လီဗာပူးခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ဟာ ရာသီကြို လေ့ကျင့်ရေးအဖြစ် ပြင်သစ်က Evian ကိုသွားမယ့် ခရီးစဉ်အတွက် လီဗာပူးနဲ့ ပူးပေါင်းမှု မလုပ်ခင်မှာပဲ ဆွစ်ဇလန်မှာ တစ်ဦးတည်း လေ့ကျင့်ရေး လုပ်နေပါတယ်။

ဗန်ဒိုက်က ဆွစ်ဇလန်က ဆဉ္စမတန်းလိဂ်က FC Perly-Certoux ဆိုတဲ့ ကလပ်ရဲ့ ကွင်းမှာ လေ့ကျင့်ရေး ဆင်းနေခဲ့တာပါ။ ဒါကိုတေ့ အဆိုပါကလပ်ကပဲ FC Perly-Certoux အသင်းရဲ့ နောက်ထပ် လက်မှတ်ထိုမှု ဖြစ်လာမယ့်သူလားဆိုပြီး ဗန်ဒိုက် လေ့ကျင့်ရေး ဆင်းနေတဲ့ ဗီဒီယိုကို လူမှုကွန်ယက်မှာ အရွှန်းဖောက်ပြီး တင်ခဲ့တာဖြစ်တယ်။

ဆွစ်ဇလန် အားကစားသတင်းဌာနတွေကလည်း FC Perly-Certoux အသင်းရဲ့ ဥက္ကဌ David Bedert ထံ အဆိုပါ ဟာသသဘော ဖော်ပြခဲ့တဲ့ ကိစ္စနဲ့ ပက်သက်ပြီး သတင်းသွားယူခဲ့ပါတယ်။ ကြေညာထားသလို သောကြာနေ့မှာ ဘလွန်းဒီအော့ဆု ဒုတိယဆုရှင်ကို လက်မှတ်ထိုးမလားလို့ မေးမြန်းခဲ့တာပါ။

ကလပ်ဥက္ကဌက “ ကျနော်တို့ ဝက်ရုပ်စုဗူးကို ဖောက်ရပါဦးမယ်။ ဒါပေမယ့် တရားဝင် ကြေညာချက်တွေကို လုပ်ဖို့တော့ သောကြာနေ့ထိ စောင့်ဖို့ လိုပါတယ်။ ကျနေ်ာတို့ရဲ့ လူသစ်ခေါ်ယူမှု ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဘောလုံးပွဲတွေ ရပ်နားထားချိန်မှာ ကစားသမားတစ်ဦးက အခြားကလပ် တစ်သင်းရဲ့ အသုံးအဆောင်နဲ့ ကွင်းတွေကို အသုံးပြုတာက ပုံမှန်အားဖြင့် လုပ်နေကျတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လီဗာပူးကစားသမားတွေဖြစ်တဲ့ လယ်လာနာနဲ့ မာနေးတို့ကလည်း ရာသီကြို မတိုင်ခင်မှာ အခြားသော အသင်းတွေကို ကြံ့ခိုင်မှု လေ့ကျင့်ဖို့ အသုံးပြုခဲ့ကြဖူးပါတယ်။

ဗန်ဒိုက်လို ကစားသမားက သူတို့ရဲ့ ကွင်းကို လေ့ကျင့်ဖို့ ခွင့်တောင်းပြီး ဝင်ရောက် လေ့ကျင့်ခဲ့တာက ဆွစ်ကလပ်အတွက်တော့ အတော်လေး ဂုဏ်ယူစရာကိစ္စ ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴး ဗာဂ်ယ္ ဗန္ဒိုက္ဟာ ရာသီၾကိဳ ေလ့က်င့္ေရးအျဖစ္ ျပင္သစ္က Evian ကိုသြားမယ့္ ခရီးစဥ္အတြက္ လီဗာပူးနဲ႔ ပူးေပါင္းမႈ မလုပ္ခင္မွာပဲ ဆြစ္ဇလန္မွာ တစ္ဦးတည္း ေလ့က်င့္ေရး လုပ္ေနပါတယ္။

ဗန္ဒိုက္က ဆြစ္ဇလန္က ဆဥၥမတန္းလိဂ္က FC Perly-Certoux ဆိုတဲ့ ကလပ္ရဲ႕ ကြင္းမွာ ေလ့က်င့္ေရး ဆင္းေနခဲ့တာပါ။ ဒါကိုေတ့ အဆိုပါကလပ္ကပဲ FC Perly-Certoux အသင္းရဲ႕ ေနာက္ထပ္ လက္မွတ္ထိုမႈ ျဖစ္လာမယ့္သူလားဆိုျပီး ဗန္ဒိုက္ ေလ့က်င့္ေရး ဆင္းေနတဲ့ ဗီဒီယိုကို လူမႈကြန္ယက္မွာ အရႊန္းေဖာက္ျပီး တင္ခဲ့တာျဖစ္တယ္။

ဆြစ္ဇလန္ အားကစားသတင္းဌာနေတြကလည္း FC Perly-Certoux အသင္းရဲ႕ ဥကၠဌ David Bedert ထံ အဆိုပါ ဟာသသေဘာ ေဖာ္ျပခဲ့တဲ့ ကိစၥနဲ႔ ပက္သက္ျပီး သတင္းသြားယူခဲ့ပါတယ္။ ေၾကညာထားသလို ေသာၾကာေန႔မွာ ဘလြန္းဒီေအာ့ဆု ဒုတိယဆုရွင္ကို လက္မွတ္ထိုးမလားလို႔ ေမးျမန္းခဲ့တာပါ။

ကလပ္ဥကၠဌက “ က်ေနာ္တို႔ ဝက္ရုပ္စုဗူးကို ေဖာက္ရပါဦးမယ္။ ဒါေပမယ့္ တရားဝင္ ေၾကညာခ်က္ေတြကို လုပ္ဖို႔ေတာ့ ေသာၾကာေန႔ထိ ေစာင့္ဖို႔ လိုပါတယ္။ က်ေန္ာတို႔ရဲ႕ လူသစ္ေခၚယူမႈ ျဖစ္လာဖို႔လည္း ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ေဘာလံုးပြဲေတြ ရပ္နားထားခ်ိန္မွာ ကစားသမားတစ္ဦးက အျခားကလပ္ တစ္သင္းရဲ႕ အသံုးအေဆာင္နဲ႔ ကြင္းေတြကို အသံုးျပဳတာက ပံုမွန္အားျဖင့္ လုပ္ေနက်ေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ လီဗာပူးကစားသမားေတြျဖစ္တဲ့ လယ္လာနာနဲ႔ မာေနးတို႔ကလည္း ရာသီၾကိဳ မတိုင္ခင္မွာ အျခားေသာ အသင္းေတြကို ၾကံ႔ခိုင္မႈ ေလ့က်င့္ဖို႔ အသံုးျပဳခဲ့ၾကဖူးပါတယ္။

ဗန္ဒိုက္လို ကစားသမားက သူတို႔ရဲ႕ ကြင္းကို ေလ့က်င့္ဖို႔ ခြင့္ေတာင္းျပီး ဝင္ေရာက္ ေလ့က်င့္ခဲ့တာက ဆြစ္ကလပ္အတြက္ေတာ့ အေတာ္ေလး ဂုဏ္ယူစရာကိစၥ ျဖစ္ခဲ့ရတာျဖစ္ပါတယ္။