ချန်ပီယံရှစ်ကလပ် နော်ဝစ်စီးတီးအသင်းက ဂျမယ်လူးဝစ် ကိစ္စမှာ လီဗာပူးရဲ့ လုပ်ဆောင်ချက်ကို ဒေါသထွက်နေပြီး သူတို့ကို မလေစားခြင်းလို့ ခံစားနေရကြောင်း နော်ဝစ်သတင်းထောက် Paddy Davitt က နော်ဝစ်၊ လီဗာပူးနဲ့ ဂျမယ် လူးဝစ်တို့ကိစ္စ ဘယ်လိုဖြစ်ခဲ့သလဲ ဆိုတဲ့ The inside story မှာ ဖော်ပြသွားပါတယ်။

ဂျမယ် လူးဝသ်ဟာ လီဗာပူးကို ပြောင်းခွင့်က အိပ်မက်လို အပြောင်းအရွှေ့ကိစ္စလို့ ယုံကြည်တာကြောင့် ကိစ္စတွေမှာ ပါဝင်ဖို့ အားလပ်ရက်ကိုတောင် ရက်တိုနဲ့တင် ဖျက်သိမ်းထားခဲ့ပါတယ်။ သူက နော်ဝစ်ရဲ့ ချန်ပီယံရှစ် ခရီးစဉ် မတိုင်ခင်မှာ လီဗာပူးနဲ့ အပြောင်းအရွှေ့ ကိစ္စ အပြီးသတ်ဖို့ကို အလိုရှိခဲ့တာပါ။

အရင်အပတ် ဗုဒ္ဓဟူးနေ့ည ဗြိတိန်စံတော်ချိန် ၉း၃၀ မှာ လီဗာပူးဘက်က နော်ဝစ် အားကစားဒါရိုက်တာ ဝဘ်ဘာထံကို လူးဝစ်အတွက် ကမ်းလှမ်းမှုကို ပေးပို့ခဲ့တယ်။ ချက်ခြင်းမှာပဲ ဝဘ်ဘာက ငြင်းဆန်ကြောင်း စာပြန်ခဲ့တယ်။ သူတို့က မန်စီးတီးက ဘုန်းမောက်ရဲ့ အကီကို ကမ်းလှမ်းသလိုပဲ စွမ်းဆောင်ရည်အလိုက် ထပ်တိုးကြေးနဲ့အတူ ပိုကောင်းတဲ့ ကမ်းလှမ်းမှုတစ်ခု လီဗာပူးဘက်က လုပ်ပေးမယ်လို့ ယုံကြည်ခဲ့တယ်။

ဒါကြောင့်လည်း နောက်တစ်ရက်မှာတော့ မီဒီယာတွေကနေ လီဗာပူးရဲ့ ကမ်းလှမ်းမှု ရတဲ့အကြောင်းကို ကြေညာပေးခဲ့ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးက သူတို့ မျှော်လင့်သလို ကမ်းလှမ်းမှုကို ထပ်မလုပ်ဘဲ ဂရိကစားသမား ကိုစတက်ကို ရက်ပိုင်းအတွင်းမှာပဲ ဆက်လက် ကမ်းလှမ်းမှု လုပ်သွားခဲ့တယ်။

၂၄ နာရီအတွင်းမှာပဲ အပြောင်းအရွှေ့ ကိစ္စတွေက သဘောတူညီမှု ရတဲ့ အခြေအနေထိ ရောက်သွားခဲ့ပါတယ်။ နော်ဝစ်ဘက်ကတော့ ဝဘ်ဘာနဲ့ ၎င်းတို့အသင်း အကြီးအကဲတစ်ဦးဖြစ်သူ ဇိုးဝတ်တို့က လီဗာပူးမှာ အလုပ်လုပ်ခဲ့ဖူးတာကြောင့် ကောင်းမွန်တဲ့ ဆက်ဆံရေးအရ လူးဝစ်နဲ့ ပက်သက်ပြီး သဘောတူညီမှုရမယ်လို့ ထင်မြင်ခဲ့ကြတာပါ။

လီဗာပူးဘက်က တစ်ကြိမ်တည်းပဲ ကမ်းလှမ်းခဲ့ပြီး ကိုစတက်ဘက်ကို လှည့်သွားခဲ့တာက သူတို့ကို လေးစားမှု မရှိတာလို့ နော်ဝစ်ဘက်က ယုံကြည်နေတယ်။ ဒီအပြောင်းအရွှေ့ ပျက်ခဲ့ခြင်းကြောင့် လူးဝစ်ဘက်ကလည်း စိတ်ပျက်နေမှာဖြစ်ပြီး ဒါက နော်ဝစ်နဲ့ လူးဝစ်ကြားမှာ ဆက်ဆံရေးကို ထိခိုက်စေမယ်လို့ ချန်ပီယံရှစ်ကလပ်က ယူဆနေပါတယ်။

လူးဝစ်က အမြင့်ဆုံးအဆင့်မှာ သူကစားနိုင်တယ်ဆိုတာ သက်သေပြလိုပေမယ့် နော်ဝစ်ရဲ့ ခပ်မြန်မြန် ငြင်းဆန်မှုက သူ့ရဲ့ မျှော်လင့်ချက်ကို ပျက်ဆီးစေခဲ့တာဖြစ်ပြီး လီဗာပူးက ဘယ်အစွန်လူသစ်အဖြစ် ကိုစတက်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံရွစ္ကလပ္ ေနာ္ဝစ္စီးတီးအသင္းက ဂ်မယ္လူးဝစ္ ကိစၥမွာ လီဗာပူးရဲ႕ လုပ္ေဆာင္ခ်က္ကို ေဒါသထြက္ေနျပီး သူတို႔ကို မေလစားျခင္းလို႔ ခံစားေနရေၾကာင္း ေနာ္ဝစ္သတင္းေထာက္ Paddy Davitt က ေနာ္ဝစ္၊ လီဗာပူးနဲ႔ ဂ်မယ္ လူးဝစ္တို႔ကိစၥ ဘယ္လိုျဖစ္ခဲ့သလဲ ဆိုတဲ့ The inside story မွာ ေဖာ္ျပသြားပါတယ္။

ဂ်မယ္ လူးဝသ္ဟာ လီဗာပူးကို ေျပာင္းခြင့္က အိပ္မက္လို အေျပာင္းအေရႊ႔ကိစၥလို႔ ယံုၾကည္တာေၾကာင့္ ကိစၥေတြမွာ ပါဝင္ဖို႔ အားလပ္ရက္ကိုေတာင္ ရက္တိုနဲ႔တင္ ဖ်က္သိမ္းထားခဲ့ပါတယ္။ သူက ေနာ္ဝစ္ရဲ႕ ခ်န္ပီယံရွစ္ ခရီးစဥ္ မတိုင္ခင္မွာ လီဗာပူးနဲ႔ အေျပာင္းအေရႊ႔ ကိစၥ အျပီးသတ္ဖို႔ကို အလိုရွိခဲ့တာပါ။

အရင္အပတ္ ဗုဒၶဟူးေန႔ည ျဗိတိန္စံေတာ္ခ်ိန္ ၉း၃၀ မွာ လီဗာပူးဘက္က ေနာ္ဝစ္ အားကစားဒါရိုက္တာ ဝဘ္ဘာထံကို လူးဝစ္အတြက္ ကမ္းလွမ္းမႈကို ေပးပို႔ခဲ့တယ္။ ခ်က္ျခင္းမွာပဲ ဝဘ္ဘာက ျငင္းဆန္ေၾကာင္း စာျပန္ခဲ့တယ္။ သူတို႔က မန္စီးတီးက ဘုန္းေမာက္ရဲ႕ အကီကို ကမ္းလွမ္းသလိုပဲ စြမ္းေဆာင္ရည္အလိုက္ ထပ္တိုးေၾကးနဲ႔အတူ ပိုေကာင္းတဲ့ ကမ္းလွမ္းမႈတစ္ခု လီဗာပူးဘက္က လုပ္ေပးမယ္လို႔ ယံုၾကည္ခဲ့တယ္။

ဒါေၾကာင့္လည္း ေနာက္တစ္ရက္မွာေတာ့ မီဒီယာေတြကေန လီဗာပူးရဲ႕ ကမ္းလွမ္းမႈ ရတဲ့အေၾကာင္းကို ေၾကညာေပးခဲ့ပါတယ္။ ဒါေပမယ့္လို႔ လီဗာပူးက သူတို႔ ေမွ်ာ္လင့္သလို ကမ္းလွမ္းမႈကို ထပ္မလုပ္ဘဲ ဂရိကစားသမား ကုိစတက္ကို ရက္ပိုင္းအတြင္းမွာပဲ ဆက္လက္ ကမ္းလွမ္းမႈ လုပ္သြားခဲ့တယ္။

၂၄ နာရီအတြင္းမွာပဲ အေျပာင္းအေရႊ႔ ကိစၥေတြက သေဘာတူညီမႈ ရတဲ့ အေျခအေနထိ ေရာက္သြားခဲ့ပါတယ္။ ေနာ္ဝစ္ဘက္ကေတာ့ ဝဘ္ဘာနဲ႔ ၄င္းတို႔အသင္း အၾကီးအကဲတစ္ဦးျဖစ္သူ ဇိုးဝတ္တို႔က လီဗာပူးမွာ အလုပ္လုပ္ခဲ့ဖူးတာေၾကာင့္ ေကာင္းမြန္တဲ့ ဆက္ဆံေရးအရ လူးဝစ္နဲ႔ ပက္သက္ျပီး သေဘာတူညီမႈရမယ္လို႔ ထင္ျမင္ခဲ့ၾကတာပါ။

လီဗာပူးဘက္က တစ္ၾကိမ္တည္းပဲ ကမ္းလွမ္းခဲ့ျပီး ကိုစတက္ဘက္ကို လွည့္သြားခဲ့တာက သူတို႔ကို ေလးစားမႈ မရွိတာလို႔ ေနာ္ဝစ္ဘက္က ယံုၾကည္ေနတယ္။ ဒီအေျပာင္းအေရႊ႔ ပ်က္ခဲ့ျခင္းေၾကာင့္ လူးဝစ္ဘက္ကလည္း စိတ္ပ်က္ေနမွာျဖစ္ျပီး ဒါက ေနာ္ဝစ္နဲ႔ လူးဝစ္ၾကားမွာ ဆက္ဆံေရးကို ထိခုိက္ေစမယ္လို႔ ခ်န္ပီယံရွစ္ကလပ္က ယူဆေနပါတယ္။

လူးဝစ္က အျမင့္ဆံုးအဆင့္မွာ သူကစားႏုိင္တယ္ဆိုတာ သက္ေသျပလိုေပမယ့္ ေနာ္ဝစ္ရဲ႕ ခပ္ျမန္ျမန္ ျငင္းဆန္မႈက သူ႔ရဲ႕ ေမွ်ာ္လင့္ခ်က္ကို ပ်က္ဆီးေစခဲ့တာျဖစ္ျပီး လီဗာပူးက ဘယ္အစြန္လူသစ္အျဖစ္ ကိုစတက္ကို အျပီးသတ္ ေခၚယူႏုိင္ခဲ့ျပီျဖစ္ပါတယ္။