တင္ေၾကး ေပါင္ သန္း ၃၀ ျဖင့္ ေခၚယူထားတဲ့ ဆာကို ဝတ္ဖိုဒ့္ကလည္း လက္လြတ္မခံလိုပါဘူး။ ဆာကို ေရာင္းခ်ရမယ္ ဆိုရင္ေတာင္ ၂၀၁၈ ခုႏွစ္မွာ ရစ္ခ်ာလီဆန္ကို အဲဗာတန္ထံ ေရာင္းခ်ခဲ့တဲ့ ကလပ္ စံခ်ိန္တင္ေၾကး ေပါင္ သန္း ၄၀ မ်ိဳးရမွ အသင္းေျပာင္းခြင့္ ျပဳမွာျဖစ္တယ္။

ဒီေႏြမွာ လီဗာပူးအသင္းဟာ ကစားသမား ေရာင္းခ်မႈေတြအေပၚ မူတည္ျပီး ကစားသမားသစ္ေတြ အင္အားျဖည့္ဖို႔ စီစဥ္ထားတာပါ။ ကိုစတက္ရဲ႕ အေျပာင္းအေရႊကို အျပီးသတ္ထားတဲ့ လီဗာပူးက ဝဲလ္ဆန္၊ ဂရုဂ်စ္၊ ရွာကီြရီတို႔ကို ေရာင္းထုတ္မယ့္ လုပ္ငန္းစဥ္ေတြကို စတင္လာခဲ့တယ္။ သူတို႔ကို ေရာင္းထုတ္ျပီးရင္ေတာ့ တိုက္စစ္ပိုင္း တစ္ဦး ေခၚယူသြားမယ့္ အရိပ္အေယာင္ ျပသလာခဲ့ပါတယ္။

လီဗာပူးရဲ႕ ေနာက္ထပ္ ေခၚယူမႈေတြဟာ ကြင္းလယ္ပိုင္းထက္စာရင္ ဗဟိုခံစစ္နဲ႔ တိုက္စစ္သမား တစ္ဦးျဖစ္လာမယ္လို႔ The Athletic က ေဖာ္ျပလာခဲ့တာျဖစ္တယ္။

ကိုဗစ္ ၁၉ ေၾကာင့္ ကလပ္ေတြရဲ႕ ရပ္တည္ခ်က္ ခက္ခဲမွာျဖစ္လို႔ တန္းဆင္းသြားတဲ့ ကလပ္ေတြက ကစားသမား ေရာင္းထုတ္မႈ အနည္းငယ္စီ လုပ္ဖို႔ ရွိေနတာျဖစ္တယ္။ ဝတ္ဖိုဒ့္ကေတာ့ သူတို႔နဲ႔ စာခ်ဳပ္ ၄ ႏွစ္ က်န္ရွိေနတဲ့ ဆာကို ေရာင္းထုတ္ရဖို႔ မ်ားေနေပမယ့္လည္း ေျပာင္းေရႊ႔ေၾကးကိုေတာ့ ခ်ေပးမွာ မဟုတ္ပါဘူး။

ဝတ္ဖိုဒ့္ အသင္းပိုင္ရွင္ Gino Pozzo က အေျပာင္းအေရႊ႔မွာ ညိႏိႈင္းရခက္တဲ့သူတစ္ဦးျဖစ္ျပီး ဝါနာကို ေပါင္း သန္း ၅၀ နဲ႔ ေခၚယူခြင့္ကို လက္လြတ္ထားတဲ့ လီဗာပူးက ဆာကို အလိုရွိရင္ေတာင္ ေပါင္ သန္း ၄၀ ျဖင့့္ေတာ့ ဝင္ကမ္းလွမ္းဖြယ္ မရွိဘူးလို႔ ယူဆရပါတယ္။