၂၀၂၀-၂၀၂၁ ဘောလုံးရာသီစ ပထမဆုံးပွဲအဖြစ် သြဂုတ်လ ၂၉ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ကွန်မြူနတီဒိုင်း ပြိုင်ပွဲနဲ့ ပက်သက်ပြီး အင်္ဂလန်အက်ဖ်အေက ဆုံးဖြတ်ချက် ပြောင်းလဲသွားဖွယ်ရှိတယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

အစောတုန်းက အဆိုပါပွဲမှာ ဗြိတိန်အာဏာပိုင်တွေက နှစ်သင်းပရိသတ်ပေါင်း ၂၂၅၀၀ ကို ဝင်ခွင့်ပေးဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့်လို့ အဆိုပါ အစီအစဉ်က ကိုဗစ် နောက်ထပ်လှိုင်းတွေ ဖြစ်ပေါ်မယ့် အန္တရာယ်နဲ့အတူ ထိခိုက်မှုတွေ ဖြစ်စေမယ့် အရေးကိစ္စ ပိုမို များပြားနိုင်တာကြောင့် ပြန်လည် ရုတ်သိမ်းသွားဖွယ် ရှိနေပါတယ်။

အသေးစိတ် ကိစ္စတွေကိုတော့ ဗြိတိန်အစိုးရက ညွှန်ကြားချက်တွေ ထုတ်ပေးမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်မှုကို အခြေခံပြီး အက်ဖ်အေဘက်က သတင်းထုတ်ပြန် ပေးမှာဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းကို အနိုင်ရတဲ့ အသင်းကလည်း ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခွင့် မရဘူးဆိုတဲ့ အချက်ကိုပါ တားမြစ်ဖွယ်ရှိတယ်။

အင်္ဂလန်ဘောလုံးလောကမှာ အဆင့်မြင့်တန်း အမှတ်ပေးချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံတို့ကို ရာသီအဖွင့်မှာ ပထမဆုံး တွေ့ဆုံစေမှုအဖြစ် ကွန်မြူနတီဒိုင်းကို ယှဉ်ပြိုင်စေတာပါ။ ဒီရာသီမှာတော့ ကိုဗစ်ကပ်ဘေး နောက်ဆက်တွဲအဖြစ် ပရိသတ် ဝင်ခွင့်ပေးမှုကို စမ်းသပ်ဖို့ ရည်ရွယ်ထားခဲ့ကြပါတယ်။

ကိုရိုနာကပ်ဘေးဟာ နှစ်သင်းလုံးရဲ့ ပွဲစဉ်ဇယားကို ကျပ်တည်းစေမှာဖြစ်လို့ ယာဂင်ကလော့ပ်နဲ့ အာတီတာတို့ဟာ ရာသီအဖွင့်ပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲကို စီနီယာတွေ အနားပေးပြီး အရန်နဲ့ လူငယ် ကစားသမားတွေကိုပဲ အဓိက ထုတ်သုံးကြဖွယ် ရှိတယ်လို့လည်း သိထားရတာ ဖြစ်ပါတယ်။

ZAWGYI

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီစ ပထမဆံုးပြဲအျဖစ္ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားရမယ့္ ကြန္ျမဴနတီဒိုင္း ျပိဳင္ပြဲနဲ႔ ပက္သက္ျပီး အဂၤလန္အက္ဖ္ေအက ဆံုးျဖတ္ခ်က္ ေျပာင္းလဲသြားဖြယ္ရွိတယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။

အေစာတုန္းက အဆိုပါပြဲမွာ ျဗိတိန္အာဏာပိုင္ေတြက ႏွစ္သင္းပရိသတ္ေပါင္း ၂၂၅၀၀ ကို ဝင္ခြင့္ေပးဖို႔ စီစဥ္ထားတာပါ။ ဒါေပမယ့္လို႔ အဆိုပါ အစီအစဥ္က ကိုဗစ္ ေနာက္ထပ္လိႈင္းေတြ ျဖစ္ေပၚမယ့္ အႏၱရာယ္နဲ႔အတူ ထိခိုက္မႈေတြ ျဖစ္ေစမယ့္ အေရးကိစၥ ပိုမို မ်ားျပားႏုိင္တာေၾကာင့္ ျပန္လည္ ရုတ္သိမ္းသြားဖြယ္ ရွိေနပါတယ္။

အေသးစိတ္ ကိစၥေတြကိုေတာ့ ျဗိတိန္အစိုးရက ညႊန္ၾကားခ်က္ေတြ ထုတ္ေပးမယ့္ ၾသဂုတ္လ ၁၅ ရက္ေန႔မွာ သတင္းထုတ္ျပန္မႈကို အေျခခံျပီး အက္ဖ္ေအဘက္က သတင္းထုတ္ျပန္ ေပးမွာျဖစ္ပါတယ္။ ကြန္ျမဴနတီဒိုင္းကို အႏုိင္ရတဲ့ အသင္းကလည္း ပရိသတ္ေတြနဲ႔အတူ ေအာင္ပြဲခံခြင့္ မရဘူးဆိုတဲ့ အခ်က္ကိုပါ တားျမစ္ဖြယ္ရွိတယ္။

အဂၤလန္ေဘာလံုးေလာကမွာ အဆင့္ျမင့္တန္း အမွတ္ေပးခ်န္ပီယံနဲ႔ အက္ဖ္ေအဖလား ခ်န္ပီယံတို႔ကို ရာသီအဖြင့္မွာ ပထမဆံုး ေတြ႔ဆံုေစမႈအျဖစ္ ကြန္ျမဴနတီဒိုင္းကို ယွဥ္ျပိဳင္ေစတာပါ။ ဒီရာသီမွာေတာ့ ကိုဗစ္ကပ္ေဘး ေနာက္ဆက္တြဲအျဖစ္ ပရိသတ္ ဝင္ခြင့္ေပးမႈကို စမ္းသပ္ဖို႔ ရည္ရြယ္ထားခဲ့ၾကပါတယ္။

ကိုရိုနာကပ္ေဘးဟာ ႏွစ္သင္းလံုးရဲ႕ ပြဲစဥ္ဇယားကို က်ပ္တည္းေစမွာျဖစ္လို႔ ယာဂင္ကေလာ့ပ္နဲ႔ အာတီတာတို႔ဟာ ရာသီအဖြင့္ပြဲျဖစ္တဲ့ ကြန္ျမဴနတီဒိုင္းပြဲကို စီနီယာေတြ အနားေပးျပီး အရန္နဲ႔ လူငယ္ ကစားသမားေတြကိုပဲ အဓိက ထုတ္သံုးၾကဖြယ္ ရွိတယ္လို႔လည္း သိထားရတာ ျဖစ္ပါတယ္။